မီးခိုးမြူများ အန္တရယ်ရှိတဲ့အဆင့် ဖြစ်ပေါ်နေပါတယ်။

ဥရောပတောင်ပိုင်းတစ်လျှောက်ရှိ မြို့များမှာ မီးခိုးမြူများ အန္တရယ်ရှိတဲ့အဆင့် ဖြစ်ပေါ်နေပြီး လေထုညစ်ညမ်းနေကြောင်း သိရပါတယ်။ နေပူပြင်းခြောက်သွေ့ပြီး လေတိုက်ခတ်တဲ့ ရာသီဥတု ပုံမှန်ထက်ရှည်ကြာမှုကြောင့် မီးခိုးမြူများ ထူထပ်နေခဲ့တယ်လို့ ဆိုပါတယ်။

(လေထုညစ်ညမ်းနေသည့် ရောမမြို့မြင်ကွင်းတစ်ခု) (Photo: Daily Times)

လက်ရှိမှာ လေထုညစ်ညမ်းနေမှုလျှော့ချရန် အီတလီအစိုးရက ရောမမြို့တော် အပါအဝင် အဓိကမြို့ကြီးတွေမှာ ဒီဇယ်ဆီသုံး ကားများ မောင်းနှင်မှုကို ယာယီပိတ်ပင်တားမြစ်ထားပါတယ်။ ရောမမြို့မှာ နောက်ထပ် သုံးရက်ကြာ ထိုသို့ပိတ်ပင်ထားမှာဖြစ်ပြီး ယာဥ်အစီးရေ တစ်သန်းခန့်ဖြစ်တယ်လို့ ဆိုပါတယ်။



ရောမမြို့ရှိ လေထုအရည်အသွေး စောင့်ကြည့်တိုင်းတာတဲ့ နေရာ ၁၃ ခုနက် ကိုးခုထက်မနည်းမှာ လေထုညစ်ညမ်းတဲ့အဆင့် ဖြစ်နေခဲ့ကြောင်း အီတလီသတင်းစာ Il Messaggero က ဖော်ပြပါတယ်။

(ရောမမြို့မှ လေထုအရည်အသွေးတိုင်းတာသည့် နေရာတစ်ခု) (Photo: Getty Images)

ရောမမြို့တော်ကောင်စီက လေထုညစ်ညမ်းမှုအခြေအနေကို ကိုင်တွယ်ဆောင်ရွက်ရာမှာ အလွန်နှေးကွေးကြောင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွလှုပ်ရှားသူတွေက ပြောဆိုမှုတွေလည်း ရှိနေပါတယ်။ အီတလီနိုင်ငံ မီလန်နဲ့ တူရင်မြို့တွေမှာလည်း အလားတူ လေထုညစ်ညမ်းမှု ဖြစ်ပေါ်နေကြောင်း သိရပါတယ်။

ဘော့စနီးယားနဲ့ ဟာဇီဂိုဗီးနားမှာတော့ လေထုညစ်ညမ်းမှုကို အစိုးရက ကိုင်တွယ်ဖြေရှင်းရန် ပြည်သူအများပြား မျက်နှာဖုံးများတပ်ပြီး လမ်းပေါ်ထွက် ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ လက်ရှိအခြေအနေဟာ မီးခိုးမြူ အရေးပေါ်အခြေအနေဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

(ဆာရာယေဗိုမြို့မှာ ပြည်သူများ ဆန္ဒပြစဥ်) (Photo: Reuters)

လတ်တလော ရက်ပိုင်းအတွင်း ဘော့စနီးယားနဲ့ ဟာဇီဂိုးဗီးနားနိုင်ငံ ဆာရာယေဗိုမြို့တော်မှာ လေထုညစ်ညမ်းမှု အဆိုးဆုံးအဆင့် ဖြစ်ပေါ်နေခဲ့ပါတယ်။ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ဆားဘီးယား၊ ကိုဆိုဗိုနဲ့ မက်ဆီဒိုးနီးယားတို့ရှိ မြို့တွေမှာလည်း လေထုညစ်ညမ်းနေပါတယ်။

ဆားဘီးယားအစိုးရက လေထုညစ်ညမ်းနေမှုနဲ့ ပတ်သက်ပြီး ဇန်နဝါရီ ၁၅ ရက်နေ့မှာ အရေးပေါ် အစည်းအဝေး ပြုလုပ်ခဲ့ပါတယ်။ အများပြည်သူအနေနဲ့ နေအိမ်အတွင်းမှာသာ နေထိုင်ကြရန်နဲ့ ကိုယ်လက်လှုပ်ရှားမှုများ မပြုလုပ်ကြရန် အထူးသဖြင့် ပန်းနာရင်ကျပ်ရောဂါကဲ့သို့ ကျန်းမာရေးပြဿနာရှိသူများ ပိုမိုဂရုစိုက်ကြရန် ဆားဘီးဘားအစိုးရက သတိပေးထားကြောင်း BBC သတင်းမှာ ဖော်ပြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က