ဒေါ်လာဈေးမြင့်တက်နေမှုနဲ့အတူ စက်သုံးဆီဈေးလည်း မြင့်တက်နေတယ်လို့ ပြည်တွင်းစက်သုံးဆီအရောင်းဈေးနှုန်းတွေအရ သိရပါတယ်။
စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်
စက်သုံးဆီဈေးနှုန်းတွေက 95 တစ်လီတာကို ကျပ် ၁၀၀၀ကျော် ၊ဒီဇယ်တစ်လီတာကို ၁၀၀၅ ကျပ်ကနေ ၁၀၀၇ ကျပ်အထိ မြင့်တက်နေတာလည်းဖြစ်ပါတယ်။
“ဆီဈေးကအရမ်းတက်နေတတော့ကျွန်တော်တို့ ဈေးကိုမဖြစ်မနေကို အရင်ခရီးစဉ်တွေထက်ကို ၅၀၀ ၊၁၀၀၀ လောက်ပိုတောင်းရတယ်။ ခရီးသည်ကလည်း ဒီဈေးနှုန်းအတိုင်းသွားနေရတော့ သိပ်ဆွဲလို့ အဆင်မပြေဘူး” လိုု့ ဒေါပုံမြို့နယ်မှာနေထိုင်တဲ့ ယာဉ်မောင်းတစ်ဦးဖြစ်တဲ့ ကိုကျော်ဇေယျက ဓူဝံကို ပြောပါတယ်။
ဒေါ်လာဈေးနှုန်းမြင့်တက်နေတာကြောင့် ပြည်ပကနေ တင်သွင်းရတဲ့စက်သုံးဆီဈေးကပါမြင့်တက်နေတာလို့ ဈေးကွက်ကျွမ်းကျင်သူတွေက ပြောပါတယ်။အဲ့ဒီဈေးနှုန်းတွေက စံချိန်တင်ဈေးနှုန်းမြင့်တက်နေတာလို့လည်း သိရပါတယ်။
ဒေါ်လာဈေးနှုန်းက ပြင်ပဈေးကွက်မှာ ၁၅၂၆ ကျပ်အထိရှိနေတာဖြစ်ပြီး ကမ္ဘာ့ရေနံစိမ်းဈေးကလည်း မြင့်တက်နေတယ်လို့ သိရပါတယ်။