၀က်ဖို့ဒ်နဲ့ပွဲမှာ တိုက်စစ်မှူးနေရာ ဝင်ရောက်ကစားပေးခဲ့လို့ပါ။

တိုက်စစ်မှူးနေရာကို ဝင်ရောက်ကစားရမယ့် သူ့ကို ရော်နယ်ဒို (သို့) ဖာမီနိုလို့ ခေါ်ဝေါ်ကြဖို့လည်း အသင်းဖော်တွေကို နောက်ပြောင်ပြောကြားခဲ့တယ်လို့ မာနေးက ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

ဝက်ဖို့ဒ်နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ တိုက်စစ်မှူးနေရာကို ပါဝင်ကစားခဲ့ပြီး ခြေစွမ်းပြဂိုးသွင်းနိုင်ခဲ့တဲ့ လီဗာပူးလ်တိုက်စစ်ကစားသမား ဆာဒီယိုမာနေးက သူ့အနေနဲ့ နောက်ထပ်လည်း အလားတူနေရာမျိုးမှာ ကစားဖို့ အသင့်ဖြစ်နေပြီလို့ ပြောကြားသွားခဲ့ပါတယ်။ ဖာမီနို ဒဏ်ရာရရှိနေခဲ့လို့ မာနေးဟာ တိုက်စစ်မှူးနေရာမှာ ဝင်ရောက်ကစားခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။



ဒါ့အပြင် မာနေးက ယာဂင်ကလော့ပ်ရဲ့ ညွှန်ကြားချက်ကို ရရှိအပြီးမှာ အံ့အားသင့်ခဲ့ရတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပြီး တိုက်စစ်မှူးနေရာကို ဝင်ရောက်ကစားရမယ့် သူ့ကို ရော်နယ်ဒို (သို့) ဖာမီနိုလို့ ခေါ်ဝေါ်ကြဖို့လည်း အသင်းဖော်တွေကို နောက်ပြောင်ပြောကြားခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

"အရိုးသားဆုံးပြောရရင် ကျွန်တော် အရမ်းအံ့အားသင့်ခဲ့ရပါတယ်၊ တိုက်စစ်မှူးနေရာမှာ ကျွန်တော် ဘယ်တုန်းကမှ မကစားခဲ့ဖူးပါဘူး၊ ကျွန်တော် တော်တော်လေးလည်း ထိတ်လန့်ရင်ဖိုခဲ့ရပါတယ်၊ ဝက်ဖို့ဒ်နဲ့ပွဲမတိုင်ခင်မှာ နည်းပြက ကျွန်တော့်ကိုခေါ်ပြီး ငါတို့ အပြောင်းအလဲနည်းနည်းတော့ လုပ်ရလိမ့်မယ်၊ ဆာဒီယို မင်း No.9 နေရာမှာ ကစားရမယ်လို့ ပြောခဲ့ပါတယ်"

"ကျွန်တော် အိုး ခနဲ ဖြစ်သွားခဲ့ပါတယ်၊ ကျွန်တော် ရယ်မောပြီးတော့ အသင်းဖော်တွေကို ပြောခဲ့ပါသေးတယ်၊ ငါတို့က အသင်းတစ်သင်းဖြစ်နေတယ်၊ ဒါကြောင့် င့ါအပေါ် မင်းတို့ ယုံကြည်ရလိမ့်မယ်လို့ ပြောခဲ့တာပါ၊ သူတို့က ကျွန်တော်ပြောပြီးချိန်မှာ ဝိုင်းရယ်ခဲ့ကြတယ်၊ ဒါပေမယ့် ကျွန်တော်ကတော့ ပြောစရာရှိတာ ဆက်ပြောခဲ့ပါတယ်"

"ဒီနေ့တော့ ငါ့ကို ရော်နယ်ဒို ဒါမှမဟုတ် ဖာမီနိုလို့ ခေါ်ကြဆိုပြီး ကျွန်တော် ဆက်ပြောခဲ့တာပါ၊ ဝိုင်နယ်ဒမ်က မင်း ဂိုးသွင်းနိုင်လိမ့်မယ်၊ တကယ်လို့ မင်း ဂိုးသွင်းနိုင်ခဲ့ရင်တော့ ငါတို့ မင်းကို ရော်နယ်ဒိုလို့ ခေါ်မယ်၊ တကယ်လို့ မင်းဂိုးမသွင်းနိုင်ရင်တော့ မင်းက အလကားကောင်ပဲလို့ ကျွန်တော့်ကို ပြန်နောက်ပြန်ခဲ့ပါသေးတယ်"

"ကံကောင်းထောက်မစွာနဲ့ ကျွန်တော် ဂိုးသွင်းနိုင်ခဲ့ပါတယ်၊ ဘယ်အစွန်၊ ညာအစွန်မှာ ကစားရတာကို ကျွန်တော် ပိုပြီးတေ့ာ ပျော်ရွှင်တာပါ၊ ဒါပေမယ့် တကယ်လို့ တိုက်စစ်မှူးနေရာလိုအပ်နေလို့ နည်းပြက ကစားခိုင်းရင်တော့ ကျွန်တော် ကြိုးစားကစားသွားမှာပါ" လို့ မာနေးက ပြောဆိုခဲ့တယ်လို့ Sky Sports က ဖော်ပြခဲ့ပါတယ်။ လီဗာပူးလ်ကတော့ ဒီတစ်ပတ်မှာ ပရီးမီးယားလိဂ်ပွဲအဖြစ် အဲဗာတန် နဲ့ မာဆေးဆိုက်ဒါဘီပွဲကို ကစားရမှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က