ကျော်ဟိန်းနဲ့ ဒွေးကို ရိုက်ဖို့ စီစဉ်ခဲ့ဖူးတယ်လို့ဆိုပါတယ်။

ဒါရိုက်တာ စတီးလ်က ကျော်ဟိန်း၊ ဒွေး တို့နဲ့ ရိုက်ဖို့ စီစဉ်ခဲ့ဖူးတဲ့ ဇာတ်လမ်းလေးကိုတော့ အလင်းရောင်၊ ထွန်းကိုကို၊ ခါရာ၊ တိုင်ရွန်တို့နဲ့ ရိုက်ကူးတော့မယ်လို့ သိရပါတယ်။

Photo: Steel



ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ) ဟာ သရုပ်ဆောင် ကျော်ဟိန်း၊ ဒွေး တို့နဲ့ ရိုက်ဖို့ ရည်ရွယ်ထားခဲ့တဲ့ ရုပ်ရှင်ဇာတ်လမ်းကိုတော့ ၂၀၁၉ ခုနှစ် ဇူလိုင်လမှာ စတင်ရိုက်ကူူးတော့မယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒွေးကတော့ ဒီဇာတ်လမ်းကို အစအဆုံး ဖတ်ခဲ့ပြီးပြီလို့ ဆိုပါတာ်။ 

‘’ဦးကျော်ဟိန်း နှင့် ကိုသားကြီး တွဲရိုက်ဖို့အတွက် စိတ်ကူးယဉ်ပြီး ၂၀၀၅နှစ်က ကျွန်တော်စဉ်စားခဲ့ ကာ ရေခဲ့သည့်ဇာတ်လမ်းတစ်ပုဒ် ပါ။ အဲဒီတုန်းက ကိုသားကြီးကတော့ ဖတ်ဖူးတယ်။ ဒါပေမဲ့ မရိုက်ဖြစ်ကြဘူး အခုတော့ ရိုက်ပြီ။ ၊မူရင်း ပိုင်ရှင် မှ ဦးကျော်နှင့်ကိုသားကြီး ဓာတ်ပုံယူသုံးခွင်ပြုပါ ကျေးဇူးတင်ပါတယ်’’ ဆိုပြီးတော့ ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ) ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ဇွန်လ ၄ ရက်နေ့ ညနေ ၄ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာ တွေ့ရပါတယ်။






Photo: Steel

‘’ငါတို့သည်’’ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာတော့ သရုပ်ဆောင် အလင်းရောင်၊ ထွန်းကိုကို၊ ခါရာ၊ ထူးခြား၊ တိုင်ရွန်၊ နေထက်လင်း၊ နေမျိုးအောင်၊ သျှင်မြတ်၊ နေရဲ၊ သိန်းလင်း၊ စိစိ၊ ရွှေသမီး၊ ရွှေပိုးအိမ်၊ လမင်းကဗျာ တို့က အဓိက ပါဝင်သရုပ်ဆောင်ကြမယ်လို့ သိရပါတယ်။ ဒီဇာတ်ကားကိုတော့ Life ရုပ်ရှင် ထုတ်လုပ်ရေးက ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။

Photo: Steel

ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ) ဟာ ‘’ခိုးဆိုးလုနှိုက်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အောင်မြင်လာတဲ့ ဒါရိုက်တာတစ်ယောက်ပါ။ အဲဒီနောက်မှာပေါ့ သဘာဝဆန်ဆန် အက်ရှင်ဇာတ်ကား၊ မိသားစုဘဝအကြောင်း ပညာပေးဇာတ်ကားတွေ အကြောင်း ရိုက်ကူးခဲ့ပါတယ်။ အနုပညာလောကထဲကိုတော့ သရုပ်ဆောင် အကယ်ဒမီ ဒွေး ရဲ့ မန်နေဂျာ တစ်ယောက်အဖြစ် စတင်ခဲ့ခြင်းဖြစ်တယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုထားဖူးပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က