ယခုတစ်ကြိမ် မိုးသီးများကြွေကျမှုက ရှားပါးဖြစ်ရပ်လို့ ဆိုပါတယ်။

အိန္ဒိယနိုင်ငံမြို့တော် ဒေလီမြို့မှာ အားကောင်းတဲ့ မိုးသီးမုန်တိုင်းတစ်ခု ကျရောက်ခဲ့ရာ တစ်မြို့လုံး အဖြူရောင်းလွှမ်းသွားခဲ့ပြီး မြို့ခံများ အံ့သြပျော်ရွှင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

(Photo: @mimansashekhar/Twitter)

ကြာသတေးနေ့ (ဖေဖေါ်ဝါရီ ၇ ရက်) က ဒေလီမြို့မှာ ချယ်ရီသီးအရွယ် မိုးသီးများကြွေကျခဲ့ပြီး လမ်းမများပေါ်မှာ အဖြူရောင်လွှမ်းသွားခဲ့တဲ့ ဓာတ်ပုံနဲ့ဗီဒီယိုတွေကို ဆိုရှယ်မီဒီယာမှာ လွှင့်တင်ခဲ့ကြပါတယ်။ ဒေလီမြို့မှာ ပုံမှန်မဟုတ်တဲ့ ယခုမြင်ကွင်းကို မြိုခံအများအပြားက အမေရိကန်မှ ချီကာဂို သို့မဟုတ် ဗြိတိန်မှာ လန်ဒန်မြို့ မြင်ကွင်းတွေနဲ့လည်း ခိုင်းနှိုင်းခဲ့ကြပါတယ်။

(Photo: Zubair Ahmad Ansari)

မိုးသီးမုန်တိုင်းကျရောက်မှုဟာ ဒေလီမြို့အတွက် မထူးဆန်းလှပေမဲ့ ယခုတစ်ကြိမ် မိုးသီးကြွေကျမှုကတော့ ရှားပါးဖြစ်ရပ်လို့ အမေရိကန် မိုးလေဝသဝက်ဘ်ဆိုက် AccuWather မှ အကြီးတန်း မိုးလေဝသပညာရှင် Jason Nicholls က ပြောပါတယ်။ ပြင်းထန်တဲ့ မိုးလေဝသအခြေအနေကြောင့် ကြာသပတေးနေ့ မနက်အစောပိုင်းနဲ့ ညနေပိုင်းအချိန်တွေမှာ လေကြောင်းခရီးစဉ် ၃၀ ကျော်ကို ဖျက်သိမ်းခဲ့ရပါတယ်။

(Photo: PTI)

မိုးသီးကြွေကျမှုနဲ့ မိုးရွာမှုတွေကြောင့် ဒေလီမှာ ဝရုန်းသုန်းကားဖြစ်ခဲ့ပေမဲ့ မြို့ခံတွေကတော့ ကြုံတောင့်ကြုံခဲ မြင်ကွင်းကိုတွေ့မြင်ရတာကြောင့် စိတ်လှုပ်ရှားပျော်ရွှင်နေခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ယခု ရာသီဥတုက ဒေလီမြို့ရဲ့ ဆိုးရွားလှတဲ့ အဆိပ်သင့် လေထုအရည်အသွေးကိုလည်း ပိုမိုကောင်းမွန်လာစေရန် အကူအညီဖြစ်စေခဲ့ကြောင်း သိရပါတယ်။

(Photo: @BhandariSukriti/Twitter)

အိန္ဒိယမြောက်ပိုင်းဒေသတွေမှာ ပြီးခဲ့ရက်ပိုင်းအတွင်း ဆီးနှင်းများ ထူထပ်စွာကျရောက်မှု တွေ့ကြုံခဲ့ရပါတယ်။ အိန္ဒိယမြောက်ပိုင်းမှာ ရာသီဥတုပြင်းထန်တာကြောင့် ဆီးနှင်ထုပြိုကျမှု ဖြစ်ပေါ်နိုင်ကြောင်း သတိပေးချက်များ ထုတ်ပြန်ခဲ့ရပြီး ကျောင်းများပိတ်ထားခဲ့ရကြောင်း BBC သတင်းက ဖော်ပြထားပါတယ်။

Share

Loading Next Article...
က္က