လက်ရှိမှာတော့ စက်ရုံကြီး ၁၂ရုံကိုပြန်လည်ဖွင့်လှစ်ခွင့်ပြုထားပြီးပြီလို့သိရပါတယ်။

မေလ ၁၅ရက်နေ့အပြီး စစ်ဆေးမှုတွေပြုလုပ်ကာ စက်ရုံအလုပ်ရုံစုစုပေါင်း ၇၄၅ရုံစလုံး မေလအတွင်းမှာပဲ ပြန်ဖွင့်နိုင်မှာပါ။



ဧရာဝတီတိုင်းဒေသကြီးမှာရှိတဲ့ စက်ရုံ၊အလုပ်ရုံ ၇၀၀ကျော်ကို မေလအတွင်းပြန်ဖွင့်နိုင်ဖို့ စစ်ဆေးဆောင် ရွက်နေရာမှာ၈၀ရာခိုင်နှုန်းလောက်ပြီးစီးနေပြီလို့ ဧရာဝတီတိုင်းဒေသကြီး လဝကဝန်ကြီး ဒေါက်တာစိုးဝင်းက Duwunကိုပြောပါတယ်။



ဧရာဝတီတိုင်းမှာ လက်ရှိအချိန်ထိ စက်ရုံကြီး ၁၂ရုံကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုထားပြီး ဖြစ်ကာ အများစုက အထည် ချုပ်လုပ်ငန်းတွေဖြစ်ပါတယ်။ ပြန်ဖွင့်ခွင့်ပေးထားတဲ့အထဲမှာ စားသောက်ကုန်စက်ရုံ သုံးရုံပါတယ်လို့လည်းသိရပါတယ်။

“ လက်ရှိတော့ ၁၂ရုံဖွင့်တဲ့အထဲမှာ အထည်ချုပ်များတယ်၊စားသောက်ကုန်က သုံးရုံပါပြီး ဆေးဝါးစက်ရုံကတော့ ကျွန်တော်တို့ဧရာဝတီတိုင်းမှာမရှိပါဘူး။စုစုပေါင်း စက်ရုံ၊အလုပ်ရုံအသေးတွေအပါအဝင်ဆိုရင် ဧရာဝတီတိုင်းမှာ ၇၄၅ရုံရှိတယ်။အကုန်လုံးကိုမေလအတွင်းပြန်ဖွင့်နိုင်ဖို့ လုပ်ဆောင်နေတာ အခုဆိုရင် ၈၀ရာခိုင်နှုန်းလောက်စစ် ဆေးပြီးစီးနေပါပြီ။”လို့ ဒေါက်တာစိုးဝင်းက ပြောပါတယ်။

စက်ရုံအလုပ်ရုံတွေကိုပြန်ဖွင့်စေရာမှာ အဓိကအနေနဲ့ အချက် ၃ချက်ဖြစ်တဲ့ လူစုလူဝေးကို အတတ်နိုင်ဆုံး မပြု လုပ်ဖို့၊Mask အပြင် Face Shieldကိုမဖြစ်မနေတပ်ဆင်လုပ်လုပ်ဖို့နဲ့ ဝန်ထမ်းကြိုပို့ ယာဥ်တွေကိုလည်း မူလဝင် ဆံ့တဲ့လူဦးရေထက် တစ်ဝက်လျော့ပြီး ဖယ်ရီလုပ်ပေးဖို့ စတဲ့ အချက်တွေကိုအခြေခံထားပြီး ပြန်လည် ဖွင့်လှစ် ခွင့်ပေး တယ်လို့လည်း သိရပါတယ်။

“အချက် ၃ချက်ကိုအခြေခံပြီးဖွင့်လှစ်စေပါတယ်။စက်ရုံတွေရဲ့ အလုပ်သဘောအရတော့ လုံးဝကြီး ၃ပေကွာ ၆ပေကွာ တိတိကျကျတော့ လုပ်‌ဆောင်လို့မရတာရှိတယ်။ဒီအပေါ်မှာတော့ အတတ်နိုင်ဆုံး ဂရုစိုက်ဖို့ မှာကြား ထားတာရှိတယ်။အလုပ်လုပ်တဲ့အခါမှာလည်း တစ်ယောက်နဲ့တစ်ယောက် အကာအရံလေးတွေ လုပ်ဖို့လည်း ညွှ န်ကြားထားတာရှိတယ်။ကားတွေကိုလည်း အရင် တစ်စီး ၃၀ဆံ့ရင် ၁၅ယောက်ပဲ စီးဖို့ လုပ်ဆောင်တာတွေရှိပါ တယ်။”လို့ ဒေါက်တာစိုးဝင်းကဆက်လက်ပြောပါတယ်။

စက်ရုံအလုပ်ရုံတွေကို မေလ ၁၅ရက်နေ့မှာ အပြီးစစ်ဆေးသွားမှာ ဖြစ်ပြီး ဝန်ထမ်း ၃ဦး၄ဦးလောက်သာရှိတဲ့စက်ရုံ အလုပ်ရုံ အသေးစားတွေအပါအဝင် စက်ရုံအလုပ်ရုံ စုစုပေါင်း ၇၄၅ရုံစလုံးကို မေလအတွင်း အပြီးပြန်ဖွင့်နိုင် မယ် လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံမှာ COVID-19ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၁၇၇ဦးရှိတဲ့အနက် ဧရာဝတီတိုင်းဒေသကြီးမှာတော့ COVID-19ဓာတ်ခွဲအတည်ပြုလူနာ တစ်ဦးမျှမရှိသေးပါဘူး။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က