အသင်းအတွက် ဂိုးပေါင်း ၅၀ ပြည့်မြောက်ခဲ့သူဖြစ်ပါတယ်။

ရက်ရှ်ဖို့ဒ်ကတော့ ယူနိုက်တက်အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့တဲ့ ကစားသမားဖြစ်ပြီး အသင်းအတွက် ၅ရာသီမြောက် ကစားပေးနေခဲ့တာဖြစ်ပါတယ်။


နော်ဝှစ်ချ်ကို အနိုင်ရရှိခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသင်းအတွက် အနိုင်ဂိုးတစ်ဂိုးသွင်းယူပေးခဲ့ပြီးနောက် ယူနိုက်တက်တိုက်စစ်မှူးရက်ရှ်ဖို့ဒ်ရဲ့ အိုးထရက်ဖို့ဒ်ကစားသမားဘဝသွင်းဂိုးက ၅၀ ပြည့်မြောက်သွားခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ်ကတော့ ယူနိုက်တက်အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့တဲ့ ကစားသမားဖြစ်ပြီး အသင်းအတွက် ၅ရာသီမြောက် ကစားပေးနေခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်လက်ရွေးစင်ကစားသမားဟာ အဆိုပါပွဲမှာ ပင်နယ်တီလွဲချော်ခဲ့ပေမယ့်လည်း မကြာခင်မှာပဲ အနိုင်ဂိုးတစ်ဂိုးကို သွင်းယူခဲ့ပြီး အခုလိုမှတ်တမ်းကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ ဒီအတွက်လည်း ရက်ရှ်ဖို့ဒ်က သူ့ရဲ့တွစ်တာပေါ်ကနေ အရမ်းဂုဏ်ယူမိတယ်လို့ ရေးသားပြောဆိုမှုတွေကို ပြုလုပ်ခဲ့ပြီး မာရှယ်ရဲ့ သွင်းဂိုးအတွက်လည်း ပျော်ရွှင်မိတယ်လို့ ပြောဆိုခဲ့ပါတယ်။



ရက်ရှ်ဖို့ဒ်အနေနဲ့ သွင်းဂိုး ၅၀ ပြည့်မြောက်ခဲ့အပြီးမှာ တိုက်စစ်မှူးရော်နယ်ဒိုရဲ့ ဂိုးသွင်းမှတ်တမ်းတစ်ခုထက် အနည်းငယ်သာလွန်နေခဲ့ပါတယ်။ ရက်ရှ်ဖို့်ဟာ ယူနိုက်တက်အတွက် ၁၈၃ ပွဲကစားပေးခဲ့ပြီး ဂိုး ၅၀ ပြည့်မြောက်ခဲ့ကာ ရော်နယ်ဒိုကတော့ ဂိုး ၅၀ ပြည့်မြောက်ဖို့အတွက် ၁၈၈ ပွဲအထိ ကစားခဲ့ရတယ်လို့ Opta ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ရော်နယ်ဒိုအနေနဲ့ ယူနိုက်တက်ကစားသမားဘ၀ ပထမဆုံးဘောလုံးရာသီ ၄ ရာသီမှာ ဂိုးအများဆုံးသွင်းနိုင်ခဲ့တဲ့ရာသီက ၁၂ ဂိုးသာရှိခဲ့ပြီး ရက်ရှ်ဖို့ဒ်ကတော့ ၁၃ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ်အတွက်တော့ သူအားကျအတုယူရတဲ့ ကစားသမားတစ်ဦးရဲ့ ကလပ်အသင်းမှတ်တမ်းတစ်ခုထက် သာလွန်ခဲ့မှုက ကျေနပ်ဂုဏ်ယူစရာလည်း ဖြစ်လာခဲ့ရပါတယ်။

Share

Loading Next Article...
က္က