New Balance အနေနဲ့ Nike ကို ဥပဒေအကြောင်းအရ တရားစွဲဆိုဖို့ရှိနေတာပါ။

ကမ္ဘာ့ထိပ်တန်းအားကစားပစ္စည်းကုမ္ပဏီများအနေနဲ့ လီဗာပူးအသင်းကို ဂျာစီစပွန်ဆာပေးဖို့အပြိုင်က မ်းလှမ်းမှုတွေရှိနေခဲ့တာလည်းဖြစ်ပါတယ်။

ထိပ်တန်းအားကစားပစ္စည်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Nike အနေနဲ့လီဗာပူးအသင်းကိုစပွန်ဆာပေးနိုင် ရေး အတွက် အားထုတ်ကြိုးပမ်းမှုတွေရှိလာခဲ့တဲ့အတွက် လက်ရှိစပွန်ဆာကုမ္ပဏီ New Blance ကတရား စွဲဆိုမှုအချို့ပြုလုပ်ဖို့ရှိနေတယ်လို့ dailymail က အခိုင်အမာဖော်ပြလာပါတယ်။

လက်ရှိလီဗာပူးအသင်းရဲ့ ဂျာစီစပွန်ဆာအဖြစ်တာဝန်ယူထားတဲ့ New Balance အနေနဲ့ လာမယ့်၂ ၀၂၀ မှာ ဇွန်လမှာစာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး သဘောတူစာချုပ်တွေအရ အခုလိုတရားစွဲဆိုမှု  ပြုလုပ်ဖို့ စီစဉ်နေခဲ့တာလည်းဖြစ်ပါတယ်။



အမေရိကန်အားကစားပစ္စည်းကုမ္ပဏီ Nike အနေနဲ့ လီဗာပူးအသင်းကို လာမယ့်ရာသီသစ်ကစပြီးစံချိ  န်တင်ပေးချေမှုတစ်ခုဖြစ်လာမယ့် တစ်နှစ်ပေါင်သန်း ၈၀တန်စာချုပ်တစ်ရပ်ကို ချုပ်ဆိုဖို့ စီစဉ်နေခဲ့တာ ဖြစ်တယ်လို့လည်း သတင်းဖော်ပြမှုတွေရှိနေခဲ့တာပါ။

လီဗာပူးအသင်းနဲ့ လက်ရှိဂျာစီစပွန်ဆာဖြစ်တဲ့ New Balance တို့ဟာ တစ်နှစ်ပေါင် ၄၅သန်းစာချုပ်ကို  ချုပ်ဆိုထားတာဖြစ်ပြီး အခုနှစ်ဘောလုံးရာသီကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်တဲ့အတွက် Nike နဲ့အကြား ဆွေးနွေးမှုအချို့ပြုလုပ်ခဲ့တာလို့လည်း သိရပါတယ်။

လက်ရှိပရီးမီးယားလိဂ်အသင်းများတွင် မန်ချက်စတာယူနိုက်တက်အသင်းက Adidas ကုမ္ပဏီနဲ့အ ကြားတစ်နှစ်ပေါင် ၇၅သန်းနဲ့ချုပ်ဆိုထားမှုက အမြင့်ဆုံးစာချုပ်ချုပ်ဆိုမှုအဖြစ်ရှိနေခဲ့တာဖြစ်ြ ပီး အခု သဘောတူညီမှုသာအပြီးသတ်နိုင်ခဲ့ပါက လီဗာပူးအသင်းက ဂျာစီစပွန်ဆာကြေးအများဆုံးရအသင်း ဖြစ်လာမှာလည်းဖြစ်ပါတယ်။

Share

Loading Next Article...
က္က