Facebook ကုမ္ပဏီတန်ဖိုးထက် ပိုများတဲ့ အရှုံးပါ

     သုံးလအတွင်း ကမ္ဘာ့တန်ဖိုးအကြီးဆုံး ကုမ္ပဏီတစ်ခုအဖြစ်ကနေ မမျှော်မှန်းနိုင်အောင် အကျဘက်ကို ရောက်သွားတဲ့ ကုမ္ပဏီတစ်ခုက Apple ပါ။

Photo: Inverse

         Apple ဟာ သြဂုတ်လဆန်းပိုင်းမှာ ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၁ ထရီလီယံတန်ကြေးရှိတဲ့ ကုမ္ပဏီနေရာကို ရောက်ခဲ့ပါတယ်။ တစ်နည်းအားဖြင့် Apple ရဲ့ စတော့ဈေးကွက် တန်ဖိုးဟာ UK ရဲ့ စီးပွားရေးထက် ၃ ဆ ခန့်ရှိပြီး တူရကီနဲ့ဆွစ်ဇာလန်တို့ နှစ်ခုပေါင်း စီးပွားရေးထက်တောင် ပိုများခဲ့တာပါ။

         သမိုင်းတစ်လျှောက်မှာ Apple ဟာ ပထမဆုံး ဒေါ်လာ ထရီလီယံတန်ကုမ္ပဏီအဖြစ်ကို ရောက်လာခဲ့တာ ဖြစ်ပါတယ်။ ဒေါ်လာ ထရီလီယံဟာ ဘီလျံ ၁၀၀၀ (ကုဋေတစ်သိန်း) ပမာဏရှိပြီး သမိုင်းမှတ်တမ်းအရ US Steel ဟာ ၁၉၀၁ ခုနှစ်မှာ ကမ္ဘာ့စီးပွားရေးသမိုင်းရဲ့ ပထမဆုံး ဒေါ်လာ ၁ ဘီလျံတန် ကုမ္ပဏီ ဖြစ်လာခဲ့တာပါ။

         Apple ကတော့ ကုမ္ပဏီသက်တမ်း ၄ နှစ်အတွင်း ဈေးကွက်တန်ဖိုး ဒေါ်လာ ၁ ထရီလီယံတန် ကုမ္ပဏီနေရာရောက်ခဲ့တာပါ။ Apple အရင် တရုတ်စွမ်းအင်ကုမ္ပဏီ PetroChina ဟာ ၂၀၀၇ ခုနှစ်က ကမ္ဘာ့ပထမဆုံးဒေါ်လာ ထရီလီယံတန်ကုမ္ပဏီအဖြစ် ဖော်ပြခံရပေမယ့် ကုမ္ပဏီရဲ့ ၂% ကပဲ အများပိုင်ရှယ်ယာခွဲထားတာကြောင့် ယုံကြည်ထိုက်တဲ့ အချက်အလက်လို့မှတ်ယူလို့မရခဲ့ပါဘူး။

         ကမ္ဘာ့အကြီးဆုံး အများပိုင် ကုမ္ပဏီကြီး ဖြစ်တဲ့ Apple မှာ ရောင်းထုတ်ထားတဲ့ ရှယ်ယာပေါင်း ၄၈၂၉၉၂၆၀၀၀ ထိ ရှိတယ်လို့၂၀၁၈ ဇူလိုင် ၂၀ စာရင်းများအရ ဖော်ပြထားပါတယ်။ ဒေါ်လာ ထရီလီယံတန်ကုမ္ပဏီနေရာရောက်ခဲ့ချိန်က Apple ရဲ့ စတော့ရှယ်ယာတစ်စု တန်ဖိုးဟာ ၂၀၇.၀၅ ဒေါ်လာ ရှိခဲ့တာပါ။ အောက်တိုဘာ ၃ ရက်နေ့မှာ ရှယာဈေးဟာ အမြင့်ဆုံး ၂၃၂.၀၇ ဒေါ်လာအထိ ရောက်ခဲ့ပြီး ကုမ္ပဏီတန်ဖိုးဟာ ဒေါ်လာ ၁.၁၂ ထရီလီယံတန်ကုမ္ပဏီအဖြစ် စံချိန်တင်ရောက်ခဲ့ပါတယ်။

         iPhone ရောင်းအားကျဆင်းလာပြီးနောက် ပြီးခဲ့တဲ့ ကြာသာပတေး ဈေးကွက်မှာ Apple ရဲ့ ရှယ်ယာဈေးဟာ ၁၄၂.၁၉ ဒေါ်လာနဲ့ပိတ်ခဲ့ပြီး ကုမ္ပဏီအနေနဲ့ဒေါ်လာထရီလီယံတန်အဆင့်ကနေ ဒေါ်လာ ၆၇၄.၇၅ ဘီလျံတန်ကုမ္ပဏီအဖြစ် ထိုးကျသွားခဲ့ပါတယ်။ တစ်နည်းအားဖြင့် Apple အနေနဲ့ဒေါ်လာ ၄၄၆ ဘီလျံ အရှုံးပြသွားတာပါ။ ။ဒါဟာ ဒေါ်လာ ၃၈၀ ဘီလျံတန်တဲ့ Facebook ရဲ့ တန်ဖိုးထက်တောင် အပြတ်အသတ်များနေတာ ဖြစ်ပါတယ်။

Photo: bangkokpost

         တရုတ်ဈေးကွက်အပါအဝင် ဖွံ့ဖြိုးပြီး ဈေးကွက်တစ်ချို့မှာ iPhone သစ် ဝယ်ယူမှု ကျဆင်းခြင်းကြောင့် ပထမ ၃ လပတ်အတွင်း Apple ဟာ ဒေါ်လာ ၉ ဘီလျံကျော် ထိခိုက်နစ်နာဖို့ရှိတယ်လို့ကုမ္ပဏီရဲ့ CEO တင်မ်ကွတ်က ပြောကြားထားပါတယ်။ အခုချိန်မှာ Apple ရဲ့ ရှယ်ယာဈေးာ ၉.၉၆% ထိ ကျဆင်းနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က