အဘရုက္ခစိုးရဲ့ ပုံကို သေသေချာချာ တွေ့ခဲ့ရတယ်။

နွေးနွေးချစ်ဖွယ်ကတော့ ဘာသာရေးကို ကိုယ်တိုင် တစိုက်မတ်မတ် လုပ်လာတဲ့အချိန်မှာ ထူးခြားမှုတွေ ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။ 

အဆိုတော် နွေးနွေးချစ်ဖွယ်ကတော့ ဘုရားတရားကို တစိုက်မတ်မတ် အလေးထား ဆောင်ရွက်ရင် ရရှိလာတဲ့ အကျိုးတွေက ထူးခြားတယ်လို့ ဆိုပါတယ်။ သူမဟာ ညောင်(၁၀)ပင် အဓိဌာန်ကို ၁၅ ကြိမ် အဓိဌာန်ဝင်ခဲ့တယ်လို့လည်း Duwun Media အင်တာဗျူးကနေ ဖြေဆိုခဲ့ပါတယ်။ 



“နွေးက တစ်ခုခုဆို သေချာတွေးပြီးမှ အလုပ်လုပ်တယ်။ ပထမဦးဆုံး အဓိဌာန်ဝင်တဲ့နေ့မှာပဲ အဘရုက္ခစိုးရဲ့ အကြောင်းတွေ၊ ဗောဓိညောင်ပင်ရဲ့ အကြောင်းတွေကို နွေး သေသေချာချာ လေ့လာတယ်။ ဖေ့စ်ဘွတ်မှာ Live လွှင့်ပြီးတော့လည်း သေသေချာချာ ရှင်းပြလေ့ရှိပါတယ်။ အဓိဌာန်ဝင်တဲ့ ၈ ပတ်မြောက်ပေါ့ ညောင်ဇောက်ထိုးဆိုတဲ့ အပင်ကြီးမှာပေါ့ အဓိဌာန်ဝင်နေတဲ့အချိန် နွေးရဲ့ ဓာတ်ပုံထဲမှာ အဘရုက္ခစိုးပုံ ပေါ်လာတာ။ ဆရာတော်ဘုရားကြီးကို သွားမေးလိုက်တဲ့အချိန်မှာ ဒါ အဘရုက္ခစိုးပုံဟုတ်တယ်ဆိုတော့ ယုံကြည်စိတ်တွေက အရမ်းဖြစ်ပြီးတော့ ၂ လအတွင်း ညောင်ပင် ၁၅၀ အဓိဌာန်ဝင်ပြီးသွားပြီ” လို့ ဆိုပါတယ်။ 

ညောင်(၁၀) ပင်အဓိဌာန်ကို အနုပညာရှင်တော်တော်များများလည်း လုပ်ဆောင်နေတာ တွေ့ရပါတယ်။ ဒီအထဲမှာမှ အဆိုတော် နွေးနွေးချစ်ဖွယ်ကလည်း သူမရဲ့ အတွေ့အကြုံနဲ့ ထူးခြားလာတဲ့အရာတွေကို အခုလို ပြောပြခဲ့ပြန်ပါသေးတယ်။ 

“ နွေးက ဒါကို လုပ်တယ်ဆိုတာ ကိုယ်အလုပ်အဆင်ပြေဖို့အတွက် လုပ်တာဆိုတော့ ၈ ပင်မြောက်မှာ နွေးကို အလုပ်ကိစ္စ ဖုန်းဆက်လာတယ်။ အရမ်းဝမ်းသာသွားတယ် အခုပဲ ဆုတောင်းတယ်၊ အခုပဲ ချက်ချင်းပြည့်တယ်ပေါ့နော်။ အဘရုက္ခစိုးရဲ့ ထူးခြားချက်က ဆုတောင်းရင် မြန်တယ်။ ဘယ်ဂါထာတော်၊ ဘာတရားမဆို သူ့ဟာနဲ့သူတော့ တန်ခိုးရှိကြပါတယ်။ ဆုတောင်းတယ်ဆိုတာ လောဘ ပါလို့မရဘူး။ တကယ်ကို သဒ္ဒါစိတ်၊ မေတ္တာစိတ်တွေ ထားမှသာ ဆုတောင်းက ပြည့်မှာပါ” ဆိုပြီးတော့ မတ်လ ၂၃ ရက်နေ့က ခင်လှိုင်တို့ မိသားစုရဲ့ အလှူကို ရောက်လာရင်း ဖြေဆိုခဲ့တာပါ။ 

နွေးနွေးချစ်ဖွယ်ကိုတော့ ၂၀၀၀ ခုနှစ်ကာလ က ထွက်ရှိခဲ့တဲ့ စုံတွဲ သီချင်းအခွေတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာတာဖြစ်ပါတယ်။ အဲဒီနောက် နာမည်ကျော်လူရွှင်တော် တစ်ဦးဖြစ်တဲ့ မြို့တော် ချစ်ဖွယ်ရဲ့ သမီးဖြစ်တယ်လို့ သိလိုက်ရချိန်မှာ ပရိသတ်တွေ ပိုအားပေးလာကြတာ တွေ့ရပါတယ်။ အချစ်သီချင်းတော်တော်များများကိုလည်း သီဆိုခဲ့ထားတာ တွေ့ရပါတယ်။ သူမရဲ့ ဂီတ သက်တမ်းကတော့ ၁၀ စုနှစ်အကြာရှိပြီဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

က္က