တရားမဝင်ဆေးခန်းတွေနဲ့ ဆေးဝါးတွေကြောင့် ထိခိုက်မှုတွေများနေပါတယ်။

ဆေးပညာလောကမှာတကယ်မတတ်ပဲ ကုသပေးနေတဲ့ ရမ်းကုတွေကို အရေးယူပေးဖို့ မြန်မာနိုင်ငံဆရာဝန်များအသင်းကနေ ဆေးကောင်စီကို တောင်းဆိုထားပါတယ်။

 

Myanmar-Medical-Council.jpg

ဆေးတက္ကသိုလ်ကနေဘွဲ့ရပြီးတရားဝင် ဆေးကုခွင့်ရှိတဲ့ဆရာဝန်တွေအနေနဲ့ လူနာတိုင်ကြားတဲ့အခါမှာ စုံစမ်းစစ်ဆေးခံရပြီး အခြေအနေပေါ် မူတည်ပြီး အရေးယူခံရတဲ့အခြေအနေတွေရှိနေပေမယ့် အရည်အချင်းလုံးဝမရှိဘဲ ဆေးကုသခွင့်မရှိတဲ့ ရမ်းကု ဆရာဝန်တွေက အရေးယူခြင်းမခံရဘဲ နဲ့ လုပ်ကိုင်နေတာကြောင့် အရေးယူပေးဖို့တိုင်ကြားထားတာပါ။

ဆေးကောင်စီရဲ့ အဓိက အရည်ရွယ်ချက်ဖြစ်တဲ့ အရည်အသွေးပြည့်ဝတဲ့ ထိရောက်မှုနဲ့ လုံခြုံမှုရှိတဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို နိုင်ငံအတွင်းမှာ ရှိတဲ့လူတွေ ခံစားခွင့်ရစေဖို့အတွက် ရမ်းကုတွေကို တည်ဆဲဥပဒေအရ အရေးယူဖို့ ပြည်သူလူထုကို တောင်းဆိုတယ်ဆိုပြီး တော့ သြဂုတ်လကုန်ပိုင်းက စာပေးပို့ထားပါတယ်။

ဒီလိုအရေးယူပေးဖို့ ကို မြန်မာနိုင်ငံဆရာဝန်အသင်း(ဗဟို)ကော်မတီကနေ အစည်းအဝေးလုပ်ပြီးတောင်းဆိုတာဖြစ်ပြီးတော့ ကျွမ်းကျင်မှုမရှီ၊ တရားဝင်ဆေးကုသခွင့်လိုင်စင်မရှိဘဲ ဆေးကုနေတဲ့ ရမ်းကုတွေက လိမ်လည်ပြီး၊ တရားမဝင်ဆေးထိုးအပ်ကိုင်ဆောင်ပြီး ခွဲစိတ်မှုတွေ၊ ကျန်းမာရေး အန္တရာယ်ဖြစ်စေမယ့် အလုပ်တွေလုပ်ကိုင်နေကြတယ်လို့ ထုတ်ပြန်ထားတာပါ။

ပြီးခဲ့တဲ့လတွေတုန်းကလည်း ရန်ကုန်မှာရှိတဲ့ တရားမဝင်ဆေးခန်းတွေကနေ လူမှုကွန်ယက်တွေမှာပြဿနာဖြစ်တာတွေရှိခဲ့ပြီးတော့ ပြည်တွင်းကအထူးကုဆရာဝန်တွေနဲ့ ပါတ်သတ်ပြီးတော့လည်း လူနာရှင်တွေရဲ့ မကျေနပ်မှုတွေ၊ဝေဖန်မှုတွေ ဖြစ်ပေါ်ခဲ့တာကို တွေ့ရပါတယ်။

ဆေးကောင်စီကို အရည်အချင်းမပြည့်ဝသူတွေ၊ ကြုံရာလူတွေကနေ လူထုကို ဆေးကုသပေးတာတွေ များလာတာကို အကာကွယ်ပေးဖို့ ဖွဲ့စည်းထားတာဖြစ်ပြီးတော့ ဆရာဝန်ကို မကျေနပ်ဘဲတိုင်ကြားရင်၊ စုံစမ်းစစ်ဆေးဖို့ ၊ဆရာဝန်ကို တိုင်ကြားရင် စုံစမ်းဖို့ နဲ့ ဆေးတက္ကသိုလ်တွေရဲ့ အဆင့်အတန်းကို စစ်ဆေးသတ်မှတ်ပေးဖို့ ၂၀၁၅ ခုနှစ်မှာ ပြန်လည်ဖွဲ့ စည်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က