မြင့်မြတ်၊ နေမျိုးအောင် တို့ကလည်း အလှူငွေ ထည့်ပေးခဲ့ပါတယ်။

ဦးအောင်ခိုင်ဟာ မြောက်ဥက္ကာပမြို့နယ်မှာရှိတဲ့ မေဓါဝီ ဆေးရုံကြီး နှလုံးကြပ်မတ်ကုသဆောင်မှာ ဆေးကုသမှု ခံယူနေရတဲ့ ဇာတ်ပို့ ဇာတ်ရံ သရုပ်ဆောင် ဒေါ်စံပယ်ဆီကို အလှူရှင်တွေရဲ့ ကိုယ်စား ဆေးကုသစားရိတ်သွားရောက်လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။ သရုပ်ဆောင် မြင့်မြတ် နဲ့ နေမျိုးအောင် တို့ကလည်း လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။



 

ဇာတ်ပို့၊ ဇာတ်ရံသရုပ်ဆောင် ဒေါ်စံပယ်ဟာ အခုလက်ရှိ မြောက်ဥက္ကာပမြို့နယ်မှာရှိတဲ့ မေဓါဝီ ဆေးရုံကြီး နှလုံးကြပ်မတ်ကုသဆောင်မှာ ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။ ဒီအတွက် ကိုလူချော လူကြမ်းအဖွဲ့ဥက္ကဌတစ်ဦးဖြစ်တဲ့ ဦးအောင်ခိုင် နဲ့ တခြား အနုပညာရှင် တချို့က ဆေးကုသစားရိတ်တွေ သွားရောက် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

'' မြောက်ဥက္ကလာမေဓါဝီဆေးရုံကြီး နှလုံးကြပ်မတ်ကုသဆောင်တွင် တက်ရောက်ဆေးကုသမှုခံယူနေသောဇာတ်ပို့၊ ဇာတ်ရံအလွှာမှ ရုပ်ရှင် သရုပ်ဆောင် ဒေါ်စပါယ်အတွက်အနုပညာညီအစ်ကိုမောင်နှမများထံမှအလှူငွေများကောက်ခံပေးလျှက်ရှိ'' ဆိုပြီးတော့ ဇာတ်ပို့၊ ဇာတ်ရံ တစ်ဦးဖြစ်သူ ဦးအောင်ခိုင်က စက်တင်ဘာလ ၁၂ ရက်နေ့ ညနေပိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့ပါတယ်။

 

ဦးအောင်ခိုင်ဟာ ဒေါ်စံပယ် အတွက် အနုပညာရှင်တွေ ဖြစ်တဲ့ သရုပ်ဆောင် မြင့်မြတ်၊ နေမျိုးအောင် နဲ့ တခြား မိတ်ဆွေအပေါင်းအသင်းတွေ လှူဒါန်းတဲ့ ကျပ် ၇ သိန်း ၁ သောင်း တို့ကိုလည်း ကိုယ်တိုင် သွားရောက်လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။ ဒေါ်စံပယ်ရဲ့ လက်ရှိ ကျန်းမာရေး အခြေအနေဟာ စိုးရိမ်နေရတယ်လို့လည်း မီဒီယာတွေမှာ  ထွက်ပေါ်နေပါတယ်။

''အကယ်ဒမီမြင့်မြတ်မှအလှူ ငွေ ၅၀၀၀၀၀ (ငါးသိန်းကျပ်)၊ သရုပ်ဆောင်နေမျိုးအောင်မှ ၅၀၀၀၀(ငါးသောင်းကျပ်)၊ စုစုပေါင်း ၇၁၀၀၀၀ (ခုနှစ်သိန်းတစ်သောင်းကျပ်)အားဆေးရုံသို့သွားရောက်ပြီး ဒေါ်စပါယ်ထံလက်ထိလက်ရောက်လှူဒါန်းခဲ့ပါသည်အလှူ ရှင်များအား ဒေါ်စပါယ်ကိုယ်စားအထူးကျေးဇူးတင်ရှိပါသည်။'' ဆိုပြီးတော့လည်း ဆက်လက် ရေးသားခဲ့ပါတယ်။

ရုပ်ရှင်နဲ့ဗီဒီယို သရုပ်ဆောင် ဒေါ်စံပယ်ဆီ ဆေးဖိုး သွားရောက်လှူဒါန်းခဲ့တဲ့ တိုင်ရွန် 

ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင်တစ်ဦးဖြစ်သူ ဒေါ်စံပယ်ကတော့ နှလုံးသွေးကြောကျဉ်းရောဂါနဲ့ဆေးရုံတက်နေရတာကြောင့် အနုပညာရှင် ညီအစ်မတွေ ဖြစ်ကြတဲ့ မမများအဖွဲ့ကလည်း ဆေးကုသစားရိတ်သွားရောက်လှူဒါန်းခဲ့ကြပါသေးတယ်။ အဲ့ဒီနောက် ပရိသတ်အချစ်တော် အနုပညာရှင်တွေ ဖြစ်တဲ့ အိစိကွေး၊ တိုင်ရွန်တို့ကလည်း ဆေးကုသစားရိတ် ထောက်ပံ့ခဲ့ကြတယ်လို့ သိရပါတယ်။

 

ဦးအောင်ခိုင်ဟာ ပရိသတ်တွေ အားပေးမှုကြောင့် အကယ်ဒမီ အောင်ခိုင် ဆိုတဲ့နာမည် တစ်လုံး ရရှိခဲ့သလို ယခုအခါမှာလည်း ပရိသတ် တွေပေးတဲ့ သွေးနဲ့ အသက်ရှင်နေတာကြောင့် ပရိသတ်တွေအတွက် တက်နိုင်သလောက် ပရဟိတ အလုပ်တွေကိုလည် ဆက်လုပ်သွားမှာ ဖြစ်တယ်လို့ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က