၂၀၁၁ ခုနှစ်က စတင်တည်ထောင်ထားတာပါ

မြန်မာနိုင်ငံမှ အိမ်ခြံမြေ ရောင်း/ဝယ်/ငှား startup တစ်ခု ဖြစ်တဲ့ Shwe Property မှာ စင်ကာပူအခြေစိုက် ရင်းနှီးမြှပ်နှံရေးအသင်း Emerging Markets Investment Advisers (EMIA) မှ ဒေါ်လာ ၃ သန်း ရင်းနှီးမြှပ်နှံလိုက်တယ်လို့သိရပါတယ်။

Shwe Property ဟာ ၂၀၁၁ ခုနှစ်က မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် အိမ်ခြံမြေ portal တစ်ခုအဖြစ် စတင် တည်ထောင်ခဲ့တဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပြီး အိမ်ခြံမြေ ကွန်ဒိုတိုက်ခန်းများ ရောင်း/ဝယ်/ငှားရမ်းခြင်းကို ဝယ်သူ ၊ ငှားသူနဲ့ရောင်းသူများအကြား ချိတ်ဆက်ပေးနေတာပါ။ လက်ရှိ Shwe Property portal မှာ active ဖြစ်နေတဲ့ အိမ်ခြံမြေအရောင်းအဝယ်စာရင်း ၁ သိန်းကျော် ရှိထားပါတယ်။

Photo; dealstreetasia

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်ကလည်း Shwe Property ဟာ မြန်မာပြည်ဖွား သြစတြေးလျမှ ရင်းနှီးမြှပ်နှံသူ ဂျက်စတင်ဆွေးဆီက ဒေါ်လာသိန်းဂဏန်း ရင်းနှီးမြှပ်နှံမှု ရခဲ့တယ်လို့ဆိုပါတယ်။ဂျက်စတင်ဆွေးဟာ Shwe Property နဲ့Jobnet.com.mm ရဲ့ CEO တစ်ဦးလည်း ဖြစ်ပါတယ်။ EMIA ကနေ ရရှိလာတဲ့ ရန်ပုံငွေနဲ့အတူ Shwe Property အနေနဲ့စီးပွားရေးလုပ်ငန်းများ ၊ ဈေးကွက်နဲ့အရောင်းပိုင်း ၊ ထုတ်ကုန်ဖွံ့ဖြိုးရေးပိုင်းများမှာ တိုးချဲ့သွားမယ်လို့ဆိုပါတယ်။

Photo: mmbiztoday

EMIA ရဲ့ ဒုတိယအကြိမ်မြောက် ရန်ပုံငွေ ထည့်ဝင်မှုှုဖြစ်တဲ့ Series B funding မှာ Shwe Property.com ကို အခုလို ထည့်ဝင်ခဲ့တာ ဖြစ်တယ်လို့Deall Street Asia က ဖော်ပြထားပါတယ်။ EMIA ရဲ့ Series B Funding မှာ ရင်းနှီးမြှပ်နှံသူတွေအနေနဲ့500 StartUps ၊ iProperty နဲ့Mitula Group ရဲ့ ဥက္ကဌဟောင်း ဆိုင်မွန်ဘက်ကာ နဲ့Galaxy Media and Entertainment ရဲ့ chairwoman ဖြစ်သူ Dinh Thi Hoa တို့လည်း ပါဝင်တယ်လို့ဆိုပါတယ်။

Share

Loading Next Article...
က္က