ရော်နယ်ဒိုကတော့ ယူနိုက်တက်မှာ (၆)နှစ်ကြာ ကစားပေးခဲ့သူ ဖြစ်ပြီး ပြိုင်ပွဲစုံ(၂၉၂)ပွဲမှာ (၁၁၈)ဂိုးအထိ သွင်းယူပေးခဲ့ပြီး အောင်မြင်မှုအများအပြားရရှိခဲ့သူလည်း ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းရဲ့ ကစားသမားဟောင်း ရော်နယ်ဒိုကို ပြန်လည်ခေါ်ယူဖို့အတွက် ကြိုးစားသွားတော့မှာ ဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဂျူဗင်တပ်စ်အသင်းကို ဒီနှစ်ရာသီအစကမှ ပြောင်းရွှေ့ခဲ့ပြီးနောက် အသင်းအတွက် ခြေစွမ်းပြ ကစားပေးနေတဲ့ ရော်နယ်ဒိုကို ယူနိုက်တက်ဘက်က အံ့အားသင့်ဖွယ်ရာ ချဉ်းကပ်လာတာလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ အက်သလက်တီကိုမက်ဒရစ်အသင်းကို အရေးနိမ့်ခဲ့ပြီးနောက် ရော်နယ်ဒို နဲ့ ဂျူဗီတို့ကြားမှာ အနည်းငယ်ပြသနာရှိလာတယ်လို့ သိရပါတယ်။ Don Balon ရဲ့ ဖော်ပြချက်အရဆိုရင်တော့ ရော်နယ်ဒိုကို ယူရိုသန်း ၁၀၀ထက်မနည်း ပေးချေပြီး ခေါ်ယူမယ်ဆိုရင် အရခေါ်ယူနိုင်လိမ့်မယ်လို့ ယူနိုက်တက်ဘက်က ယုံကြည်နေကြောင်း သိရပါတယ်။
တကယ်လို့သာ ရော်နယ်ဒိုကို ခေါ်ယူဖို့အတွက် ယူနိုက်တက်ဘက်ကသာ ကြိုးစားခဲ့မယ်ဆိုရင် အသင်းနဲ့ ဆက်ဆံရေးကောင်းတွေရှိနေတဲ့ စပွန်ဆာကုမ္ပဏီတွေကလည်း ထောက်ပံ့မှုတွေ ပြုလုပ်ပေးသွားဖို့ရှိနေတယ်လို့လည်း သိရပါတယ်။ ယူနိုက်တက်အတွက်လည်း အဝတ်လဲခန်းအတွင်းမှာ အသင်းကို အကောင်းဆုံးဦးဆောင်ပေးနိုင်မယ့် ကစားသမားတစ်ဥိးလိုအပ်နေပြိး ရော်နယ်ဒိုက အဆိုပါနေရာနဲ့ အသင့်တော်ဆုံးကစားသမားဖြစ်တယ်လို့လည်း Sportdkeeda က ရေးသားဖော်ပြခဲ့ပါတယ်။
အခြားသော ဆက်စပ်သတင်းများအရ ယူနိုက်တက်အနေနဲ့ လာမယ့်နွေရာသီမှာ အသင်းကနေ ကစားသမား (၄)ဦးအထိ ပြန်လည်ရောင်းထုတ်သွားဖို့ ရှိတယ်လု့ိလည်း သိရပါတယ်။ Sky Sports မှာ ဘောလုံးပွဲခန့်မှန်းသူ ပြုလုပ်နေတဲ့ ချာလီနစ်ကိုးလပ်စ်ရဲ့ ပြောဆိုချက်အရ ယူနိုက်တက်ဘက်က လူကာကူ၊ ဆန်းချက်ဇ်၊ ဘိုင်ယီ နဲ့ ရိုဟိုတို့ကို ရောင်းထုတ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
ရော်နယ်ဒို နဲ့ ယူနိုက်တက်တို့ရဲ့ သတင်းကတော့ အပြောင်းအရွှေ့ရာသီတိုင်းမှာ ကြားနေရတဲ့ သတင်းတစ်ပုဒ်လည်း ဖြစ်ပါတယ်။ အခုတစ်ကြိမ်မှာလည်း ရော်နယ်ဒိုနဲ့ ပတ်သက်ပြီးတော့ နောက်ထပ်တစ်ကြိမ် သတင်းတွေက ထွက်ပေါ်လာခဲ့ပြန်ပါပြီ။ အရင်သတင်းများလိုပဲ ကောလဟာလ အဆင့်နဲ့ပဲပြီးဆုံးသွားမလား၊ တကယ်ပဲ ဖြစ်လာမလားဆိုတာကိုတော့..။