ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ နှစ်ကြိမ်ဆက်ပိုးကင်းစင်စာရင်းမှာတော့ မပါသေးပါဘူး။

မေလဆန်းပိုင်းကစပြီး ပြည်ပနိုင်ငံများကနေ ပြန်လည်ခေါ်ဆောင်မလာတဲ့ အလုပ်သမားများကြားမှာ ပိုးတွေ့မှုက မေလ လယ်လောက်ကစတင်ခဲ့ပြီးတဲ့နောက် မေလကုန်ကစပြီး ရောဂါပျောက်ကင်းမှုတွေ စတင်ခဲ့ရာမှာ အခုဆိုရင် မလေးရှားပြန်တစ်ဦးဖြစ်တဲ့ လူနာအမှတ် ၁၉၁ လည်း နှစ်ကြိမ်ဆက်တိုက် Negative ပြနေပြီလို့ သိရပါတယ်။

ဓာတ်ပုံ - Aung Naing Oo (လူနာကို ကွာရန်တင်းနေရာမှ ဆေးရုံသို့ ပြောင်းရွှေ့စဥ်)



မလေးရှားကနေ အစိုးရအစီအစဥ်နဲ့ ပြန်ရောက်လာတဲ့ လူနာအမှတ် ၁၉၁မှာ နှစ်ကြိမ်ဆက်တိုက် ရောဂါပိုး Negative ပြနေပြီလို့ ပုသိမ်ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်က Duwunကိုပြောပါတယ်။

“ကျွန်တော်တို့ မနေ့ညက ဆေးစစ်ချက်အဖြေအရ နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့တော့ပါဘူး။နှစ်ကြိမ်ဆက်တိုက် ဆိုပေမယ့်လည်း ဆေးရုံမှာ ဆက်လက်စောင့်ကြည့်ပြီး နောက်ထပ် ဆေးစစ်ဖို့တွေလိုပါသေးတယ်။”လို့ ပုသိမ် ဆေးရုံအုပ်ကြီးက ပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီးမှာ လက်ရှိ ပိုးတွေ့လူနာ ၂ဦးရှိနေပြီး ၂ဦးစလုံးက မလေးရှားက ပြန်လာသူတွေဖြစ်ကာ လက်ရှိမှာ တစ်ဦးကတော့ ရောဂါပိုးမပျောက်သေးပဲ တစ်ဦးကတော့ ၂ကြိမ်ဆက်တိုက် ပြန်လည်ပျောက်ကင်းနေပါပြီ။

မြန်မာနိုင်ငံမှာတ မေလ၁၆ ရက်ကနေ ဒီနေ့ ဇွန်လ ၃ ရက်အထိ ဆိုရင် ရက်ပေါင်း ၂၀ နီးပါးအတွင်း ပြည်ပကပြန်လာသူစုစုပေါင်း ၅၀ ဦးအထိပိုးတွေ့ရှိထားတာ ဖြစ်ပြီး မလေးရှားပြန် ၁၃ ဦး၊ ယူအေအီးပြန် ၈ ဦး၊ အိန္ဒိယပြန် ၂၆ ဦး၊ အီတလီပြန် ၁ ဦး၊ တရုတ်ပြန် ၁ ဦး နဲ့ ထိုင်းပြန် ၁ ဦးတို့မှာပိုးတွေ့ရှိထားတာပါ။

ဓာတ်ပုံ - Aung Naing Oo (လူနာကို ကွာရန်တင်းနေရာမှ ဆေးရုံသို့ ပြောင်းရွှေ့စဥ်)

သူတို့ထဲက ၄ ဦးဖြစ်တဲ့ လူနာနံပါတ် ၁၈၄, ၁၈၅, ၁၈၆ နဲ့ ၁၉၃ တို့က ရောဂါပျောက်ကင်းကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ လက်ရှိမှာတော့ မြန်မာနိုင်ငံမှာ ရောဂါပိုးအတည်ပြုလူနာ ၂၃၃ဦးရှိတဲ့အထဲမှာ ရောဂါပိုး နှစ်ကြိမ်ဆက်တိုက် ရောဂါပိုးမတွေ့တော့ဘဲ ပိုးကင်းစင်လာသူကတော့ လူနာနံပါတ် ၁၉၁ အပါအဝင် ၁၄၄ဦးထိ ရှိလာပါပြီ။ ရောဂါပိုးကင်းစင်သူတွေထဲမှ ဆေးရုံက ဆင်းခွင့်ရသူက ၁၃၁ဦးထိရှိပြီး သေဆုံးခဲ့သူကတော့ ၆ဦးရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က