ဆောင်းတွင်းရောက်ရင် သုံးစွဲနေကျ အလှကုန်တွေကိုပဲ ဆက်သုံးစွဲရမလား၊ ဘယ်လိုအမျိုးအစားတွေကို အသုံးပြုသင့်သလဲဆိုပြီး ဗြာများနေတဲ့ မဒီတွေအတွက် ဆောင်းတွင်းနဲ့ပတ်သက်ပြီး အလှပြင်ဆင်ခြယ်သမှုအပိုင်းကို ပြောပြပေးချင်ပါတယ်။

ဆောင်းတွင်းရောက်ပြီဆိုတာနဲ့ သုံးနေကျ Makeup ကိုပဲ ဆက်သုံးရမှာလား ၊ ပြောင်းသုံးရမှာလား လမ်းပျောက်နေတဲ့သူတွေအတွက် အကြံပေးချင်တာက အရင်ဆုံး နေ့လိမ်းနဲ့ ညလိမ်းဆိုပြီး အရင်ခွဲလိုက်ပါ။ နေ့ဘက်တွေမှာဆိုရင် ရုံးတက် ၊ ကျောင်းတက်မို့ အလှပြင်ထားကြတာများတဲ့အတွက် နေ့ဘက်တွေမှာ ဘယ်လိုအလှကုန်တွေသုံးရမလဲဆိုတာကလည်း အရေးကြီးပါတယ်။

နေ့ဘက်မှာ ဘယ်လိုအမျိုးအစားတွေ သုံးရမလဲ

နေ့ခင်းဘက် ကျောင်းမသွားခင် ၊ ရုံးမသွားခင်၊ အလှမပြင်ခင်မှာ လိမ်းခြယ်ရမယ့်အလှကုန်တွေကိုတော့ Light Type နဲ့ Fresh Type လေးတွေဖြစ်တဲ့ Lotion နဲ့ နို့ရည်လောက်ကိုသာ လိမ်းပေးသင့်ပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ အစိုဓာတ်ရရှိစေမယ့်ခရင်မ်လေးတွေကို အလှမပြင်ခင် အရင်လိမ်းခြယ်ပေးဖို့ လိုအပ်ပါတယ်။

ရွေးချယ်သင့်တဲ့ မိတ်ကပ်အမျိုးအစား



ဆောင်းတွင်းမှာ ရွေးချယ်သင့်တဲ့ မိတ်ကပ်အမျိုးအစားကတော့ ရေဓာတ်ကို အ‌ခြေခံတဲ့ အလှကုန်ပစ္စည်းတွေပဲဖြစ်ပါတယ်။ နေ့ခင်းဘက် အလွယ်တကူ မိတ်ကပ်ပျက်တာ ၊ ချွေးထွက်တာတို့ကို ထိန်းပေးနိုင်တဲ့ SPF ပါတဲ့ Makeup Base နဲ့ BB Cream တွေကို သုံးပေးသင့်ပါတယ်။ ဒါတွေကို လိမ်းခြယ်ပေးပြီးပြီဆိုမှ Water Base Foundation ကို လိမ်းပေးပါ။ အိမ်က မထွက်ခင် Face Powder ရိုက်ပေးတာကတော့ ကိုယ့်ရဲ့ မိတ်ကပ်သားကို တစ်နေကုန် ချွေးမကွက် ၊ အဆီမပြန်အောင် ကာကွယ်သွားတာပါပဲ။ အထူးသတိထားရမှာကတော့ အသားခြောက်တတ်တဲ့ ရာသီဖြစ်တဲ့အတွက် မိတ်ကပ်နဲ့ အလှကုန်ပစ္စည်းတွေကို Matte Type တွေ မရွေးချယ်မိဖို့လိုပါတယ်။

မိတ်ကပ်လိမ်းခြယ်ရတာကို ကြိုက်တဲ့ Ronny ကလည်း ဆောင်းတွင်းရောက်လာတဲ့အခါ သူ့ရဲ့ မိတ်ကပ်လိမ်းခြယ်မှုပုံစံကို ဘယ်လို ပြောင်းလဲပစ်လိုက်ရသလဲဆိုတာကို Duwun ကို ခုလိုပြောပြပါတယ်။

"ဒီဆောင်းတွင်းမှာ မိတ်ကပ်လိမ်းရင်တော့ သုံးနေကျ Make up ကို Emulsion နည်းနည်းရောပြီးလိမ်းဖြစ်တယ်။ ပြီးရင် Powdery Cakey ဖြစ်တဲ့ အမှုန့်ဆန်တဲ့ ပေါင်ဒါတွေ ပါးနီတွေ မသုံးဘဲ Powder ကိုလည်း Setting ဖြစ်ရုံ ပါးနီဆိုရင် Cream Blusher, Liquid Blusher, All in one cheek and lip လို Product သုံးလိုက်တယ်။ နှုတ်ခမ်းနီကိုလည်း Matte Type မဟုတ်ဘဲ Lip Tint တို့ Lip Stick တို့ Lip Gloss, Lip Balm အရောင်ပါတာလေးတွေသုံးတယ် Foundation တောင်အခုသိပ်မလိမ်းဖြစ်ဘူး။ Tinted Moisturizer ဆိုတာလေးသုံးဖြစ်တယ်"

