လှောင်ပြောင်ခံရမှုတွေကို ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဂရီလစ်ရှ်ကတော့ အက်စတွန်ဗီလာအကယ်ဒမီကနေ ထွက်ပေါ်လာခဲ့သူာဖြစ်ပြီး အသင်းကိုတန်းတက်နိုင်အောင် ကူညီပေးခဲ့သလို ပရီးမီးယားလိဂ်မှာ တင်ကျန်ရစ်နေဖို့အတွက်လည်း ခြေစွမ်းပြကစားပေးနေသူဖြစ်ပါတယ်။


ဘောလုံးပွဲတွေပြန်လည်စတင်ချိန်မှာ သူ့အတွက်တော့ ပြိုင်ဘက်ပရိသတ်တွေရဲ့ ပစ်မှတ်ထားတိုက်ခိုက်ခံရတဲ့ ခံစားချက်ကို သတိရမိနေလိမ့်မယ်လို့ အက်စတွန်ဗီလာအသင်းခေါင်ဆောင်ဂရီလစ်ရှ်က ပြောဆိုလိုက်ပါတယ်။ ဂရီလစ်ရှ်က သူ့အနေနဲ့ ပြိုင်ဘက်ပရိသတ်တွေရဲ့ လှောင်ပြောင်မှုတွေကို ရော်နယ်ဒိုလိုမျိုး ကျော်ဖြတ်နေခဲ့တယ်လို့လည်း ဝန်ခံခဲ့ပါတယ်။ 

ဂရီလစ်ရှ်ကတော့ အက်စတွန်ဗီလာအကယ်ဒမီကနေ ထွက်ပေါ်လာခဲ့သူာဖြစ်ပြီး အသင်းကိုတန်းတက်နိုင်အောင် ကူညီပေးခဲ့သလို ပရီးမီးယားလိဂ်မှာ တင်ကျန်ရစ်နေဖို့အတွက်လည်း ခြေစွမ်းပြကစားပေးနေသူဖြစ်ပါတယ်။ လက်ရှိမှာတော့ အဆင့် ၁၉ နေရာမှာ ရပ်တည်နေရပြီး ပွဲကျန်တစ်ပွဲကစားရဖို့ရှိနေသေးလို့ ဗီလာအတွက်တော့ မျှော်လင့်ချက်ရှိနေသေးတာလည်းဖြစ်ပါတယ်။ 

ဂရီလစ်ရှ်က ပရိသတ်တွေရဲ့ လှောင်ပြောင်ခံရမှုနဲ့ ပတ်သက်ပြီး "အားလုံးကို ကျွန်တော်ချစ်ပါတယ်၊ ကျွန်တော့်ကိုအားပေးတဲ့ ပရိသတ်တွေကိုရော၊ ပစ်မှတ်ထားလှောင်ပြောင်နေသူတွေအားလုံးပါ၊ ကျွန်တော်ကလေးဘဝတုန်းက အဖြစ်အပျက်တစ်ခုကို အမြဲတမ်းသတိရမိပါတယ်၊ ကျွန်တော်က သူ့လိုအဆင့်မျိုးကို ဘယ်နေရာမှာမှ မရောက်သေးဘူးဆိုတာတော့ ပြောချင်ပါတယ်"

"ရော်နယ်ဒိုက ယူနိုက်တက်နဲ့အတူ ဗီလာကို ရင်ဆိုင်ဖို့အတွက် ဗီလာပတ်ခ်ကို ရောက်ခဲ့ပါတယ်၊ ပရိသတ်တွေက သူ့ကိုပစ်မှတ်ထားပြီး အော်ဟစ်တိုက်ခိုက်ခဲ့ပေမယ့် သူက အဲဒါကို ခွန်အားအဖြစ်အသုံးချသွားခဲ့ပါတယ်၊ ကျွန်တော်လည်း အဲဒီလိုမျိုးပြုလုပ်နိုင်ဖို့ ကြိုးစားနေခဲ့တာပါ၊ ပရိသတ်တွေရဲ့ မုန်းတီးမှုကို ချေဖျက်နိုင်ဖို့ ကျွန်တာ်ကြိုးစားနေခဲ့ပါတယ်" လို့ ဂရီလစ်ရှ်က ပြောဆိုသွားခဲ့ကြောင်း Mirror က ဖော်ပြခဲ့ပါတယ်။ 

ရော်နယ်ဒိုကတော့ ကစားသမားဘဝမှာ ပြိုင်ဘက်အသင်းပရိသတ်တွေရဲ့ လှောင်ပြောင်မှုတွေကို အမြဲတစေရင်ဆိုင်နေခဲ့ရသူဖြစ်ပါတယ်။ ဒါပေမယ့် ကွင်းအတွင်းမှာတော့ ရော်နယ်ဒိုက အကောင်းဆုံးခြေစွမ်းတွေကို ပြသကာ လှောင်ပြောင်မှုတွေကို ကျော်ဖြတ်ပြခဲ့ပြီး အဆိုပါအဖြစ်အပျက်တွေကို သူ့အတွက် ခွန်အားအဖြစ်ပြောင်းလဲအသုံးချခဲ့တယ်လို့လည်း ဝန်ခံခဲ့ဖူးသူဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က