ပြည်ပကိုလည်းပို့မှာပါ။

ကိုရီးယားနိုင်ငံအခြေစိုက် Daewoo ကုမ္ပဏီထုတ် ဘတ်စ်ကားတွေကို လာမယ့် ဧပြီလမှစပြီး မြန်မာနိုင်ငံရှိ စက်ရုံမှာ ထုတ်လုပ်သွားမယ်လု့ိ Daewoo Bus Myanmar ကုမ္ပဏီတာဝန်ရှိသူတွေကပြောပါတယ်။



Photo - Daewoo Myanmar

ဒီစက်ရုံကို မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်က ၁၄ ဧက ကျယ်ဝန်းတဲ့ မြေကွက်ကို စက်မှုဝန်ကြီးဌာနထံမှ နှစ်ရှည်ငှားရမ်းပြီး တည်ဆောက်ခဲ့တာဖြစ်ပြီး ကုမ္ပဏီအနေနဲ့ Mini Bus နဲ့ City Bus တွေကို တစ်နှစ်လျှင် ကားအစီးရေ ၅၀၀ လောက် ထုုတ်လုပ်သွားမယ်လု့ိ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က UMFCCI မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။

Daewoo Myanmar ရဲ့ ကား ServiceCenter တွေကိုလည်း ထောက်ကြန့်၊ မန္တလေးနဲ့ နေပြည်တော်တို့မှာ ဖွင့်လှစ်သွားမှာဖြစ်ပြီး အခုထုတ်လုပ်မယ့် ကားတွေဟာ ကိုရီးယားနိုင်ငံမှာ လက်ရှိ ထုတ်လုပ်နေတဲ့ ကားအမျိုးအစားဖြစ်ပါတယ်။

ဒီကားတွေကို ပြည်တွင်းမှာအသုံးပြုဖို့အပြင် ပြည်ပပို့ကုန်အဖြစ်ပါ တင်ပို့သွားမှာဖြစ်တယ်လို့ Daewoo Myanmar ရဲ့ မန်နေးဂျင်းဒါရိုက်တာ ဒေါက်တာကျော်ကျော်အောင်က ပြောပါတယ်။ ဒေဝူးကော်ပိုရေးရှင်းရဲ့ တရားဝင် ဈေးသတ်မှတ်ချက်အရ စီးတီဘတ်တစီးကို ဒေါ်လာ ၈၇,၆၀၀ နဲ့ မီနီဘတ်တစီးကို ဒေါ်လာ ၄၅,၂၀၀ ဖြင့် ရောင်းချနေတယ်လို့ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က