ရဲတိုက်ရဲ့ သရုပ်ဆောင်မှုတွေအပေါ် အခုလိုပြောပြထားပါတယ်။

ရဲတိုက်ရဲ့ သရုပ်ဆောင်မှုတွေဟာ ဒွေးကို ပြန်ရလိုက်သလို ခံစားရတယ်လို့ သားညီက ရင်ဖွင့်ပြောပြလာပါတယ်။ အဲဒီနောက် ရဲတိုက်ကို အားပေးစကားတွေ ပြောပြခဲ့ပါသေးတယ်။

Photo: Thar Nyi

သားညီက ရဲတိုက်ရဲ့ သရုပ်ဆောင်မှုတွေကို ကြည့်ရင်း အစ်ကိုဖြစ်သူ ဒွေးကို ပြန်သတိရမိတဲ့အကြောင်းတွေ ပြောလာပါတယ်။ သူဟာ ဇူလိုင် ၃ ရက်နေ့ ညက ‘’ဒဏ္ဍာရီမိုး’’ရုပ်ရှင် အထူးပြပွဲကို တက်ရောက်အားပေးခဲ့တာ တွေ့ရပါတယ်။

‘’ကိုသားကြီးကို အစားပြန်ရလိုက်သလိုပါပဲ ရဲတိုက်ရယ်။ ဒီည ရုပ်ရှင်ကြည့်နေတဲ့ တစ်ချိန်လုံး ဒါကိုပဲတွေးနေမိတာ၊ မျက်လုံးတွေ မျက်လုံးတွေ တူလိုက်ကြတာဗျာ။ တိုက်ဆိုင်လွန်းတာက July 11 မှာ  ဒွေးဆိုတဲ့ သရုပ်ဆောင်တစ်ယောက်ကို ခေါ်သွားခဲ့ပြီး။ July 11 မှာပဲ ရဲတိုက်ဆိုတဲ့ အမိုက်စား သရုပ်ဆောင်တစ်ယောက်ကို ပရိတ်သတ်ကို ပြန်ပေးလိုက်သလိုပါပဲ။ သားညီ’’ ဆိုပြီးတော့ ဇူလိုင်လ ၃ ရက်နေ့ ည ၁၁ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

Photo: Ye Dight

ရဲတိုက် ပါဝင်သရုပ်ဆောင်ထားတဲ့ ‘’ဒဏ္ဍာရီမိုး’’ ရုပ်ရှင်ဇာတ်ကားကြီးုကို ဇူလိုင်လ ၁၁ ရက်နေ့မှာ မြန်မာတစ်နိုင်ငံလုံးရှိ JCGV ရုပ်ရှင်ရုံတိုင်းမှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို ဒါရိုက်တာဝင်းလွင်ထက် ရိုက်ကူးပုံဖော်ထားပြီး ရဲတိုက်၊ ဒေါင်း၊ ရွှေထူးနဲ့ ဝတ်မှုံရွှေရည်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

သားညီဟာ ယခင်ကလို သရုပ်ဆောင်ပိုင်းတင်မက ဒါရိုက်တာဘက်ကိုပါ အားကြိုးမာန်တက်နဲ့ကြိုးစားလာတာကိုတွေ့ရပါတယ်။ အခုဆိုရင် ဇာတ်ကားတော်တော်များများကို ဒါရိုက်တာ လုပ်လာပြီဖြစ်ကာ ဒါရိုက်တာတစ်ယောက်အနေနဲ့ ပရိသတ်တွေကပါ လက်ခံလာကြတာကိုလည်း တွေ့ရပါတယ်။ သားညီအနေနဲ့သရုပ်ဆောင် ဘဝမှာ ဖန်တီးခွင့်မရတာလေးတွေကို ဒါရိုက်တာ ဘဝမှာ ဖန်တီးခွင့်ရလာတယ်လို့လည်း ယခင်က အင်တာဗျူးတွေမှာ ဖြေဆိုဖူးပါတယ်။

Photo: Thar Nyi

သားညီကိုတော့ သရုပ်ဆောင် ဒွေး ရဲ့ ညီအရင်း တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် Music Video တွေ၊ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယို ဇာတ်ကားတွေ နဲ့ တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်အားပေးမှုတွေရရှိလာတာဖြစ်ပါတယ်။ သူ့ရဲ့ အနုပညာသက်တမ်းကလည်း နှစ်ပေါင်း ၂၀ ကျော်ကာလကို ရောက်ရှိနေပါပြီ။

Share

Loading Next Article...
က္က