ဈေးကွက်ထဲ ရောက်ပြီးသားကားတွေကတော့ ၂၀၂၁ ဇူလိုင်မှာ တပ်ဆင်ရမှာပါ

လျှပ်စစ်ကားတွေဟာ ရာသီဥတုပြောင်းလဲမှုအတွက် အဖြေတစ်ခု ဖြစ်ပေမယ့် လူတစ်ချို့အတွက်တော့ အန္တရာယ်သစ် ဖြစ်နေပါတယ်။

         လောင်စာဆီသုံး ကားတွေနဲ့မတူဘဲ ကာဗွန်ထုတ်လုပ်မှု မရှိတဲ့ လျှပ်စစ်ကားတွေဟာ အသံလုံတာကြောင့် လမ်းသွားလမ်းလာတစ်ချို့ဟာ လျှပ်စစ်ကားတွေ ချဉ်းကပ်လာတာကို မကြားရတဲ့ ပြဿနာရှိပါတယ်။ ဒါကြောင့်ပဲ ဥရောပသမဂ္ဂအတွင်း ရောင်းချသွားမယ့် လျှပ်စစ်ကား မော်ဒယ်သစ်တွေဟာ ပုံမှန်လောင်စာဆီသုံး အင်ဂျင်သံလိုမျိုး အသံတု တပ်ဆင်ရမယ်ဆိုတဲ့ စည်းမျဉ်းသစ် ထွက်လာခဲ့ပါတယ်။



Photo: fastcompany

         ယူကေအစိုးရရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး တစ်နာရီ ၁၂ မိုင်နှုန်းအောက် မောင်းနှင်တာ ၊ ကားနောက်ဆုတ်ရာမှာ အသံအသိပေးစနစ် AVAS ကနေ အသံမြည်ရမယ်လို့CNN သတင်းမှာ ဖော်ပြထားပါတယ်။ AVAS ဟာ ကားအင်ဂျင်စက်သံနဲ့ဆင်ပြီး ယာယီပိတ်ထားလို့လည်း ရမှာပါ။ Hybrid နဲ့Electric ကားတွေဟာ တနင်္လာနေ့ကစပြီး ဒီအသံစနစ် တပ်ဆင်ရမှာ ဖြစ်ပြီး ဈေးကွက်ထဲ ရောက်ပြီးသား မော်ဒယ်တွေကတော့ လာမယ့် ၂၀၂၁ ခုနှစ် ဇူလိုင်မှာ တပ်ဆင်သွားရမှာ ဖြစ်ပါတယ်။

         လျှပ်စစ်ကား အင်ဂျင်ဟာ ဓါတ်ဆီအင်ဂျင်တွေလို စက်သံသိပ်မထွက်ဘဲ အသံငြိမ်တဲ့ ကားတွေ ဖြစ်တာကြောင့် လမ်းသွားလမ်းလာ တစ်ချို့အတွက် ယာဉ်အန္တရာယ် ဖြစ်နိုင်တယ်လို့ဆိုပါတယ်။ အသံငြိမ်တဲ့ လျှပ်စစ်ကားတွေကြောင့် မျက်စိမမြင်သူ ၊ မျက်စိမှုန်သူနဲ့အကြားအာရုံ ပြဿနာ ရှိသူလိုမျိုး တစ်ချို့သူတွေအတွက် အန္တရာယ်တစ်ခု ဖြစ်နေပါတယ်။

Photo: CNN

         ၂၀၁၇ ခုနှစ် နိုဝင်ဘာလက ဗြိတိန်ပါလီမန် အဆိုတင်သွင်းမှု တစ်ခုအရ ယူကေ မျက်မမြင်အဖွဲ့အစည်း Guide Dogs ဟာ လမ်းသွားလမ်းလာတွေကို ထိခိုက်ဒဏ်ရာရစေတဲ့ ယာဉ်မတော်တဆမှုထဲက ၄၀% မှာ လျှပ်စစ်နဲ့မျိုးစပ် hybrid ကားတွေ ပါဝင်တယ်လို့ထောက်ပြထားပါတယ်။ ကားထုတ်လုပ်တဲ့ ကုမ္ပဏီတွေအနေနဲ့သူတို့ကားတွေမှာ သုံးမယ့် AVAS အသံကို ရွေးရမှာ ဖြစ်ပြီး EU ရဲ့ စည်းမျဉ်းမှာတော့ လျှပ်စစ်ကား AVAS သံဟာ ကားအင်ဂျင်နှိုးသံလိုမျိုး ဖြစ်ပြီး သာမန်အင်ဂျင်စက်သံထက် မကျယ်ရဘူးလို့ကန့်သတ်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က