ချီလီနီအနေနဲ့ ရော်နယ်ဒိုက ဒီမတိုင်ခင် သူ့ရဲ့ အိပ်မက်တွေကို အကြိမ်ကြိမ်ရိုက်ချိုးခဲ့သူ ဖြစ်ပြီး တူရင်၊ မက်ဒရစ်၊ ကာဒစ် မြေတွေမှာ ရော်နယ်ဒိုကြောင့် ရှုံးနိမ့်ခဲ့ဖူးသူပါ။
ရော်နယ်ဒို ရောက်မလာခင်က ဂျူဗင်တပ်အသင်းအနေနဲ့ ဒီနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ဖို့ အဆင်သင့်မဖြစ်သေးပဲ သူရောက်လာမှသာ ချန်ပီယံဖြစ်ဖို့ အဆင်သင့်ဖြစ်လာတယ်လို့ နောက်ခံလူ ချီလီနီက ဝန်ခံပြောခဲ့ပါတယ်။
ဒါ့အပြင် ရော်နယ်ဒိုအနေနဲ့ ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့လာလိမ့်မယ်လို့လည်း မူလက မယုံကြည်ခဲ့ကြောင်း ချီလီနီက ပြောခဲ့တယ်လို့ BBC SPORTS သတင်းဌာနက ဖော်ပြချက် အရသိရပါတယ်။
“ရော်နယ်ဒိုက ကျွန်တော်တို့နဲ့ တွေ့တိုင်း ကြိမ်ဖန်များစွာ ဂိုးတွေသွင်းခဲ့သလို ကျွန်တော့် အိမ်မက်တွေကိုလည်း အကြိမ်ကြိမ် ရိုက်ချိုးခဲ့ဖူးသူပါ။ကာဒစ်၊မက်ဒရစ်၊တူရင် အကြိမ်ကြိမ်ပါပဲ၊အရင်က ကျွန်တာ် ချန်ပီယံလိဂ်ဖလားကို စိတ်မကူးခဲ့တော့ပါဘူး၊အခုတော့ ရော်နယ်ဒိုရောက်လာပြီဆိုတော့ စိတ်ကူးလို့ ရပါပြီ။ အကြောင်းကတော့ သူက ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်လို့ပါပဲ၊ကျွန်တော်တို့ အားလုံး နောက်တစ် ဆင့်တက်ဖို့ ရော်နယ်ဒိုကို လိုအပ်ပါတယ်” လို့ ချီလီနီက ပြောခဲ့တာပါ။
ရော်နယ်ဒိုအနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၈ ဇူလိုင်လကတည်းက ဂျူဗင်တပ်ကို ရောက်ရှိလာခဲ့တာ ဖြစ်ပြီး အသင်း အတွက် လိဂ်ပွဲ ၁၉ ပွဲကစားပေးအပြီး ၁၄ ဂိုးသွင်းယူပေးထားနိုင်သူပါ။
“ပုဂ္ဂိုလ်ရေးအရဆိုရင်လည်း သူက အရမ်းကို ထူခြားလွန်းပါတယ်။ကွင်းတွင်းသာမက ကွင်းပြင်ပမှာသူ့ရဲ့ နေထိုင်မှု၊တွေးခေါ်မှုတွေကအစ ထူးခြားလွန်းပါတယ်။အသင်းလည်း သူ့ကြောင့် အများကြီး ပြောင်းလဲသွားပါတယ်။” လို့ အသက် ၃၄ နှစ်အရွယ် ချီလီနီက BBC SPORTS သတင်းဌာနကို ပြောခဲ့တယ်လို့ ဆိုပါတယ်။
လာမယ့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာတော့ စပိန်ကလပ် အက်သလက်တီကို မက်ဒရစ်အသင်းနဲ့ တွေ့ဆုံ နေပြီး ရော်နယ်ဒို နှစ်စဉ်နှစ်တိုင်း ရင်ဆိုင်နေရတဲ့ အသင်းလည်း ဖြစ်ပါတယ်။