တစ်ကမ္ဘာလုံးမှာ COVID-19 ကြောင့် သေဆုံးမှု ဒုတိယအမျာဆုံး နိုင်ငံဖြစ်လာပါတယ်။

ဥရောပမှာ ဗြိတိန်က အီတလီကိုကျော်လွန်ပြီး COVID-19 ကပ်ရောဂါကြောင့် သေဆုံးသူအများဆုံး နိုင်ငံဖြစ်လာကြောင်း Johns Hopkins တက္ကသိုလ်ရဲ့ COVID-19 Dashboard မှာ မေ ၅ ရက် ညပိုင်း ကိန်းဂဏန်းဖော်ပြမှုများအရ သိရှိရပါတယ်။

(Photo: Getty Images)

Johns Hopkins ရဲ့ စာရင်းတွေအရ ဗြိတိန်မှာ COVID-19 ကြောင့် သေဆုံးသူ ၂၉,၅၀၂ ဦးအထိရှိလာခဲ့ပြီး အီတလီမှာ သေဆုံးသူဦးရေ ၂၉,၃၁၅ ဦးထက် ကျော်လွန်လာခဲ့ကာ ဥရောပမှာ သေဆုံးမှုအများဆုံး နိုင်ငံဖြစ်လာပါတယ်။ ဥရောပမှာ ကူးစက်မှုနဲ့ သေဆုံးမှု အဆိုးဆုံးနိုင်ငံတွေအနက် သေဆုံးသူဦးရေ ၂၀,၀၀၀ ကျော်နေတဲ့ အခြားနိုင်ငံများအဖြစ် စပိန်မှာ သေဆုံးသူ ၂၅,၄၂၈ ဦးနဲ့ ပြင်သစ်မှာ ၂၅,၂၀၄ ဦး ဖြစ်ပါတယ်။



ဥရောပမှာ COVID-19 ကူးစက်မှုအများဆုံး နိုင်ငံကတော့ စပိန်ဖြစ်ပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၂၁၈,၀၁၁ ဦး စစ်ဆေးအတည်ပြုထားပြီး ဒုတိယ ကူးစက်မှုအများဆုံးအဖြစ် အီတလီနိုင်ငံမှာ ၂၁၃,၀၁၃ ဦး ကူးစက်ခံထားရပါတယ်။ ဗြိတိန်မှာ လူဦးရေ တစ်သန်းကျော်ကို COVID-19 စစ်ဆေးထားပြီး အစိုးရက တစ်နေ့လျှင် လူ ၁၀၀,၀၀၀ ကို စစ်ဆေးသွားရန် ရည်ရွယ်ထားပါတယ်။



(Photo:

PA/Getty Images)


တစ်ကမ္ဘာလုံးမှာ‌လည်း COVID-19 ကြောင့် သေဆုံးသူအရေအတွက် နေ့စဥ် တရိပ်ရိပ် တိုးလာနေဆဲဖြစ်ပြီး လက်ရှိအချိန်အထိ ၂၅၀,၀၀၀ ကျော်လွန်လာပြီ ဖြစ်ပါတယ်။ ထို့အတူ ကမ္ဘာတစ်ဝှမ်းမှာ ကူးစက်ခံရသူ အရေအတွက်ဟာလည်း နေ့စဥ် တိုးလာနေပြီး စုစုပေါင်း ၃.၆ သန်းကျော်လွန်လာခဲ့ပါတယ်။

COVID-19 ကူးစက်ခံရပြီး ပြန်လည်သက်သာသူ စုစုပေါင်း ၁.၂ သန်းကျော်ရှိခဲ့ကြောင်း သိရပါတယ်။ တစ်ကမ္ဘာလုံးမှာ COVID-19 ကူးစက်မှုနဲ့ သေဆုံးမှုအများဆုံး နိုင်ငံကတော့ အမေရိကန်ဖြစ်ပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၁.၂ သန်းကျော်နဲ့ သေဆုံးသူ ၇၀,၀၀၀ ကျော်အထိရှိခဲ့ပါတယ်။ ယခုအခါ ဗြိတိန်က အမေရိကန်ပြီးလျှင် COVID-19 ကြောင့် သေဆုံးမှု ဒုတိယအများဆုံး နိုင်ငံဖြစ်လာခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က