အားလုံးကို တောင်းပန်ထားပါတယ်။

ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် ဒေါ်စံပယ် ကွယ်လွန်သွားပြီဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး ဦးကောင်းကျော်က ပြန်လည်တောင်း ပန်ခဲ့တာ ဖြစ်ပါတယ်။ ထိုသတင်းကို မစူးစမ်းမိပဲ တင်လိုက်မိတဲ့အတွက် အားကို တောင်းပန်တယ်ဆိုပြီး ပြောထားပါတယ်။

Photo : ကောင်းကျော် FB

 

သြဂုတ်လ(၂၇) ရက်နေ့က  ဦးကောင်းကျော်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဇာတ်ပို့သရုပ်ဆောင် ဒေါ်စံပယ် ကွယ်လွန်သွားပြီဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး တင်ခဲ့ပါတယ်။ ဒါပေမယ့် ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ပို့သရုပ်ဆောင် ဒေါ်စံပယ် ကွယ်လွန်သည်ဆိုတဲ့ သတင်းမှာ လုံးဝမဟုတ်တာ ကြောင့် သူ့ရဲ့ ဖေ့စ်ဘွတ်မှာ တင်ခဲ့တဲ့ ပို့စ်နဲ့ ပတ်သက်ပြီး ကောင်းကျော်က ပြန်လည် တောင်းပန်ထားတာတွေ့ရပါတယ်။

"ရုပ်ရှင်နှင့်ဗီဒီယို ဇာတ်ပို့သရုပ်ဆောင်အမေဒေါ် စံပါယ် ကွယ်လွန်သည်မှာ လုံးဝ မဟုတ်ပါဘူးတဲ့ခင်ဗျာ" ဆိုပြီး သြဂုတ်လ(၂၇)ရက်နေ့ ညပိုင်းက ဦးကောင်းကျော်ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။

Photo : ကောင်းကျော် FB

 

သူရဲ့ Friend list ထဲမှာ ရှိတဲ့ လူတစ်ဦးတင်လိုက်တဲ့ပို့စ်ကို အမှန်ထင်ပြီး မစူးစမ်းပဲ တင်လိုက်မိတဲ့အတွက်လည်း သူရဲ့ သူငယ်ချင်းများကို ပြန်ပြီး တောင်းပန်ထားပါသေးတယ်။

"ကျွန်တော့်friထဲက မိမဆုံးမ ဖမဆုံးမ ဗရမ်းဗတာ ပေါက်လွှတ်ပဲစား ကောင်တစ်ကောင်က post တက်လာလို့ အမေစံပါယ်ကလဲ ဆေးရုံတင် ထားရတော့ အမှန်ထင်ပြီး မစူစမ်းဘဲ စိတ်မကောင်းဖြစ်လို့ ဆောလျင်စွာ ကွယ်လွန်ကြောင်းတင်မိတဲ့အတွက် friများအားလုံး ကိုလေးစားစွာဖြင့် အထပ်ထပ်အခါခါတောင်းပန်ပါသည်ဗျာ။ထင်ထားသော post ကိုလဲပြန်ဖျက်ပြီးပြီ ဖြစ်သလို သူတစ်ပါးရဲ့မဟုတ်သတင်းတွေ အဟုတ်ထင် အောင် ပြောပြီး ပျော်ချင်တတ်တဲ့ပေါက်လွှတ်ပဲစား ဗရမ်းဗတာ friend ကိုလဲ ဘလော့လိုက်ပါပြီဗျာ" ဆိုပြီး ဆက်လက်ရေးသား ထားတာ တွေ့ရပါတယ်။

ပရိသတ်တွေ စိတ်မပူဖို့ ပြောလိုက်တဲ့ ဇာတ်ပို့သရုပ်ဆောင် ဒေါ်စံပယ် 

အန်တီစံပယ် ကွယ်လွန်သွားပြီဆိုတဲ့ သတင်းနဲ့ ပတ်သက်လို့လည်း သတင်းမှန် သိရှိနိုင်ဖို့အတွက် ဇာတ်ပို့သရုပ်ဆောင် ဒေါ်စံပယ်ကို Duwun Media မှ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့ရာမှာပရိသတ်တွေ စိတ်မပူဖို့ ပြောပြခဲ့ပါသေးတယ်။

"အမေဘာမှမဖြစ်ပါဘူး။ ယခုလက်ရှိ ကျန်းမာရေးအခြေအနေကောင်းပါတယ်။ ဗမာဆေးဆရာနဲ့ ကုနေတယ်။ဆရာတွေက လေ့ကျင့်ခန်း လုပ်ဖို့ ပြောတယ်။ လုပ်လည်း လုပ်နေပါတယ်။နှလုံးစက်တပ်ဖို့ကလည်း ဆရာဝန်တွေက ဘာမှမပြောသေး ပါဘူး။အမေဘာမှမဖြစ်ပါဘူး။ စိတ်မပူပါနဲ့။ အမေအသက်ရှင်နေပါတယ်" လို့ Duwun Media သို့ ဖြေဆိုပေးခဲ့ပါတယ်။

Photo : ကောင်းကျော် FB

ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင်တစ်ဦးလည်းဖြစ်၊ အမေများအဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ သရုပ်ဆောင်ဒေါ်စံပယ်ကတော့မြောက်ဥက္ကလာမြို့နယ် ဝေဘာဂီဆေးရုံကြီးမှာ နှလုံးသွေးကြောကျဉ်းရောဂါနဲ့ တက်ရောက်ဆေးကုသမှုခံယူခဲ့ရဖူးပါတယ်။ ယခုလက်ရှိတော့ အိမ်မှာပဲ မြန်မာဆေးနဲ့ ရောဂါကို ဆက်လက်ကုသမှု ခံယူလျက်ရှိပါတယ်။

Share

Loading Next Article...
က္က