စိုးပြည့်သဇင်က ဖေဖေ နဲ့တူလို့ ဂီတကို ဝါသနာပါတဲ့ သမီးလေးဖြစ်တယ်လို့ ဆိုပါတယ်။ သူမဟာ သရုပ်ဆောင်ဘက်မှာလည်း အကယ်ဒမီဆု ရရှိခဲ့ပြီးသူ တစ်ယောက်ပါ။
Photo: Soe Pyae Thazin
ပရိသတ်အချစ်တော်မလေး စိုးပြည့်သဇင်ကတော့ သရုပ်ဆောင်အပိုင်းမှာ တော်ရုံတင်မက ဂီတဘက်မှာလည်း ထူးချွန်သူတစ်ယောက်ပါ။ ဂီတမှာ ထူးချွန်တာကတော့ ဖေဖေ နဲ့ တူတဲ့ သမီးလေး ဖြစ်လို့ပါတဲ့။
‘’စိုးပြည့်ဂီတကိုဘာလို့ဝါသနာပါတာလဲဆိုတာတော့ ဒီသီချင်းလေးနားထောင်ရင်သိလိမ့်မယ်နော်။ ဒီသီချင်းလေးကဖေကြီးဆိုထားတာပါ ကြာခဲ့ပါပြီ။ စိုးပြည့်ငယ်ငယ်တုန်းကဖေကြီး ကစီးရီးထုတ်ခဲ့ဖူးတယ်။ စိုးပြည့်ကိုဂီတဘက်ကသွေးကဘယ်သူ့တူတာလဲမေးကြလို့ ဖေဖေ့တူတာလို့’’ ဆိုပြီးတော့ ဇွန်လ ၂၁ ရက်နေ့ ညနေ ၅ နာရီကျော်က’’သွေးပျက်ည’’ ဆိုတဲ့ သီချင်းဗီဒီယိုလေးကို Share ရင်းနဲ့ ရေးသားထားပါတယ်။
Photo: Soe Pyae Thazin
အသက်(၂၆) နှစ်အရွယ် အနုပညာရှင်မလေး စိုးပြည့်ဟာ အသက်(၁၈)နှစ်အရွယ်နဲ့ အကယ်ဒမီ ရရှိခဲ့သူဖြစ်ပါတယ်။ သူမဟာ အသက် ၁၃ နှစ်ကတည်းက အနုပညာအလုပ်တွေလုပ်ခဲ့သူပါ။ စိုးပြည့် အကယ်ဒမီရခဲ့တဲ့ ဇာတ်ကားက "မိုးညအိမ်မက်မြူ" ရုပ်ရှင်ဇာတ်ကား ဖြစ်ပါတယ်။ သူမဟာ သရုပ်ဆောင်ပိုင်းမှာသာမက အဆိုပိုင်းမှာလည်း ပရိသတ်အားပေးမှု ရရှိထားသူ တစ်ယောက်ပါ။ သီချင်းနဲ့ပတ်သက်ပြီး ချစ်သူရွေးမယ် တေးစီးရီးနဲ့ အချစ်ကို ရှာဖွေတွေ့ရှိခြင်း ဆိုတဲ့ တေးစီးရီးတွေထွက်ရှိထားပါတယ်။
Photo: Soe Pyae Thazin
စိုးပြည့်သဇင်က အခုဆိုရင် ရန်ကုန်တက္ကသိုလ် မြန်မာစာ(အဝေးသင်) နောက်ဆုံးနှစ်စာမေးပွဲ ကိုအောင်မြင်ခဲ့ပြီးဖြစ်ပါတယ်။ ဒါကြောင့် အနုပညာအလုပ်တွေကို တစိုက်မတ်မတ် လုပ်နေသူပါ။ လက်ရှိမှာတော့ ‘’လူးလူးစိန်’’ရုပ်သံဇာတ်လမ်းတွဲလေးကို သရုပ်ဆောင် ကျော်ကျော်၊ သူရထူး တို့နဲ့ မကြာခင်က ရိုက်ကူးပြီးစီးခဲ့ပြီးဖြစ်ပါတယ်။