ထူးပိုင်ဇော်ဦးက သရုပ်ဆောင်ဒေါင်းနဲ့ ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားကြီး အကြောင်းပြောလာပါတယ်။ သူဟာ ‘’ည’’ ရုပ်ရှင်ကားကြီး ပုံဖော် ဖန်တီးသူတစ်ယောက်အဖြစ် ပရိသတ်အားပေးမှု ရရှိခဲ့သူ ဖြစ်ပါတယ်။
Photo: ထူးပိုင်ဇော်ဦး
ဒါရိုက်တာ ထူးပိုင်ဇော်ဦးက သူ့ရဲ့ တတိယမြောက်ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်တဲ့ ’လရဲ့အောက်ဘက်မိုင်အဝေးမှာ’ရုပ်ရှင် ဇာတ်ကားကြီးကို သရုပ်ဆောင် ဒေါင်းနဲ့ ရိုက်ကူးပုံဖော်သွားမယ်လို့ သိရပါတယ်။ ဒီဇာတ်ကားဟာ စာရေးဆရာမဂျူး ရဲ့ဝတ္ထုကောင်းတစ်ပုဒ်ဖြစ်တယ်လို့ ဆိုပါတယ်။
‘’လရဲ့အောက်ဘက် မိုင်အဝေးမှာ ဝတ္ထုကို ရုပ်ရှင်အဖြစ်ရိုက်ကူးဖို့ ဆရာမဂျူးနဲ့ သဘောတူညီချက်ရခဲ့တဲ့ အချိန်ကတည်းက နေရောင်ခန့် ဇာတ်ကောင်နေရာကို " ဒေါင်း " တစ်ယောက်တည်းကိုပဲ မြင်ယောင်ထားတာ။ အခုတော့ ကျတော်တို့ တကယ်ကို အတူတကွ ပုံဖော်ဖန်တီးဖို့ ဖြစ်လာပါပြီ။ နေရောင်ခန့် အဖြစ် DAUNG - ဒေါင်း’လရဲ့အောက်ဘက်မိုင်အဝေးမှာ’ရုပ်ရှင်'' ဆိုပြီးတော့ ဖေဖော်ဝါရီလ ၅ ရက်နေ့ ညနေ ၆ နာရီ ၁၁ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။
Photo: ထူးပိုင်ဇော်ဦး
ထူးပိုင်ဇော်ဦးကိုတော့ ‘’ည’’ ရုပ်ရှင်ဇာတ်ကားကြီး ဖန်တီးသူတစ်ယောက်အဖြစ် ပရိသတ်တွေ စတင်အားပေးခဲ့ကြတာ ဖြစ်ပါတယ်။ တက်သစ်စ လူငယ်ဒါရိုက်တာတစ်ယောက် အနေနဲ့ အကောင်းဆုံးတွေ ဖန်တီးနိုင်လို့လည်း ဝါရင့်အနုပညာရှင်ကြီးတွေရဲ့ ချီးကျူးခြင်းကို ခံထားရသူတစ်ယောက်ပါ။
သရုပ်ဆောင် ဒေါင်း(Daung) ကတော့ လက်ရှိ ရုံတင်ပြသနေတဲ့ လိပ်ပြာစံအိမ် ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒေါင်းကိုတော့ မိန်းကလေးပရိသတ်အများဆုံး အားပေးကြတာကို တွေ့ရပါတယ်။ သူ့အနေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေသာမက ရုပ်သံဇာတ်လမ်းတွဲတွေလည်း ရိုက်ကူးနေရတာကို တွေ့ရပါတယ်။
Photo: ထူးပိုင်ဇော်ဦး
ဒါရိုက်တာ ထူးပိုင်ဇော်ဦး (Htoo Paing Zaw Oo)ဟာ သူ့ရဲ့ ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ ‘’ည’’ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးပြီးခဲ့တဲ့နောက် ‘’သူစိမ်းအိမ်’’ ဆိုတဲ့ ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကားကြီးကို ပုံဖော်ရိုက်ကူးထားပါတယ်။ ဒီဇာတ်ကားထဲမှာတော့ သရုပ်ဆောင်လွင်မိုး၊ ထွန်းအိန္ဒြာဗိုနဲ့ ဖွေးဖွေးတို့က အဓိက ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။