ရဲရင့်အောင်ရဲ့ ငယ်ငယ်က ရုပ်လေးကိုကြည့်ပြီး ဧငြိမ်းဖြူတစ်ယောက် အသည်းတွေ တယားယားဖြစ်လို့နေပါတယ်။ ရဲရင့်အောင်ကလည်း ဒီလို ဖြစ်လာဖို့ မရည်ရွယ်ပါဘူးလို့ စနောက်ခဲ့ပြန်ပါတယ်။
Photo: A Nyein Phyu
ဧငြိမ်းဖြူ တစ်ယောက် ချစ်သူဖြစ်တဲ့ အဆိုတော် ရဲရင့်အောင်ရဲ့ ငယ်ငယ်က ရုပ်လေးကို ကြည့်ရင်း အသည်းယားလို့နေပါတယ်။ ဒီ ရုပ်လေးကလည်း တကယ်ကို ချစ်စရာကောင်းလှပါတယ်။
‘’ ချိဖရဲ့ ငယ်ငယ်က ရုပ်ကကွာ သုံးချက်လောက် ပြေးပြေးပြီး ကန်လိုက်ချင်’’ ဆိုပြီးတော့ အသည်းတွေ တယားယားနဲ့ သူ့ရဲ့ Facebook Story မှာ မေလ ၂ ရက်နေ့ ညက တင်ခဲ့တာကို တွေ့ရပါတယ်။ ရဲရင့်အောင်ရဲ့ ငယ်ငယ်က ပုံလေးကိုလည်း သူမရဲ့ Phone Wallpaper မှာ တင်ခဲ့ပါသေးတယ်။
Photo: A Nyein Phyu
အဲ့ဒီနောက် ရဲရင့်အောင်ကလည်း ဧငြိမ်းဖြူရဲ့ Phone Wallpapr ပေါ်က သူ့ရဲ့ ဓာတ်ပုံလေးကို ကြည့်ပြီး ဧငြိမ်းဖြူကို စနောက်ခဲ့ပါသေးတယ်။
‘’ ကိုယ့်ရဲ့ ဖြူစင်တဲ့ ခန့်ညားမှုတွေအောက်မှာ သူကျရှုံးခဲ့ပြီလေ။ Sorry ပါ.. မရည်ရွယ်ပါဘူး’’ ဆိုပြီးတော့ သူ့ရဲ့ Facebook Story မှာ မေလ ၂ ရက်နေ့ ညက တင်ခဲ့ပါတယ်။ အဲဒီနောက် စတစ်ကာလေးတွေနဲ့ သဘောကျရယ်မောရင်း နောက်ပြောင်ခဲ့ပါသေးတယ်။
Photo: Yair Yint Aung
ရဲရင့်အောင် နဲ့ ဧငြိမ်းဖြူ တို့ ချစ်သူ နှစ်ဦးဟာ အခုဆိုရင် ချစ်သူ သက်တမ်း ၂ နှစ်ရှိပြီဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ် ဧပြီလ အတွင်းမှာပဲ ချစ်သူအဖြစ် လက်တွဲခဲ့ကြသူတွေပါ။ ဧငြိမ်းဖြူကတော့ လက်ရှိမှာ ရေဒီယို ကက်ဆက် ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်နေတာဖြစ်သလို သူ ဝါသနာပါတဲ့ Dancer အလုပ်ကိုလည်း လုပ်ကိုင်လျှက်ရှိပါတယ်။
Photo: A Nyein Phyu
ရဲရင့်အောင်ကတော့ လက်ရှိမှာ ဂီတအလုပ်တွေ ဆက်လက် လုပ်ကိုင်နေတာ တွေ့ရပါတယ်။ သူဟာ ဂီတမှာ ထူးချွန်ရုံသာမက သရုပ်ဆောင်ပိုင်းမှာလည်း ပရိသတ် အားပေးမှု ရရှိထားတာကြောင့် ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးထားတာ တွေ့ရပါတယ်။ သူပါဝင်သရုပ်ဆောင်ထားတဲ့ ဗီဒီယို ဇာတ်ကားတွေလည်း ပရိသတ်အရှေ့ ရောက်ရှိခဲ့ပြီးဖြစ်ပါတယ်။