ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကိုသွားတာဖြစ်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ရခိုင်ပြည်နယ်မှာကျင်းပမယ့် ရင်းနှီးမြှုပ်နှံမှုဖိုရမ် တက်ရောက်ဖို့ ဖေဖေ်ဝါရီလ ၂၁ ရက်နေ့မှာ ရခိုင်ပြည်နယ်ကိုသွားရောက်မယ်လို့ သိရပါတယ်။

Photo - Myanmar State Counsellor Office



အဲ့ဒီဖိုရမ်အပြီးမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ရခိုင်ပြည်နယ်ဒေသခံတွေနဲ့တွေ့ဖို့ စီစဉ်ထားတယ်လို့လည်း ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက Duwun ကိုပြောပါတယ်။ ရခိုင်ပြည်နယ်အတွင်းက တိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ ပြောမယ် မပြောဘူးဆိုတာ မသေချာဘူးလို့ သူကပြောပါတယ်။ အဆိုပါရင်းနှီးမြှုပ်နှံမှုဖိုရမ်ဟာ ရခိုင်ပြည်နယ်ထဲမှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေပိုမိုဝင်ရောက်လာဖို့ရည်ရွယ်ပြီးကျင်းပတာဖြစ်ပြီး ဖေဖော်ဝါရီ ၂၁ ရက်ကနေ ၂၃ ရက် အထိ သံတွဲမြို့နယ် ငပလီကမ်းခြေမှာ ပြုလုပ်မှာ ဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၃ ရက်ကနေ ၁၅ အထိ တနင်္သာရီ တိုင်းဒေသကြီးကို ၃ ရက် ကြာ သွားရောက်ခဲ့ပါတယ်။ တနင်္သာရီတိုင်းခရီးစဉ်အတွင်းမှာတော့ ဒေသခံပြည်သူတွေက တိုင်းဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ရဲ့ လုပ်ငန်းဆောင်ရွက်မှု အားနည်းတာ၊ ပွင့်လင်းမြင်သာမှု မရှိတာ၊ လာဘ်ပေးလာဘ်ယူမှုတွေ ရှိနေတာကိုနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြခဲ့ကြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က