ထွက်ဖူးသမျှ Apple Watch တွေထဲမှာ အကောင်းဆုံး ကျန်းမာရေး စောင့်ရှောက်မှုစနစ်တွေ ထည့်သွင်းလာတဲ့ နာရီတစ်ခုက Apple Watch Series 4 ပါ။
Photo: Digital Trends
စတုတ္ထမျိုးဆက် Apple Watch Series 4 ဟာ အရင်မျိုးဆက်ထက် ပိုပါးလာတဲ့ ဒီဇိုင်းကိုမှ မျက်နှာပြင်အရွယ်အစားမှာ အနည်းဆုံး ၃၀% ပိုကြီးလာတာပါ။ ဘေးဘောင်တွေကို ပါးနိုင်သမျှ ပါးလာပြီး ၄၄ မီလီမီတာာ နဲ့၄၂ မီလီမီတာ မော်ဒယ်နှစ်မျိုး ထွက်ထားတာ ဖြစ်ပါတယ်။
အရင်နှစ်ကတော့ Apple ဟာ ၃၈ မီလီမီတာနဲ့၄၂ မီလီမီတာ မော်ဒယ်တွေထွက်ခဲ့တာပါ။ ဒီနှစ်မှာ ပိုကြီးတဲ့ Apple Watch Series 4 မော်ဒယ်ဟာ ၃၅% မျက်နှာပြင်ပိုပြည့်လာပြီး အငယ်ဗားရှင်းကတော့ အရင်မျိုးဆက်ထက် ၃၂% ပိုကြီးလာတာ ဖြစ်ပါတယ်။ ဒီဇိုင်းပိုင်း ထူးခြားမှုတစ်ခုက Series 4 မော်ဒယ်တွေဟာ မျက်နှာပြင်ကြီးပေမယ့် အရင် Watch Series 3 ထက်တောင် ပိုပါးနေမှာပါ။
GPS နဲ့LTE မော်ဒယ်နှစ်မျိုး ပါလာပြီး အရင်ကထက် နှစ်ဆပိုမြန်တဲ့ processor ၊ အရင်ကထက် ၅၀% ပိုကျယ်လောင်တဲ့ အသစ်စနစ်များ အပြင် haptic feedback လို့ခေါ်တဲ့ လက်အထိအတွေ့ဖတ်နိုင်တဲ့ စနစ်သစ်ကို ပထမဆုံး ထည့်သွင်းလာပါတယ်။
ECG ရိုက်မယ့်သူဟာ ဒီနာရီထဲမှာ ပါတဲ့ ECG app ကို ဖွင့် ၊ Digital Crown ပေါ်က haptic feedback ကို ထိထားပြီး ECG လို့ခေါ်တဲ့ နှလုံးခုန်စနစ်ကို တိုင်းတာနိုင်တာက စိတ်ဝင်စားဖို့အကောင်းဆုံး နည်းပညာတစ်ခုလည်း ဖြစ်ပါတယ်။
စက္ကန့်၃၀ အတွင်း ECG ဖတ်ပေးသွားမှာ ဖြစ်ပြီး အချက်အလက်တွေကိုတော့ iPhone မှာ ပါတဲ့ Health app ထဲမှာ ပြန်သိမ်းသွားမှာပါ။ ဒီအချက်အလက်တွေကို PDF အနေနဲ့ထုတ်ပြီး ကိုယ့်ရဲ့ ဆရာဝန်ဆီ ပြန်ပြနိုင်လို့တစ်ကိုယ်ရေ ကျန်းမာရေးစနစ်မှာ အတော်လေးကို အဆင့်မြင့်လာတာလို့ဆိုနိုင်ပါတယ်။
Apple ဟာ Apple Watch Series 4 ရဲ့ ECG feature အတွက် FDA ထောက်ခံချက် ရထားပြီး ဖြစ်သလို အခုနှစ်ကုန်ပိုင်းလောက်မှာ US ကနေ တစ်ဆင့် ကမ္ဘာနဲ့အဝှမ်းကို ဖြန့်ချိသွားမယ်လို့ဆိုပါတယ်။
Apple Watch Series 4 ရဲ့ နောက်ထပ် စိတ်ဝင်စားစရာ feature တစ်ခုက မတော်တဆလဲကျမယ်ဆိုရင် အလိုအလျောက် သိနိုင်ပြီး ရိုးရိုး ခြေချော်လဲတာကနေ ထောင်လိုက်ကျတာ ၊ အရုပ်ကြိုးပြတ် ပစ်လဲ ကျသွားတာမျိုးတွေပါ သိရှိနိုင်မှာပါ။
ဒီအတွက်လည်း လက်မောင်းလှုပ်ရှားမှုတွေ အဟုန်နဲ့ဟန်ချက် တွက်ချက်မှု စနစ်တွေ ပါလာပါတယ်။ ဒီလဲကျမှုတွေကို ကြည့်ပြီး အရေးပေါ် ဖုန်းခေါ်ဆိုမှုတွေပါ လုပ်ပေးနိုင်မှာပါ။ ဒီအချက်ဟာ သွေးတိုးလိုမျိုး ရောဂါ ရှိသူတွေ အသက်အရွယ်ကြီးရင့်သူများအတွက် အထောက်အကူဖြစ်စေမယ့် အချက်တွေလို့ဆိုနိုင်ပါတယ်။
watchOS 5 သစ်ကို သုံးထားတာ ဖြစ်လို့အလိုအလျောက် workout ထောက်လှမ်းရေး စနစ် ၊ walkie-talkie mode များ ၊ ပိုမိုကောင်းမွန်သားနားတဲ့ noti စနစ်တွေနဲ့အလန်းစား UI ဒီဇိုင်းသစ်များကို တွေ့ရမှာပါ။
Photo: Tech Crunch
Apple Watch Series 4 ရိုးရိုးမော်ဒယ်ကို ၃၉၉ ဒေါ်လာ (မြန်မာငွေ ၆ သိန်း ကျော်) နဲ့cellular မော်ဒယ်ကို ၄၉၉ ဒေါ်လာ ( မြန်မာငွေ ၇ သိန်းခွဲကျော်) ဈေးတွေနဲ့ စက်တင်ဘာ ၂၁ ရက်နေ့မှာ စတင်ရောင်းချသွားမယ်လို့ဆိုပါတယ်။
Share