လက်ရှိ တွဲကစားနေတဲ့ မက်ဆီက ၁၅ နှစ်တာကာလအတွင်းအကောင်းဆုံးဆိုပေမယ့် ရော်နယ်ဒိုလို ကစားသမား မျိုးနဲ့လည်း တွဲကစားခွင့်ရချင်သေးတယ်လို့ ဆိုလာတာပါ။

ဘာစီလိုနာအသင်းမှာ အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီနဲ့ ကစားခွင့်ရနေတဲ့ ခရိုအေးရှားကွင်းလယ်လူ ရာကီတစ်က သူ့အနေနဲ့ တချိန်က အဓိက ပြိုင်ဖက် ရော်နယ်ဒိုနဲ့ အတူတွဲကစားဖို့ ဆန္ဒရှိသေးတယ်လို့ထုတ်ဖော် ပြောလာတဲ့အကြောင်း Goal.comက ဖော်ပြလာပါတယ်။
နူးကမ့်မှာ အနာဂတ် မသေချာ ဖြစ်နေတဲ့ ရာကီတစ်ကတော့ သူ့အနေနဲ့ ရော်နယ်ဒိုနဲ့အတူ ဂျူဗင်တပ်မှာ အတူတွဲ ကစားခွင့်ရချင်သေးတယ်လို့ ပြောလာတာပါ။
ဒီဇန်နဝါရီစျေးကွက်တုန်းကဆိုရင်လည်း ရာကီတစ်ကို စီးရီးအေ အသင်းတွေ ဖြစ်တဲ့ ဂျူဗင်တပ်နဲ့ အင်တာတို့အ ပြင် ပရီးမီးယားလိဂ်ကလပ် ယူနိုက်တက် အသင်းတို့ ကမ်းလှမ်းမှုတွေ ရှိခဲ့ပါသေးတယ်။
အလားတူပဲ ပီအက်စ်ဂျီကိုလည်း ရောက်သွားဖို့ များနေပြီး နေမာ ဘာစီလိုနာပြန်လာဖို့ အပြောင်းအရွှေ့ထဲမှာ ပါဝင်သွားဖွယ်လည်း ရှိနေတာကြောင့်ပါ။

ဒါပေမယ့် ရာကီတစ်ကတော့ Bleacher Report Football ရဲ့ အမေးအဖြေမှာတော့ - “ ရော်နယ်ဒိုနဲ့ သေချာ ပေါက် တွဲကစားခွင့်ရချင်ပါတယ်၊သူလည်း ကမ္ဘာ့ဘောလုံးသမိုင်းထဲက အကောင်းဆုံး ကစားသမားစာရင်းဝင် တစ်ဦးလေ။သူ ဂျူဗင်တပ်အသင်းမှာ အကောင်းဆုံး ကစားနေနိုင်တာ မြင်ရရင်ပဲ ပျော်ရွှင်နေမိတာကိုက အမြင် ပဲလေ။”လို့ ရာကီတစ်က ဖြေခဲ့ပါတယ်။
ဆက်လက်ပြီးတော့လည်း လက်ရှိ ဘာစီလိုနာမှာ အတူတွဲကစားနေတဲ့ အသင်းခေါင်းဆောင် မက်ဆီကတော့ ကမ္ဘာ့အကောင်းဆုံး ကစားသမားပဲလို့ သတ်မှတ်ပြောခဲ့ပါသေးတယ်။

“ သူနဲ့ တွဲကစားခွင့်ရတာကတော့ အထူးစပယ်ရှယ်ပါပဲ။၁၅ နှစ်တာ ကာလအတွင်းမှာသူသာ အကောင်းဆုံး ကစားသမားပါပဲ။”လို့ ရာကီတစ်က တင်စားခဲ့တာပါ။
ရာကီတစ်အနေနဲ့ ဘရာဇီး တိုက်စစ်မှူး နေမာကိုလည်း အသင်းကို ပြန်လာစေချင်ပြီး အကောင်းဆုံးအရာကို ဆုံးဖြတ်စေချင်တယ်လို့ ပြောလာပါသေးတယ်။
Share