မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းကစီစဉ်တဲ့ တတိယအကြိမ်မြောက်ပွဲတော်တစ်ခုဖြစ်တဲ့ ထောပတ်သီးပွဲတော်ကို မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့က ပြင်ဦးလွင်စင်တာမှာ ဒီဇင်ဘာလ ၂၇ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ ၃ ရက်ကျင်းပနေပါတယ်။

ထောပတ်သီးအခြေခံအစားအစာတွေကို နိုင်ငံတကာနည်းတူ မြန်မာနိုင်ငံမှာလည်းချက်လုပ်စားသောက်တတ်တဲ့အလေ့အကျင့်တစ်ခု ပေါ်ပေါက်လာစေဖို့အတွက်လည်းရည်ရွယ်တယ်လို့ သိရပါတယ်။ ထောပတ်သီးပွဲတော်ကျင်းပရတာကတော့ ပြည်တွင်းကထောပတ်စိုက်တောင်သူတွေစိုက်ပျိုးဖြစ်ထွန်းထားတဲ့ ထောပတ်သီးတွေပြသဖို့ ၊ ပြိုင်ပွဲ၀င်ဖို့ ထောပတ်သီးပင်ကိုင်းဆက်တွေပြသဖို့နဲ့ ထောပတ်သီးအခြေခံအစားအစာတွေကိုပြသဖို့အတွက်ပဲဖြစ်ပါတယ်။ 

မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း(မန္တလေးတိုင်းဒေသကြီး)ဒုဥက္ကဋ္ဌဦးမျိုးညွန့်ကတော့ ဒီပွဲတော်ရဲ့ ရည်ရွယ်ချက်ကို Duwun ကို ခုလို ပြောပြပါတယ်။

"ထောပတ်သီးအစားအစာတွေကို စားသောက်လို့ရတယ်ဆိုတာကို ကျွန်တော်တို့က Information ပေးချင်တာ၊ ထောပတ်သီးက ကျန်းမာရေးအတွက် အင်မတန်မှ ကောင်းမွန်တဲ့ သစ်သီးဖြစ်တယ်။ ဒီထောပတ်သီးကိုသာ စားသုံးသူတွေသာ ပိုစားသုံးလာကြမယ်ဆိုရင် ကျန်းမာရေးတွေလည်း ပိုကောင်းမွန်လာမယ်၊ အစားအစာတွေ ကိုယ်တိုင်လုပ်စားလို့လည်း ရတယ်။ ပြီးတော့ စားသုံးသူတွေများလာမယ်ဆိုရင် ကျွန်တော်တို့ အသီးရောင်းတဲ့စေ◌ျးကွက်လည်း တွင်တွင်ကျယ်ကျယ် ပိုဖြစ်လာမယ်။ အဲဒီရည်ရွယ်ချက်နဲ့ ထောပတ်သီးအစားအစာတွေကို တည်ခင်းရောင်းချနေတာဖြစ်ပါတယ်"

ထောပတ်စိုက် တောင်သူတွေအတွက် စျေးကွက်မြှင့်တင်ပေးနိုင်ဖို့၊ ထောပတ်သီးစားသုံးသူပိုမိုထွန်းကားလာဖို့ ၊ ကျန်းမာရေးအတွက်ကောင်းမွန်တဲ့ ထောပတ် သီးစားတဲ့အလေ့အကျင့်ကောင်းတွေရရှိစေနိုင်ဖို့ ၊ ဒေသတွင်းကထောပတ်သီးပင်တွေမျိုးကောင်းမျိုးသန့်ပိုမိုဖြစ်ထွန်းလာစေနိုင်ဖို့ နဲ့ ပြင်ဦး လွင်မြို့ရဲ့ခရီးသွားလုပ်ငန်း အရှိန်အဟုန်နဲ့တိုးတက်လာစေနိုင်ဖို့ ဆိုတဲ့ရည်မှန်းချက်တွေနဲ့ကျင်းပတာဖြစ်တယ်လို့သိရပါတယ်။

ထောပတ်သီးကို ဖျော်ရည်ပြုလုပ်သောက်တာမျိုး မဟုတ်ဘဲ အစားအသောက်ပုံစံမျိုးစုံ လုပ်စားလို့ရနိုင်တာကို ဒီပြပွဲကတဆင့် ပြသလိုကြောင်း မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း(မန္တလေးတိုင်းဒေသကြီး)ဒုဥက္ကဋ္ဌဦးမျိုးညွန့်က Duwun ကို ပြောပါတယ်။

"ထောပတ်သီးကို အစားအသောက်လုပ်စားမယ်ဆိုရင် အမယ်တွေက အများကြီး လုပ်စားလို့ရတယ်၊ ဥပမာ ပေါင်မုန့်မီးကင်ကို မခမ်း(ထောပတ်)အစား ထောပတ်သီးအနှစ် သုတ်တာမျိုး၊ ထောပတ်သီးဟမ်ဘာဂါ၊ ပြီးရင် ထောပတ်သီးအနှစ်ကို ခရမ်းချဥ◌်သီးတွေ၊ ကြက်သွန်နီတွေ၊ ငရုတ်သီးတွေ ၊ နံနံတွေနဲ့ သုပ်စားလို့ရတယ်၊ ကိတ်တွေ၊ ပူတင်းတွေ အကုန်လုပ်စားလို့ရတယ်၊ ထောပတ်သီးဟင်းပွဲတွေအများကြီး လုပ်စားလို့ရတယ်။ ထောပတ်သီးကောင်းကောင်းကိုသာ ရရင် ဟင်းအမယ်တွေ အများကြီး အိမ်မှာ လုပ်စားလို့ရပါတယ်။"

ထောပတ်သီးတွေဟာ မြန်မာနိုင်ငံမှာ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီး ဟိုပုန်း ၊ ပင်လောင်း ၊ ဖယ်ခုံ ၊ ရွာငံ နဲ့ ပင်းတယမြို့တို့မှာအများဆုံးထွက်ရှိတာဖြစ် ပြီး ပြင်ဦးလွင်မှာဒုတိယအများဆုံးနဲ့ ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက် မင်းတပ် မတူပီမြို့တို့မှာတတိယအများဆုံးထွက်ရှိတယ်လို့သိရပါတယ်။

မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းကစီစဉ်တဲ့ ပထမအကြိမ်ထောပတ်သီးပွဲတော်နဲ့ဒုတိယအကြိမ်ထောပတ်သီးပွဲ တော်တို့ကို ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ ဟိုပုန်းမြို့မှာကျင်းပခဲ့တာပါ။

Share

Loading Next Article...
က္က