၂ လောင်းကိုပြန်တွေ့တာပါ။

ဧရာဝတီမြစ်လယ်ကျွန်းမှာ ဖွင့်ထားတဲ့ မြစ်လယ်သောင်မှာ အကြော်စားပြီး မြစ်ရေတိမ်ပိုင်းကိုဖြတ်ပြီး လမ်းလျောက်ကူးစဉ်မှာ ရေစီးကြောင့် လူ ၃ ဦး မျောပါပျောက်ဆုံးမှုဖြစ်ခဲ့ကြောင်း မကွေးမြို့ရဲစခန်းကနေ သိရပါတယ်။

Photo - Kyaw Shein

ဖေဖော်ဝါရီလ ၃ ရက်နေ့ ည ၇ နာရီလောက်က မြစ်အလယ်ကနေ ပေ (၁၀၀၀) လောက်အကွာရှိ အကြော်ဆိုင်ဖွင့်ထားတဲ့ မြသလွန်ဘုရားခြေရင်း သောင်ပြင်ကို မကွေးမြို့၊ အောင်မေတ္တာရပ်ကွက်မှာနေထိုင်ကြတဲ့ အသက် ၃၀ အရွယ် ကိုစည်သူဖြိုး၊ အသက် ၁၉ နှစ်အရွယ် ဝေယံ၊ အသက် ၂၁ နှစ်အရွယ် မောင်ညိုကြီး၊ အသက် ၂၄ နှစ်အရွယ် မသီရိရဲလွင်တို့လေးဦး ဖြတ်ကူးစဉ်မှာ ၃ ဦးဟာ ရေစီးနဲ့ မျောပါသွားခဲ့တယ်လို့ သိရပါတယ်။

မသီရိရဲလွင် ရေနစ်နေချိန်မှတော့ အနီးအနားမှာရှိတဲ့ စက်လှေသမားတစ်ယောက်က ကယ်ဆယ်နိုင်ခဲ့တာကြောင့် အသက်အန္တရာယ်မရှိခဲ့ဘူးလို့သိရပါတယ်။ "လောလောဆယ်မှာတော့ စည်သူဖြိုးနဲ့ ညိုကြီးတို့ရဲ့ အလောင်းတွေကို ပြန်တွေပါပြီ။ ဝေယံကတော ပျောက်ဆုံးနေဆဲပါ။"လို့ မကွေးမြို့ရဲစခန်းက တာဝန်ရှိသူ ရဲအရာရှိက Duwun ကိုပြောပါတယ်။

လက်ရှိအချိန်မှာတော့ ပျောက်ဆုံးနေတဲ့ ဝေယံ ဆိုသူကို မကွေးမြို့က မီးသတ်တပ်ဖွဲ့တွေ၊ ကယ်ဆယ်ရေးတပ်ဖွဲ့တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေက ပူးပေါင်းပြီး ဆက်လက်ရှာဖွေနေတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က