ဆွဲဆောင်မှုရှိပြီး ဈေးသင့်တဲ့ Foldable ဖုန်း

နိုင်ငံတကာဈေးကွက်ထဲ မဝင်သေးပေမယ့် Huawei Pocket S ဟာ ဈေးအချိုဆုံး Foldable ဖုန်းအဖြစ် ထွက်လာပြီ ဖြစ်ပါတယ်။ 

Huawei ကနေ အသစ်မိတ်ဆက်လိုက်တဲ့ Huawei Pocket S ဟာ ယောက်သွားခွံခေါက်သိမ်းမှုပုံစံနဲ့ လာပြီး Huawei ရဲ့ ထူးခြားကွဲပြားမှုကို ဆောင်ယူလာပါတယ်။ တရုတ်ဈေးကွက်မှာ မိတ်ဆက်လိုက်တဲ့ ဒီ Foldable ဖုန်းဟာ Huawei P50 Pocket စီးရီးထဲက ဈေးသက်သာတဲ့မော်ဒယ်အဖြစ် ကြေညာလာတာပါ။ ဒီဇိုင်းပိုင်းမှာ Huawei P50 Pocket ရဲ့ အသွင်ကို ယူထားပေမယ့် ကင်မရာနဲ့ Chipset ပိုင်းမှာ ဝိတ်လျှော့ထားပါတယ်။ 




Photo: GSMArena


Screen Size အနေနဲ့ Huawei P50 Pocket အတိုင်း ၆.၉ လက်မ OLED Display အမျိုးအစား အသုံးပြုထားပြီး Display ရုပ်ထွက် 2790 x 1188 Pixels ရုပ်ထွက် ပါရှိပါတယ်။ Display ပိုင်းမှာ 120Hz Refresh Rate ၊ 1440Hz PWM ၊ 300Hz Touch Sampling Rate တို့လည်း Support ပေးထားပါတယ်။ Chipset ကိုတော့ Snapdragon 778G SoC သုံးထားပြီး 4G LTE ချိတ်ဆက်မှုပဲ အထောက်အပံ့ပေးနိုင်မှာ ဖြစ်ပါတယ်။

ဖုန်း Display အပေါ်အလယ်တည့်တည့်မှာ Punch-Hole ကင်မရာပေါက် သုံးထားပြီး ကင်မရာကိုလည်း Huawei P50 Pocket အတိုင်း 10.7MP Sensor ကိုပဲ အသုံးပြုလာတာပါ။ ကျောဘက်က စက်ဝိုင်းပုံကင်မရာအောက်မှာ ၁.၀၄ လက်မအရွယ် OLED panel သုံး စက်ဝိုင်းပုံ Display တစ်ခုလည်း ထည့်ပေးထားပါတယ်။ ဒီ ကာဗာ Display ကတော့ 340 x 340 pixels ရုပ်ထွက်ပဲ သုံးထားတာ ဖြစ်ပါတယ်။ 

ကင်မရာစနစ်အနေနဲ့ RYYB Sensor နဲ့ f/1.8 lens သုံး 40MP ကင်မရာကိုမှ 13MP Ultra-Wide ကင်မရာနဲ့ တွဲဖက်ပေးထားပါတယ်။ Huawei P50 Pocket မှာ ပါတဲ့ 32MP Sensor နေရာမှာ laser AF အတွက် sensor တစ်ခုနဲ့ အစားထိုးထားပါတယ်။ ဆော့ဖ်ဝဲလ်ပိုင်းမှာ Harmony OS 3.0 စနစ်နဲ့လာပြီး Cover screen ရဲ့ Always-On Display လုပ်ဆောင်ချက်အတွက် Customization အပြင် တရုတ်ဈေးကွက်အတွက် pre-installed apps တွေလည်း အများအပြား ထည့်သွင်းထားပါတယ်။ 

Huawei Pocket S မှာ ဖုန်းအအေးပေးစနစ်အတွက် အလွန်ပါးလွှာပြီး ကွေးညွှတ်နိုင်တဲ့ ဂရပ်ဖိုက်ပြားတစ်ခု ပါရှိပါတယ်။ ဘက်ထရီပါဝါကို 4000mAh အားသုံးထားပြီး 40W Fast Charging Support ပေးထားပါတယ်။ ခေါက်သိမ်းဖို့အတွက် သုံးတဲ့ ပတ္တာယန္တရားစနစ်ဟာ အကြမ်းပတမ်းအသုံးခံနိုင်ဖို့ အဖွင့်အခေါက် အကြိမ်ပေါင်း ၄ သိန်းကျော် စမ်းသပ်ပြီးမှ ဈေးကွက်ထဲ တင်ပို့လာတာလို့ ဆိုပါတယ်။ 


Photo: GSMArena

Huawei Pocket S ကို အစိမ်းနု ၊ ရွှေဝါရောင် ၊ နှင်းဆီပန်းနုရောင် ၊ သလင်းကျောက်ပြာ နဲ့ အနက်ရောင် ဆိုပြီး ကာလာ ၅ ရောင်နဲ့ လာပါတယ်။ 128GB Storage ကို ၅၉၈၈ ယွမ် (မြန်မာငွေ ၁၈ သိန်းကျော်) ဈေး ၊ 256GB ဗားရှင်းအတွက် ၆၄၈၈ ယွမ် (မြန်မာငွေ သိန်း ၂၀ ဝန်းကျင်) ဈေးတွေနဲ့ နိုဝင်ဘာ ၁၀ ရက်နေ့မှာ စတင်ရောင်းချသွားမှာ ဖြစ်ပြီး 512GB ဗားရှင်းကတော့ လာမယ့်ဒီဇင်ဘာလထဲမှာ ၇၄၈၈ ယွမ် (မြန်မာငွေ ၂၂ သိန်းကျော်)‌ ဈေးတွေနဲ့ ရောင်းချသွားဖို့ ရှိပါတယ်။ 

၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းကပဲ Galaxy Z Flip စတိုင် Huawei ရဲ့ P50 Pocket ခေါက်သိမ်းနိုင်စမတ်ဖုန်းနဲ့ Flagship မော်ဒယ် P50 Pro တို့ကို အာရှပစိဖိတ် ၊ အရှေ့အလယ်ပိုင်းနဲ့ အာဖရိက ၊ ဥရောပနဲ့ တောင်အမေရိကဈေးကွက်တွေမှာ ရောင်းချမယ့်အကြောင်း ကြေညာခဲ့တာကြောင့် ဈေးသက်သာတဲ့ Huawei Pocket S လည်း ကမ္ဘာ့ဈေးကွက်ထဲ မိတ်ဆက်လာမယ်လို့ မျှော်လင့်ရပါတယ်။ 



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က