ရီးရဲအသင်းကတော့ ရော်နယ်ဒို ၉ နှစ်ကြာကစားခဲ့မှုနဲ့အတူ လူမှုကွန်ရက်မှာ ဖော်လိုအာ ၇၇.၆ သန်းနဲ့ အများဆုံး ရပ်တည်နေပါတယ်။
ကမ္ဘာကျော် ဘောလုံးသမား ခရစ္စတီယာနို ရော်နယ်ဒိုကတော့ ဂျူဗင်တပ်အသင်းကို မနှစ်က စတင်ရောက်ရှိခဲ့ ပြီး အသင်းနဲ့အတူ စီးရီးအေဖလားနဲ့ အီတလီစူပါဖလားတို့ကို ဆွတ်ခူးခဲ့ပါတယ်။
ရော်နယ်ဒို ရောက်ရှိလာမှုနဲ့အတူ အသင်းပရိသတ် အရေအတွက်လည်း တိုးမြင့်လာခဲ့ပြီး လူမှုကွန်ရက် မှာ ဖောလိုးလုပ်သူ သန်း ၂၀ ထိ တိုးမြင့်လာတယ်လို့ Daily Mail ရဲ့ ဖော်ပြချက်အရ သိရပါ တယ်။
ရော်နယ်ဒို ရောက်လာမှုကြောင့် ပရိသတ် ၁၀ သန်း ထိ တိုးမြှင့်လာမယ်လို့ ဂျူဗင်တပ်အသင်းက မျှော်လင့် ထားပေမယ့်လည်း လက်တွေ့မှာတော့ ၂ဆကျော်ထိ မြင့်တက်လာခဲ့ကာ ၃၁.၁သန်းထိ မြင့်တက်လာခဲ့ပါ တယ်။
ရီးရဲမက်ဒရစ်အသင်းကတော့ ရော်နယ်ဒို ၉ နှစ်ကြာ ကစားခဲ့မှုနဲ့အတူ လူမှုကွန်ရက်မှာဖော်လိုအာ အများဆုံး ဖြစ်ပြီး ၇၇.၆သန်းထိ မြင့်မားစွာ ရပ်တည်နေတာပါ။
ဒုတိယနေရာမှာတော့ ဘာစီလိုနာအသင်းက ၇၆.၇ သန်းနဲ့ ရပ်တည်နေပြီး တတိယနေရာမှာတော့ ဂျူဗင်တပ် အသင်းက မန်ချက်စတာ ယူနိုက်ကတ်အသင်းထက် ဝ.၁ ပိုမိုသာလွန်ပြီး ရပ်တည်နိုင်ခဲ့ပါပြီ။