ဈေးနှုန်းမှားခဲ့ပေမယ့် order တွေကို ပို့ပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက်နေ့က ပြုလုပ်သွားတဲ့ Amazon Prime Day ကတော့ ထင်မထားလောက်တဲ့ လျှော့ဈေးတွေနဲ့ပွဲဖြစ်သွားခဲ့ပါတယ်။

Amazon ကနေ နှစ်တိုင်းပြုလုပ်နေကျ Shopping Day ဖြစ်တဲ့ Amazon Prime Day ကို ဇူလိုင် ၁၅ ရက်နေ့မှာ ကျင်းပခဲ့တာပါ။ ၃၆ နာရီကြာမြင့်တဲ့ ဒီဈေးရောင်းပွဲတော်မှာ လျှော့ဈေး အကြီးအကျယ်ချပေးပြီး ရောင်းချခဲ့တာ ဖြစ်ပါတယ်။ များသောအားဖြင့် အီလက်ထရောနစ်ပစ္စည်းတွေကို ဈေးအများဆုံး ချရောင်းခဲ့တာပါ။ ဒီနှစ် Amazon Prime Day မှာတော့ ဓါတ်ပုံသမားတွေဟာ အိပ်မက် မမက်ရဲလောက်တဲ့ ဈေးမျိုးနဲ့ကင်မရာပစ္စည်းတွေ ဝယ်ခွင့်ရခဲ့ပါတယ်။



Photo: TechReplubic

PetaPixel သတင်းအရ Prime Day နေ့မှာ တန်ဖိုးကြီး ကင်မရာပစ္စည်းတွေကို ဒေါ်လာ ၁၀၀ အောက် ဈေးနဲ့မှားရောင်းမိတယ်လို့ဆိုပါတယ်။ ဒေါ်လာ ၅၅၀ တန် 16-50mm lens နဲ့Sony a6000 Mirrorless ဒစ်ဂျစ်တယ်ကင်မရာကို Amazon မှာ ၉၄.၅၀ ဒေါ်လာနဲ့ရောင်းချခဲ့တာ ဖြစ်ပါတယ်။ တစ်ခြား ကင်မရာပစ္စည်းတွေကိုလည်း ၉၄.၅၀ ဒေါ်လာနဲ့ပဲ ရောင်းချခဲ့တာတွေ ရှိတယ်လို့ဝယ်ယူသူတွေကက ဆိုပါတယ်။

" ဈေးက ၉၄.၄၈ ဒေါ်လာ တစ်ဈေးတည်းလို ဖြစ်နေတယ်။ ကျွန်တော်ဆို ဒေါ်လာ ၁၃၀၀၀ တန် lens တစ်ခုကို ၉၄ ဒေါ်လာနဲ့ရတာ" လို့Prime Member တစ်ဦးက ပြောပါတယ်။ သူဝယ်ခဲ့တာကတော့ Canon EF 800 mm f/5.6L IS ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် သူရခဲ့တဲ့ discount ပမာဏဟာ ၉၉.၃% လျှော့ဈေး ဖြစ်နေပါတယ်။


Source: Slickdeals

အလားတူပဲ ဓါတ်ပုံဆရာတစ်ယောက်ဖြစ်တဲ့ ကိုဒီမက်ဂီးဟာ ၁၂၉၉ ဒေါ်လာတန် Fujifilm X100F ကို ၉၄.၄၈ ဒေါ်လာဈေးနဲ့ဝယ်ခဲ့သလို Slickdeals ဝက်ဘ်ဆိုက်ပေါ်က အဖွဲ့ဝင် စတိဗ်ဆိုသူဟာလည်း ဒေါ်လာ ၂၀၀၀ တန် CanonEOS R တစ်လုံးကို ၉၄.၄၈ ဒေါ်လာနဲ့ရသွားခဲ့တယ်လို့ဆိုပါတယ်။ ဈေးနှုန်း တပ်မှု မှားသွားခဲ့ပေမယ့် Amazon ဟာ ပစ္စည်းအော်ဒါမှာယူမှု မဖျက်ခဲ့ဘဲ မှာယူသူများထံ ပစ္စည်း ပို့ဆောင်ထားတယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က