နေပြည်တော်ရုပ်ရှင်ရုံနဲ့ Gothe Villa တို့မှာ ကြည့်ရှုနိုင်ပါတယ်။

ဥရောပရုပ်ရှင်ပွဲတော်ကို စက်တင်ဘာ ၂၁ ရက်ကနေ စက်တင်ဘာ ၃၀ ရက်အထိ ရန်ကုန်မြို့ နေပြည်တော်ရုပ်ရှင်ရုံနဲ့ Goethe Villa တို့မှာအခမဲ့ ပြသသွားမှာဖြစ်ပါတယ်။



 

 

၂၇ ကြိမ်မြောက်အဖြစ်ကျင်းပတဲ့ ဥရောပရုပ်ရှင်ပွဲတော် ဖွင့်ပွဲကိုတော့ စက်တင်ဘာ ၂၁ ရက် ညနေပိုင်းက ရန်ကုန်မြို့ နေပြည်တော်ရုပ်ရှင်ရုံမှာ ကျင်းပပြုလုပ်ခဲ့တာပါ။

ဒီရုပ်ရှင်ပွဲတော်ကို Goethe Institute Myanmar နဲ့ ဥရောပ သမဂ္ဂကိုယ်စားလှယ်အဖွဲ့ကနေ ကနေ ဦးစီးကျင်းပတာဖြစ်ပြီးတော့ ဥရောပနိုင်ငံ ၁၆ နိုင်ငံက ရုပ်ရှင်ကား ၁၆ ကားပါဝင်ပြသမှာပါ။

 

 

ပြသမယ့် ရုပ်ရှင်ကားတွေကတော့ ဥရောပ လူမျိုးတွေရဲ့ ဘဝ ၊သမိုင်းကြောင်းတွေကို ထင်ဟပ်စေတဲ့ ရုပ်ရှင်ကားတွေဖြစ်ပြီးတော့ စမတ်ဖုန်းတွေက လူနေမှုဘဝမှာ ပါဝင်ပတ်သက်လာတာ၊ တကွဲတပြားဖြစ်နေတဲ့ မိသားစုတွေ၊ ပုန်ကန်တတ်တဲ့ကလေးတွေနဲ့ ဘာသာရေးအခမ်းအနားတွေ၊ သဘာဝအန္တရာယ်ကျရောက်မှုတွေ၊ လူမျိုးရေးခွဲခြားမှု၊ ဒီမိုကရေစီကူးပြောင်းအောင် ကြိုပမ်းခဲ့ရမှု၊အမျိုးသမီးတွေ မဲထည့်ခွင့်ရဖို့ တိုက်ပွဲဝင်ခဲ့ရမှု စတဲ့ အကြောင်းအရာတွေကို အခြေခံရိုက်ကူးထားတာဖြစ်တယ်လို့ သိရပါတယ်။

'' ဒီရုပ်ရှင်ပွဲတော်မှာ ပြသတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှုတွေကို ကျော်လွန်ပြီး လူသားဆန်တဲ့ စရိုက်လက္ခဏာတွေကို ပြသထားပါတယ်။ ဒီရုပ်ရှင်တွေကနေ ဥရောပနိုင်ငံတွေရဲ့ တစ်နိုင်ငံနဲ့တစ်နိုင်ငံယဉ်ကျေးမှုချင်းမတူတာ၊ ကွဲပြားကြတာတွေကို လေ့လာနိုင်မှာပါ။ '' လို့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပ သမဂ္ဂသံအမတ်ကြီး H.E Kristian Schmidt ရုပ်ရှင်ပွဲတော်ဖွင့်ပွဲအမှာစကား ပြောခဲ့ပါတယ်။

ဖွင့်ပွဲကိုတော့ အနုပညာရှင် ဇာဏ်ခီ၊ ခရစ္စတီးနားခီ၊ အောင်မြင့်မြတ်၊ ပိုင်ဖြိုးသုနဲ့ အေးမြတ်သူစတဲ့ အနုပညာရှင်တွေလည်း တတ်ရောက်ခဲ့ပါတယ်။

''ရုပ်ရှင်သမားတွေအနေနဲ့ကော အနုပညာတွေကို စိတ်ဝင်စားတဲ့သူတွေအနေနဲ့ကော လာကြည့်သင့်တယ်။ သူတို့ရဲ့ မတူညီမှုတွေ တွေ့ရမယ်။ ဥရောပမှာရှိတဲ့ ယဉ်ကျေးမှုတွေ လေ့လာခွင့်ရမယ်။ ရုပ်ရှင်သမားတွေအနေနဲ့လည်း ရိုက်ကူးမှုတွေကိုလေ့လာလို့ရမယ်'' လို့ ပွဲကိုတတ်ရောက်လာတဲ့ သရုပ်ဆောင် ဇာဏ်ခီကပြောပါတယ်။

 

 

 ဥရောပရုပ်ရှင်တွေကိုကြည့်လိုသူတွေအနေနဲ့ လက်မှတ်တွေကို အခမဲ့ရယူနိုင်ပြီး ရုပ်ရှင်မပြခင် ၁၅ မိနစ်အလိုထိ လက်မှတ်တွေကို ဦးရာလူစနစ်နဲ့ ကောင်တာတွေမှာ ထုတ်ယူန်ုင်တယ်လို့သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က