လက်ရှိ ဧရာဝတီမြစ်ရေနဲ့ ချင်းတွင်းမြစ်ရေ အခြေအနေကြောင့် အနီးတစ်ဝိုက်ကမြို့နယ်တွေမှာ နေထိုင်ကြသူများ အထူးသတိပြုနေထိုင်ကြရန်လည်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးချက် ထုတ်ပြန်ထားပါတယ်။
photo- ခန္တီးမြို့သတင်းစုံ( ချင်းတွင်းမြစ်ရေအခြေအနေ)
ယခုရက်ပိုင်းမှာ တိုင်းဒေကြီးပြည်နယ်အလိုက် မိုးအဆက်မပြတ်ရွာသွန်းလျှက်ရှိနေတာကြောင့် ဧရာဝတီမြစ်ရေ နဲ့ ချင်းတွင်းမြစ်ရေတို့ဟာ ရက်ပိုင်းအတွင်း စိုးရိမ်ရေမှတ်ရောက်ရှိလာနိုင်တယ်လို့ မိုးလေဝသနှင့် ဇဗေဒညွှန်ကြားမှုဦးစီးဌာနက ဇူလိုင်လ(၁၀)ရက်နေ့ မွန်းလွဲ (၃)နာရီအချိန်က ထုတ်ပြန်ကြေညာပါတယ်။
ဇူလိုင်လ (၁၀) ရက်နေ့ မွန်းလဲ(၂း၃၀) အချိန်မှာ ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနားမြို့မှာ (၃) ပေခန့်၊ ဗန်းမော်မြိ့မှာ (၇) ပေခွဲခန့်နဲ့ ရွှေကူမြို့မှာ (၄) ပေခန့်ရှိနေပြီး အဆိုပါမြို့များရဲ့ စိုးရိမ်ရေမှတ် အသီးသီးအောက်မှာ ရောက်ရှိနေပါတယ်။ မြစ်ရေဟာ မြစ်ကြီးနားမြို့နဲ့ ရွှေကူမြို့တို့မှာ နောက်(၂) ရက်အတွင်း၊ ဗန်းမော်မြို့မှာ နောက်(၃)ရက်အတွင်း စိုးရိမ်ရေမှတ်တွေကို ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ချင်းတွင်းမြစ်ရေကတော့ ခန္တီးမြို့မှာ (၅) ပေခွဲခန့်နဲ့ ဟုမ္မလင်းမြို့မှာ (၆) ပေခွဲခန့် စိုးရိမ်ရေမှတ်အောက်ကို ရောက်ရှိနေပါတယ်။ မြစ်ရေဟာ နောက် (၂) ရက်အတွင်း အဆိုပါမြို့များရဲ့ စိုးရိမ်ရေမှတ် အသီးသီးကို ရောက်ရှိနိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ကြေညာထားတာပါ။
လက်ရှိ ဧရာဝတီမြစ်ရေနဲ့ ချင်းတွင်းမြစ်ရေအခြေအနေကြောင့် မြစ်ကြီးနားမြို့နယ်၊ ဗန်းမော်မြို့နယ်၊ ရွှေကူမြို့နယ်၊ ခန္တီးမြို့နယ်နှင့် ဟုမ္မလင်းမြို့နယ် များအတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများ အနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန်ကိုလည်း ထုတ်ပြန်ချက်မှာ သတိပေးဖောပြထားပါတယ်။