မျက်ဝန်းအလှကလည်း အရေးကြီးပါတယ်

မိတ်ကပ်လိမ်းခြယ်မှုမှာ မျက်ဝန်းအလှအပကိုလည်း ချန်လှပ်ထားလို့မရပါဘူး။ ဆောင်းတွင်းမှာ eye shadow တွေ ၊ eye liner တွေ အသုံးပြုမယ်ဆိုရင် Powder Type ၊ Pencil Type နဲ့ soft pen type တွေကိုသာ အသုံးပြုသင့်ပါတယ်။ ဒီအမျိုးအစားတွေက ဆောင်းတွင်းမှာ အချိန်ကြာကြာနဲ့ မျက်ဝန်းကို တောက်ပလင်းလက်နေအောင် ကူညီပေးကြပါလိမ့်မယ်။

အိတ်ဆောင်လေးဆောင်ထားရပါမယ်

အပြင်သွားတာပဲဖြစ်ဖြစ်၊ ရုံးသွားတာပဲဖြစ်ဖြစ် ၊ ကျောင်းသွားတာပဲဖြစ်ဖြစ် အိတ်ဆောင်အဖြစ်တော့ အိတ်ထဲမှာ Two Way Foundation နဲ့ အဆီစုပ်တစ်ရှူးလေးတော့ ဆောင်ထားသင့်ပါတယ်။ touch up လုပ်ဖို့ လိုအပ်လာလို့ Two Way သုံးတော့မယ်ဆိုရင် မသုံးခင်မှာ အဆီစုပ်တစ်ရှူးလေးနဲ့ တို့သုတ်ပေးရပါမယ်။

နှုတ်ခမ်းအလှတရားအတွက်

ဆောင်းတွင်းမှာ အသိသာဆုံးအရာကတော့ နှုတ်ခမ်းပါ။ ဆောင်းတွင်းမှာ နှုတ်ခမ်းသားတွေ ကွဲအက်နေတာကြောင့် စိတ်အနှောင့်အယှက် အရမ်းဖြစ်ကြရပါတယ်။ ဒါ့ကြောင့် နှုတ်ခမ်းသားကို စိုစွတ်စေမယ့် lip balm ကို အမြဲ ဆိုးထားပါ။ နှုတ်ခမ်းနီဆိုးရင်လည်း lip balm လေး အောက်ကနေ ခံပြီး ဆိုးတာမျိုးက နှုတ်ခမ်းသားအက်ကွဲတာကို ကာကွယ်ပေးနိုင်ပြီး နှုတ်ခမ်းနီကိုလည်း တာရှည်ခံစေပါတယ်။

မိတ်ကပ်ပညာရှင် Royal Zin Zin က ဆောင်းတွင်းမှာ အဆင်ပြေမယ့်မိတ်ကပ်ခြယ်သမှုပုံစံကို Duwun ကို ခုလိုပြောပြပါတယ်။

"ဆောင်းတွင်းမှာဆို အေးပြီးတော့ အသားပပ်တာတွေ၊ အသားခြောက်တာတွေ ဖြစ်တတ်တဲ့အတွက် မိတ်ကပ်မလိမ်းခင် Moisture ကို အရင်လိမ်းပေးသင့်တယ်။ မိတ်ကပ်ကို ရွေးချယ်တဲ့နေရာမှာလည်း Matt ဖြစ်တဲ့ဘက်ကို မရွေးဘဲ Moisture ပါတဲ့ မိတ်ကပ်ရည်ကို သုံးပေးသင့်တယ်။ အရောင်ရွေးချယ်မယ်ဆိုရင်လည်း လိမ္မော်ရောင်တို့ ၊ ရွှေရောင်တို့ အဲဒီလို အရောင်မှိုင်းမှိုင်းလေးတွေက ဆောင်းတွင်းအတွက် အလိုက်ဖက်ဆုံးပါပဲ။ နှုတ်ခမ်းနီကိုလည်း ဂရုစိုက်သင့်တယ်။ ဆောင်းတွင်းက နှုတ်ခမ်းသားကောင်းတဲ့သူတွေတောင်မှ နှုတ်ခမ်းကွဲတာ ၊ လန်တာ ဖြစ်တတ်တော့ lip balm လေး သုံးရင်သုံး မသုံးရင် Vaseline က ထုတ်တဲ့ အဆီလေးကို နှုတ်ခမ်းမှာ လိမ်းပေးရမယ်၊ နှုတ်ခမ်းနီဆိုးရင်တောင် Matt ကို မဆိုးဘဲ အဆီပါတာလေး ဆိုးသင့်တယ်၊ မဟုတ်ဘူး၊ Matt မှ ကြိုက်တယ်ဆိုရင်တော့ Vaseline အဆီလေးကို အောက်မှာခံပြီးမှ အပေါ်ကနေ နှုတ်ခမ်းနီထပ်ဆိုးတာက ပိုအဆင်ပြေပါတယ်။"

ဒီနည်းလမ်းလေးတွေ အသုံးပြုပြီးတော့ မိတ်ကပ်လိမ်းခြယ်မယ်ဆိုရင်တော့ ဆောင်းတွင်းမှာလည်း လှပစွဲမက်စရာကောင်းတဲ့အလှတရားနဲ့ ကိုယ့်ကိုယ်ကိုယ် ကျေနပ်နေနိုင်မှာ သေချာပါတယ်။

Share

Loading Next Article...
က္က