ရီးရဲလ်အနေနဲ့ ရေရှည်အသုံးပြုလို့ရမယ့် ကစားသမားလည်းဖြစ်၊ ခြေစွမ်းပိုင်းလည်းထက်မြက်တဲ့ ဘာပေကိုသာ များပြားတဲ့ပြောင်းရွှေ့ကြေးပမာဏပေးချေကာ ခေါ်ယူသွားဖို့ကိုပဲ ဦးစားပေးသွားမယ်လို့ စပိန်သတင်းတွေက ဖော်ပြခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ တိုက်စစ်မှူးဟောင်းရော်နယ်ဒိုကို ပြန်လည်ခေါ်ယူနိုင်ဖွယ်ရှိတယ်လို့ သတင်းတွေထွက်နေခဲ့ပေမယ့် ဘာနေဗျူးကလပ်ဟာ ရော်နယ်ဒိုထက် ပီအက်စ်ဂျီတိုက်စစ်မှူးဘာပေကိုသာ ခေါ်ယူဖို့ ဆန္ဒရှိနေပါတယ်။ လက်ရှိမှာ ဂျူဗီက ရော်နယ်ဒိုကို ပေါင်သန်း ၅ဝနဲ့ ပြန်လည်ရောင်းချချင်တယ်လို့ သတင်းတွေထွက်နေတာဖြစ်ပါတယ်။
ရီးရဲလ်အနေနဲ့ ရေရှည်အသုံးပြုလို့ရမယ့် ကစားသမားလည်းဖြစ်၊ ခြေစွမ်းပိုင်းလည်းထက်မြက်တဲ့ ဘာပေကိုသာ များပြားတဲ့ပြောင်းရွှေ့ကြေးပမာဏပေးချေကာ ခေါ်ယူသွားဖို့ကိုပဲ ဦးစားပေးသွားမယ်လို့ စပိန်သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ရီးရဲလ်ကနေ ၂၀၁၈ မှာ ထွက်ခွာခဲ့သူဖြစ်ပြီး အသင်းရဲ့ ဂန္ထဝင်ကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။
ရော်နယ်ဒိုထွက်ခွာခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ်ဟာ ဆုဖလားလက်မဲ့ရာသီကို ရင်ဆိုင်ခဲ့ရပြီး တိုက်စစ်ပိုင်းကလည်း အခက်အခဲတွေအများကြီးရှိနေခဲ့ပါတယ်။ ဘန်ဇီမာတစ်ဦးတည်းကိုသာ အားကိုးနေခဲ့ရပြီး အသစ်ခေါ်ယူထားတဲ့ ဟာဇက် နဲ့ လူကာဂျိုဗစ်တို့ ခြေစွမ်းမပြနိုင်ခဲ့တာကြောင့် ဇီဒန်းအတွက်လည်း တိုက်စစ်ပိုင်းပြသနာကို ရင်ဆိုင်ခဲ့ရပါတယ်။
ဘာပေကတော့ နည်းပြဇီဒန်းရဲ့ အဓိကပစ်မှတ်တစ်ဦးဖြစ်ပြီး ဘာပေကိုယ်တိုင်ကလည်း ပြင်သစ်ဂန္ထဝင်ကစားသမားဟောင်းအပေါ်မှာ လေးစားမှုအပြည့်အဝရှိခဲ့သူဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဘာပေက ပီအက်စ်ဂျီအတွက် ခြေစွမ်းပြနေပြီး ၂၀၂၂ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပေမယ့် ရီးရဲလ်ကသာ အမှန်တကယ်ကမ်းလှမ်းခဲ့မယ်ဆိုရင်တော့ ကစားသမားရဲ့ဆန္ဒကအဆုံးအဖြတ်ဖြစ်လာမှာပါ။
ပီအက်စ်ဂျီကတော့ နေမာကို ဘာစီလိုနာ၊ ဘာပေကို ရီးရဲလ်တို့က ခေါ်ယူလိုမှုနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ ၀ါရင့်တိုက်စစ်မှူးကာဗာနီကလည်း အသင်းကထွက်ခွာဖို့နီးစပ်နေလို့ တိုက်စစ်မှူးတွေကို ထိန်းသိမ်းရဖို့ကို အလေးထားကြိုးစားရတော့မှာလည်းဖြစ်ပါတယ်။