ပွဲအရေအတွက်အားဖြင့်လည်း ၁၅ပွဲအထိပိုကစားထားတာပါ။

လီဗာပူးလ်ဂိုးသမား အလီဆင်ဟာ The Sun မီဒီယာက ထုတ်ပြန်တဲ့စစ်တမ်းအရ ဥရောပထိပ်တန်းလိဂ်ငါးခုရဲ့ ဂိုးပေါက်ကာကွယ်မှုအကောင်းဆုံးဂိုးသမားအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ The Sun ကထုတ်ပြန်ခဲ့တဲ့ အကောင်းဆုံးဂိုးသမား ကိုးဦးမှာ အလီဆင်က ထိပ်ဆုံးကရပ်တည်နိုင်ခဲ့တာပါ။

ဒီနှစ်ဘောလုံးရာသီမှာ ရိုးမားအသင်းကနေ လီဗာပူးလ်အသင်းကို ကမ္ဘာ့ကြေးအကြီးဆုံးဂိုးသမားအဖြစ် ပြောင်းရွှေ့ကြေးပေါင် ၆၇သန်းနဲ့ပြောင်းရွှေ့လာတဲ့ ဘရာဇီးဂိုးသမား အလီဆန်ကို ဥရောပထိပ်တန်းလိဂ်ငါးခုရဲ့ဂိုးပေါက်ကာကွယ်မှုအကောင်းဆုံးအဖြစ် The Sun ကရွေးချယ်ခဲ့ပါတယ်။ အလီဆင်ဟာ ပရီးမီးယားလိဂ်မှာပေးဂိုးအနည်းဆုံးဂိုးသမားဖြစ်တဲ့အပြင် ဥရောပမှာလည်း ပေးဂိုးအနည်းဆုံးဂိုးသမားအဖြစ်ရပ်တည်နေနိုင်တာပါ။ အလီဆင်ဟာ ဥရောပက တခြားဂိုးသမားတွေထက်ကာကွယ်မှုပိုလုပ်ထားနိုင်သလို ပွဲအရေအတွက်အားဖြင့်လည်း ၁၅ပွဲအထိပိုကစားထားတာပါ။

The Sun ကထုတ်ပြန်ခဲ့တဲ့ စစ်တမ်းမှာ ဥရောပထိပ်တန်းဂိုးသမား ကိုးဦးပါဝင်ပြီး အလီဆင်က ဂိုးပေါက်ကာကွယ်မှု ၈၄.၂ရာခိုင်နှုန်းနဲ့ပထမ၊ ပြင်သစ်လီဂူးကလပ် အိုစီဂျီနိုက်စ်အသင်းရဲ့အာဂျင်တီးနားဂိုးသမား ဝေါ်လ်တာဘင်နီတက်ဇ်က ၈၁.၅ရာခိုင်နှုန်းနဲ့ ဒုတိယ၊ အက်သလက်တီကိုအသင်းရဲ့ဆလိုဗေးနီးယားဂိုးသမား ယန်အိုဘလက်ခ်က ၈၀.၄ရာခိုင်နှုန်းနဲ့ တတိယနေရာတွေမှာရပ်တည်နေပါတယ်။ လီဗာပူးလ်အသင်းဟာ ဒီရာသီပရီးမီးယားလိဂ်ပွဲစဉ်(၂၁)အပြီးမှာ ပေးဂိုး ၁၀ဂိုးသာရှိထားပြီး ဂိုးမပေးရတဲ့ပွဲလည်း ၁၀ပွဲအထိရှိပါတယ်။

အသက် ၂၆နှစ်အရွယ် ဘရာဇီးဂိုးသမား အလီဆင်ဟာ နိုင်ငံလက်ရွေးစင်အသင်းအတွက်လည်း ၃၄ပွဲအထိ ကစားပေးထားသူပါ။ တတိယနေရာမှာရပ်တည်နိုင်ခဲ့တဲ့ အက်သလက်တီကိုဂိုးသမား ယန်အိုဘလက်ခ်ဟာ လီဗာပူးလ်အသင်းကခေါ်ယူဖို့ဆက်သွယ်ကမ်းလှမ်းဖူးသူပါ။ အလီဆင်အနေနဲ့ လီဗာပူးလ်နဲ့ချယ်လ်ဆီးတို့ အပြိုင်ကမ်းလှမ်းမှုမှာ လီဗာပူးလ်အသင်းကို ရွေးချယ်ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က