လာမယ့်နှစ်ဆို ၅ သိန်း ၆ သိန်းတန် 5G ဖုန်းတွေ မြင်ရဖို့ရှိပါတယ်

လာမယ့်နှစ်ကစပြီး 5G ဖုန်းတွေကို လက်ရှိထက် ထက်ဝက်ကျော် သက်သာတဲ့ဈေးနဲ့ဝယ်ယူနိုင်တော့မှာပါ။


တရုတ်စမတ်ဖုန်းကုမ္ပဏီတွေဟာ 5G ဖုန်းတွေ အပြိုင်အဆိုင် ထုတ်ထားပြီး ဒီထဲမှာ ဈေးအနည်းဆုံး 5G ဖုန်းဟာ Xiaomi Mi 9 Pro 5G ပါ။ Xiaomi Mi 9 Pro 5G ဟာ တရုတ် ၃၆၉၉ ( မြန်မာ ၇ သိန်း ၉ သောင်းခွဲ) ဈေးနဲ့ရောင်းချနေတဲ့ ဖုန်းဖြစ်ပြီး ဈေးသက်သာလွန်းတာကြောင့် စပြီး မိတ်ဆက်တဲ့ နေ့ရောင်းအားပြတ်လပ်တဲ့အထိ အဝယ်လိုက်ခဲ့ပါတယ်။

Photo: OPPO

၂၀၂၀ ပြည့်နှစ်မှာတော့ OPPO ဟာ တရုတ်ယွမ် ၃၀၀၀ ကျော် ( မြန်မာငွေ ၆ သိန်းခွဲ) ဈေးတန် 5G ဖုန်းးတွေ မိတ်ဆက်မယ်လို့ကြေညာသွားပါတယ်။ OPPO ဟာ ဈေးသက်သာတဲ့ 5G ဖုန်းတွေ ထုတ်ဖို့အပြင် Cloud Gaming ပိုင်း ၊ လူအများကြီး ရုပ်သံခေါ်ဆိုမှု လုပ်နိုင်မယ့် HD Multi-person Video Calling နဲ့Cloud ဓါတ်ပုံသိုလှောင်မှုပိုင်းလို 5G solution ဖွံ့ဖြိုးရေးအတွက် သုတေသနပိုင်းမှာ ရင်းနှီးမြှပ်နှံမှုတွေ လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။

" ကျွန်တော်တို့အိန္ဒိယက ထုတ်လုပ်မှုပိုင်း R&D နဲ့ပညာရှင်မွေးထုတ်မှုအပိုင်းမှာ ရင်းနှီးမြှပ်နှံမှုတွေ အားကောင်းကောင်းနဲ့လုပ်ဆောင်နေပါတယ်။ Greater Noida စက်ရုံမှာ ရူပီး ကုဋေ ၂၂၀၀ မြှပ်နှံထားပြီး အိန္ဒိယနိုင်ငံကို OPPO ရဲ့ ကမ္ဘာလုံးဆိုင်ရာ တင်ပို့ဌာနဖြစ်လာဖို့မျှော်လင့်ထားပါတယ်။" လို့OPPO India ရဲ့ ထုတ်ကုန်နဲ့ဈေးကွက်ပိုင်း ဒုဥက္ကဌ Sumit Walia က ပြီးခဲ့တဲ့ သြဂုတ်လက IANS ကို ပြောကြားခဲ့ပါတယ်။

Photo: GSMArena


ပြီးခဲ့တဲ့ ဇွန်လထဲမှာ ကျင်းပသွားတဲ့ MWC Shanghai ပွဲမှာ တရုတ်ရဲ့ အဓိက တယ်လီကွန်းအော်ပရေတာကြီး ဖြစ်တဲ့ China Mobile ရဲ့ ဒုဥက္ကဌ Li Huiwei ကလည်း ဈေးပိုသက်သာတဲ့ 5G radios တွေ ဖြန့်ချိမှာ ဖြစ်ပြီး ယွမ် ၁၀၀၀ ( မြန်မာငွေ ၂ သိန်း ၂ သောင်းခန့်) နဲ့ယွမ် ၂၀၀၀ ( မြန်မာငွေ ၄ သိန်း ၃ သောင်းဝန်းကျင်) အကြား တန်ဖိုးရှိတဲ့ 5G ဖုန်းတွေ ဖြန့်ချိသွားဖို့ရှိတယ်လို့ပြောခဲ့ပါတယ်။

လက်ရှိအချိန်အထိတော့ 5G ကွန်ရက်ချိတ်ဆက်နိုင်တဲ့ ဖုန်းတွေဟာ ဒေါ်လာ ၅၂၀ ကနေ ဒေါ်လာ ၂၆၀၀ ဈေးအထိ ပေါက်နေပါတယ်။ ၂၀၂၀ ပြည့်နှစ်မှာတော့ Qualcomm ကလည်း 5G modem ပါတဲ့ Snapdragon 6 series နဲ့7 Series တွေ ထုတ်သွားမှာ ဖြစ်လို့ဈေးချိုတဲ့ 5G ဖုန်းတွေ မြင်ရဖို့မဝေးတော့ဘူးလို့ဆိုရမှာပါ။

Share

Loading Next Article...
က္က