တက်ဘလက်နဲ့ စမတ်ဖုန်းတွေ တွန်းထုတ်လာတဲ့ TCL

နာမည်ကျော်တရုတ် TV နဲ့ အီလက်ထရွန်းနစ်ကုမ္ပဏီ TCL ကနေ တန်ဖိုးသင့်ဖုန်းနဲ့ တက်ဘလက်တွေ ကြေညာလိုက်ပါတယ်။ 

ဒီနှစ်ထဲမှာ ကျရောက်တဲ့ စပိန်နိုင်ငံ ဘာစီလိုနာမြို့က Mobile World Congress ပွဲမှာ TCL က သူ့ရဲ့ ဘက်ဂျက်ထုတ်ကုန်သစ်တွေ မိတ်ဆက်ခဲ့တာ ပါ။ TCL 30 စီးရီး စမတ်ဖုန်းသစ်တွေနဲ့အတူ TCL NxtPaper Max 10 ၊TCL Tab 10 HD ၊ TCL Tab 10 FHD 4G နဲ့ 5G မော်ဒယ် TCL Tab 10s တို့လည်း ပါဝင်ခဲ့ပါတယ်။ TCL တက်ဘလက်သစ်တွေထဲမှာ TCL Tab 10 HD ကတော့ ဈေးအသက်သာဆုံးဖြစ်ပြီး ယူရို ၁၈၀ ‌(မြန်မာငွေ ၃ သိန်းခွဲကျော်) ဈေးနဲ့ ဥရောပမှာ ရောင်းချနေပါတယ်။ 






ဈေးအကြီးဆုံးဖြစ်တဲ့ 5G မော်ဒယ် TCL Tab 10s ကတော့ Tab 10s 4G ကို အဆင့်မြှင့်ထားတဲ့ Upgraded Version လို့ ဆိုနိုင်ပါတယ်။ နာမည်အတိုင်း Screen Size ၁၀.၁ လက်မ FHD ရုပ်ထွက် ပါရှိပြီး TCL ရဲ့ NXTVISION နည်းပညာ ပါလို့ ကြည့်တဲ့ Content နဲ့အညီ ကာလာနဲ့ ရုပ်ထွက်တောက်ပမှုတွေ ချိန်ညှိပေးသွားနိုင်စွမ်း ရှိပါတယ်။ 

နာမည်ကြီး TV ကုမ္ပဏီတစ်ခုရဲ့ နည်းပညာဖြစ်လို့ တက်ဘလက်နဲ့ ရုပ်ရှင်ကြည့်သူတွေ ဂိမ်းဆော့သူတွေအတွက် မျက်လုံးကျန်းမာရေးပါ ထည့်စဉ်းစားထားတာ တွေ့ရပါတယ်။ 

ဘက်ထရီပါဝါအနေနဲ့ 18W Charging စနစ်အထောက်အပံ့ပါ 8000mAh အားသုံးထားပြီး ကြာရှည်အသုံးခံနိုင်မှာပါ။ တန်ဖိုးသင့် အန်းဒရိုက်တက်ဘလက်တစ်လုံးအနေနဲ့ နောက်ထပ်စိတ်ဝင်စားစရာအချက်တစ်ခုက 5G ချိတ်ဆက်မှုရတဲ့ MediaTek MT8173 Chipset သုံးထားပြီး RAM 4GB/64GB Storage နဲ့ လာတာပဲ ဖြစ်ပါတယ်။ Storage ကို 256GB အထိ ထပ်တိုးနိုင်အောင်လည်း microSD Card Slot တစ်ခု ပါရှိပါတယ်။ 

ကျောဘက် 8MP ကင်မရာနဲ့ Selfie 5MP ကင်မရာသုံးထားတာကတော့ သိပ်ပြီး ထူးခြားတယ်လို့ ပြောမရပါဘူး။ တခြား Features တွေ အနေနဲ့ Bluetooth 5.1 နဲ့ Dual Speakers တို့ သုံးထားပြီး Android 12 စနစ်နဲ့ လာပါတယ်။ ဒုတိယသုံးလပတ်မှာ ဈေးကွက်ဝင်မယ့် တက်ဘလက်ဖြစ်ပြီး ယူရို ၃၅၀ (မြန်မာငွေ ၇ သိန်းကျော်) ကျသင့်ဖို့ ရှိပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က