ယူနိုက်တက် နဲ့ လီဗာပူးလ်ကစားသမား (၂)ဦးစီ ပါဝင်နေပါတယ်။
ပရီးမီးယားလိဂ်ရဲ့ တရားဝင်ဝက်ဘ်ဆိုက်မှာ ပရိသတ်တွေ ဝင်ရောက်ပြီး ဆန္ဒမဲပေးနိုင်မှာ ဖြစ်ပါတယ်။ မဲပေးရွေးချယ်မှုအရ အများဆုံးရရှိတဲ့ ကစားသမားကို လာမယ့်သောကြာနေ့မှာ ကြေညာသွားမယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလအတွက် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကစားသမားဆုကို လာမယ့် သောကြာနေ့မှာ ပေးအပ်သွားမှာ ဖြစ်ပါတယ်။ အဆိုပါဆုအတွက် ကစားသမား (၈)ဦးအထိ ဆန်ခါတင်စာရင်းမှာ ပါဝင်နေခဲ့ပြီး ကလပ်အသင်း (၆)သင်းက ကစားသမားတွေကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက် နဲ့ လီဗာပူးလ်တို့က ကစားသမား (၂)ဦးစီနဲ့ အများဆုံးပါဝင်နေကြတယ်လို့လည်း သိရပါတယ်။ 90 min ရဲ့ ဖော်ပြချက်အရ ဆန်ခါတင်စာရင်းမှာ ယူနိုက်တက်ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာ နဲ့ လုခ်ရှောတို့ ပါဝင်နေတယ်လို့ သိရပါတယ်။ ဒါဟာ ဇန်နဝါရီလမှာ ရက်ရှ်ဖို့ဒ်က အကောင်းဆုံးဆုကို ရရှိခဲ့ပြီးနောက် ယူနိုက်တက်ကစားသမားတွေ (၂)လဆက်တိုက် ဆွတ်ခူးနိုင်ဖို့ မျှော်လင့်လာနိုင်တာလည်း ဖြစ်ပါတယ်။

ပေါ့ဂ်ဘာဟာ ဖေဖော်ဝါရီလအတွင်းမှာ အသင်းအတွက် (၂)ဂိုးသွင်းကာ (၂)ဂိုးဖန်တီးပေးခဲ့ပြီး ခြေစွမ်းပြခဲ့ပါတယ်။ လုခ်ရှောကတော့ အသင်းအတွက် (၃)ပွဲအထိ ပေးဂိုးမရှိအောင် ကစားပေးခဲ့ပြီး ဂိုးဖန်တီးမှုတစ်ကြိမ်လည်း ပြုလုပ်နိုင်ခဲ့ကာ အကောင်းဆုံးဆုအတွက် ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းရဲ့ ကစားသမား (၂)ဦးအဖြစ် ဗန်ဒိုက် နဲ့ မာနေးတို့ ပါဝင်လာခဲ့ပါတယ်။ နောက်ခံကစားသမား ဗန်ဒိုက်ဟာ အသင်းအတွက် (၂)ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပြိး ပွဲစဉ် (၃)ပွဲကိုလည်း ပေးဂိုးမရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး အသင်းကို အမှတ်ပေးဇယားထိပ်ဆုံးမှာ

ရပ်တည်နိုင်အောင် ကူညီပေးနိုင်ခဲ့ပါတယ်။

ဒီဇင်ဘာလရဲ့အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးခဲ့တဲ့ ဗန်ဒိုက်အတွက် နောက်ထပ်တစ်ကြိမ် ဆွတ်ခူးနိုင်မလား ရင်ခုန်စရာပါပဲ။ မာနေးကတော့ အသင်းအတွက် (၄)ပွဲကစားပေးခဲ့ရာမှာ (၄)ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့လို့ ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။ စုစုပေါင်း သွင်းဂိုး (၇)ဂိုးအထိ မန်စီးတီးအတွက် သွင်းယူပေးနိုင်ခဲ့တဲ့ တိုက်စစ်မှူး အဂူရိုဟာလည်း ဆန်ခါတင်စာရင်းမှာ ပါဝင်လာခဲ့ပါတယ်။

လန်ဒန်ကလပ်တွေဖြစ်တဲ့ အာဆင်နယ် နဲ့ ချယ်လ်ဆီးကို (၃)ဂိုးစီ၊ ဝက်စ်ဟမ်းကို တစ်ဂိုးသွင်းနိုင်ခဲ့ပြီးနောက် အဂူရိုဟာ ဖေဖော်ဝါရီလအတွင်းမှာ ပရီးမီးယားလိဂ်ဂိုးအများဆုံး သွင်းယူနိုင်ခဲ့သူ ဖြစ်ခဲ့ပြီး ဆုရရှိဖို့လည်း ရေပန်းစားနေခဲ့ပါတယ်။

အခြားပါဝင်ခဲ့တဲ့ ကစားသမားကတော့ နယူးကာဆယ်ကွင်းလယ်လူ လောင်းစတက်ဖ်ဖြစ်ပြီး တန်းဆင်းဇုန်က ရုန်းထွက်ဖို့ ကြိုးစားနေတဲ့ ကာဆယ်အတွက် အကောင်းဆုံးခြေစွမ်းတွေနဲ့ ကူညီပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။

ဘန်လေအတွက် (၃)ဂိုးအထိ ဖေဖော်ဝါရီလအတွင်း သွင်းယူပေးခဲ့ပြီး အသင်းကို တန်းဆင်းဇုန်နဲ့ ဝေးရာပို့ဆောင်ပေးနိုင်ခဲ့တဲ့ တိုက်စစ်မှူး အက်ရှ်လေဘားနက်စ်လည်း ဆန်ခါတင်အဆင့်မှာ ပါဝင်ခဲ့ပါတယ်။ အသက် (၂၉)နှစ်အရွယ် တိုက်စ်စမှူးဟာ စပါး၊ ဆောက်သမ်တန်၊ ဘရိုက်တန် တို့နဲ့ပွဲမှာ ဂိုသွင်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ပဲလေ့အတွက် ခြေစွမ်းပြကစားပေးခဲ့တဲ့ ဇာဟာလည်း ကစားသမား (၈)ဦးစာရင်းမှာ ပါဝင်ခဲ့ပါတယ်။ အသင်းအတွက် တစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးပေးခဲ့ပြီး အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့တဲ့ ဇာဟာက အသင်းအတွက်တော့ အကောင်းဆုံးခြေစွမ်းပြသခဲ့လို့ ရွေးချယ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က