ကစ်တစ်ယောက်ကတော့ ဖွေး အဖေရဲ့ ထောပတ်ထမင်း နဲ့ ဘာဂါ လက်ဆောင်လေးတွေကို အရသာရှိရှိစားခွင့်ရတာကြောင့် ပျော်နေတာ တွေ့ရပါတယ်။ ဖွေး မိဘတွေကိုလည်း သီတင်းကျွတ် သွားကန်တော့ခဲ့တာ တွေ့ရပါသေးတယ်။
Photo: Amazing Grace
ဝတ်မှုံရွှေရည်ကတော့ ဖွေးဖွေး အဖေရဲ့ လက်ဆောင်တွေကြောင့် အရမ်းကို ပျော်နေတာ တွေ့ရပါတယ်။ ဖွေးဖွေးရဲ့ အဖေကတော့ ဝတ်မှုံရွှေရည်တို့ မိသားစုအတွက် ထောပတ်ထမင်းနဲ့ ဘာဂါ မုန့်လေးတွေ လက်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
‘’Phway အဖေရဲ့လက်ရာ Daddy's kitchen က ထောပတ်ထမင်းနဲ့ burger ပိစိလေးတွေစားကောင်းချက်ပဲ ။စားကောင်းလွန်းလို့ ဒီနေ့တော့ မရှောင်ပဲစားချလိုက်တယ်လေ။စားပြီးတဲ့ အချိန် ကွက်တိပဲ ညီမလေး phoo ရဲ့ rainbow cake နဲ့ dessert တွေက ရောက်လာပြန်ရော Hehe Thank you for sending food with love Daddy's Kitchen & Angel Phoo Bakery , ဒီနေ့ပျော်တယ်လေ မုန့်တွေစားရလို့။ PS. မစားခင်ရိုက်ထားတဲ့ပုံ တွေ’’ ဆိုပြီးတော့ အောက်တိုဘာလ ၅ ရက်နေ့ ညနေ ၅ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
Photo: U Mg Oo
သရုပ်ဆောင် ဝတ်မှုံရွှေရည်တို့ မိသားစုကတော့ ဖွေးဖွေး ရဲ့ မိဘတွေကို သီတင်းကျွတ် သွားကန်တော့ကြတယ်လို့ သိရပါတယ်။ ဖွေးရဲ့ အဖေ က ကစ်အဖေရဲ့ အစ်ကို အရင်းတစ်ယောက်ဖြစ်ပါတယ်။
‘’ကျွန်တော့်ရဲ့ညီတော်မောင်နဲ့ ချစ်တူမကစ်ကစ်၊ ကေးကေးတို့မိသားစုသီတင်းကျွတ်လာကတော့ကြတယ်ပေါ့’’ ဆိုပြီးတော့ အောက်တိုဘာလ ၄ ရက်နေ့ မနက် ၉ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာ ပေါ်မှာရေးသားခဲ့ပါတယ်။ အဲဒီနောက် အမှတ်တရ ဓာတ်ပုံကိုလည်း အတူတွဲတင်ခဲ့တာတွေ့ရပါတယ်။
Photo: Wutt Mhone Shwe Yi
ဖွေးဖွေးနဲ့ ကစ်ကစ်တို့ ညီအစ်မနှစ်ဦးဟာ သြဂုတ်လထဲမှာ မွေးဖွားခဲ့တာဖြစ်ပြီးတစ်ရက်ကြီး တစ်ရက်ငယ် ညီအစ်မတွေဖြစ်ပါတယ်။ သြဂုတ်လ(၉) ရက်နေ့က ဖွေးဖွေးရဲ့ မွေးနေ့ဖြစ်ပြီး သြဂုတ်လ(၁၀) ရက်နေ့က ဝတ်မှုံရွှေရည်ရဲ့ မွေးနေ့ပါ။ မွေးလတူတဲ့ သူတို့နှစ်ဦးဟာ အနုပညာလောကမှာ အောင်မြင်မှု ရရှိထားတဲ့ နှုန်းကလည်း အတူတူပါပဲ။ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရရှိထားပြီး အခုချိန်ထိ ထိပ်တန်းမင်းသမီး နေရာတွေမှာ ရပ်တည်နေဆဲဖြစ်ပါတယ်။
Photo: Wutt Mhone Shwe Yi
ချစ်စရာကောင်းတဲ့သူတို့နှစ်ဦးဟာ လက်ရှိမှာ အနုပညာအလုပ်တွေ ကိုယ်စီနဲ့ မအားမလပ်ဖြစ်လို့နေကြပါတယ်။ ဝတ်မှုံရွှေရည်ကလည်း ပြည်ပက အနုပညာရှင်တွေနဲ့အတူ အနုပညာအလုပ်တွေ လက်တွဲလုပ်နေပြီး ဖွေးဖွေးကလည်း သူမလက်ခံထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးမှု အတွက် ပြင်ဆင်လို့နေပါတယ်။ သူတို့ညီအစ်မနှစ်ဦးကတော့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတွေအဖြစ် ရပ်တည်နေကြသလို ဖေ့စ်ဘွတ်တွေ၊ အင်စတာဂရမ်တွေမှာလည်း Follower များစွာ ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်နှစ်ဦးလည်းဖြစ်ပါတယ်။