သူ့ရဲ့ အမှားလို့လဲ ပြောထားပါသေးတယ်။

ဝေဖန်မှုတွေနဲ့ ကြုံနေရတဲ့ တိုင်ရွန်တစ်ယောက် ပရိသတ်တွေကိုလည်း တောင်းပန်ထားပါတယ်။

တိုင်ရွန်ဟာ “လင်္ကာဒီပ” ပြဇာတ်မှာ လက္ခဏာနေရာကနေ ပါဝင်ကပြခဲ့တာ ဖြစ်ပြီး ကပြချိန်မှာ သုံးထားတဲ့ ဖိနပ်နဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ခံနေရတာလည်း ဖြစ်ပါတယ်။အဲ့ဒါနဲ့ ပတ်သက်ပြီး တိုင်ရွန်က Duwun Media သို့ ယခုလို ပြောပြထားပါတယ်။



“ကျွန်တော့်အမှားပါ။ ကျွန်တော် Fitting သေချာမချမိလိုက်တဲ့အတွက် ပြပွဲနေ့မှာ ဖိနပ်က ကျွန်တော်နဲ့ ဆိုဒ်မတော်တဲ့အတွက်ကြောင့် ဂျွမ်းထိုးရမှာတွေ ဖိုက်တင်ချရမှာတွေ ပါနေတဲ့အတွက် ဖိနပ်က ပြုတ်ပြုတ် ထွက်နေတော့ အဆင်မပြေတာကြောင့် အနီးအနားမှာ ရှိတဲ့ ဆိုင်တစ်ဆိုင်ကနေ ဝယ်ပြီး စီစဉ်လိုက်ရတာပါ။ ကျွန်တော့်ကို ဝေဖန်တာနဲ့ ပတ်သက်ပြီး ဘာမှ မပြောချင်ပါဘူး။ ” ဆိုပြီး ဒီဇင်ဘာ (၁၈) ရက်နေ့က ပြုလုပ်တဲ့ Heineken ပွဲမှာ ပြောပြခဲ့တာပါ။

ပရိသတ်တွေဝေဖန်တာနဲ့ ပတ်သက်ပြီးတော့လည်း သူ့အနေနဲ့ ဘာမှ မပြောလိုပါဘူးလို့ ဆိုပါတယ်။ သူကိုယ်တိုင်လည်း ပရိသတ်တစ်ဦးဖြစ်ခဲ့ရင် ဝေဖန်မိမှာပါဘဲလို့ ဆက်လက်ပြောပြခဲ့ပါတယ်။

တိုင်ရွန်ဟာ မော်ဒယ်လောကမှာကတည်းက အောင်မြင်မှုတွေရရှိထားပေမယ့် သရုပ်ဆောင်အလုပ်နဲ့ ပတ်သက်လို့တော့ အောက်ခြေသိမ်းက စပြီး ကြိုးစားလာတဲ့ လူငယ်အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သူ့အနေနဲ့ လက်ရှိမှာလည်း စီနီယာသရုပ်ဆောင်တွေနဲ့အတူ ရုပ်ရှင် ဇာတ်ကားတွေရိုက်ကူးနေတာကိုတွေ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က