ရေကြိုက်တဲ့ Ivy လေးကို မေမေ အေသင်က နဂါးမလေးလား၊ ရေသူမလေးလားလို့ စနောက်ခဲ့ပါတယ်။ မေမေ အေသင်ကတော့ အနုပညာအလုပ်တွေလည်း လုပ်ရင်း သမီးလေးကို စောင့်ရှောက်ရင်းပေါ့။
photo: A Then Cho Swe
အေသင်ချိုဆွေတစ်ယောက် အားလပ်ရက်မှာ သမီးလေး Ivy နဲ့ လျှောက်လည်နေတာ တွေ့ရပါတယ်။ ရေအရမ်းကြိုက်တဲ့ သမီးလေးကို ရေသူမလေးများလားလို့တောင် စနောက်ခဲ့ပါသေးတယ်။
‘’သူလုပ်ချင်တာကို မရရအောင် လုပ်လိုက်ရမှ ရေကြိုက်သူလေး၊ရေမြင်ရင်မနိုင်သူလေး၊ နဂါးမလေးလား၊ ရေသူမလေးလားကွယ်’’ ဆိုပြီးတော့ ဇွန်လ၂၂ ရက်နေ့ နေ့လည် ၁ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ အဲဒီနောက် ရေကို စိတ်ကြိုက် ဆော့ကစားနေတဲ့ သမီးလေးရဲ့ ဗီဒီယို ဖိုင်ကိုလည်း တင်ခဲ့ပါသေးတယ်။
photo: A Then Cho Swe
အေသင်ချိုဆွေက လက်ရှိမှာ သမီးလေး Ivy ကို ပြုစုစောင့်ရှောက်ရင်း အနုပညာအလုပ်တွေ လုပ်နေတာ ဖြစ်ပါတယ်။ သမီးလေးအတွက် သူမရဲ့ အခက်အခဲတိုင်းကိုလည်း ရင်ဆိုင်နိုင်တယ်လို့ ဆိုပါတယ်။
‘’မေမေက အလုပ်လုပ် Vy_Vyက အလုပ်ရှုပ်။ ဘာတွေပဲဖြစ်နေဖြစ်နေ ဘယ်သူတွေကပဲ တိုက်ခိုက် တိုက်ခိုက် မေမေ့မှာ IVYလေးတစ်ယောက် ရှိနေရုံနဲ့ ဘယ်အရာမဆို ရင်ဆိုင်သွားနိုင်ဖို့ လုံလောက်ပါတယ်’’ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရင်ဖွင့်ရေးသားခဲ့ဖူးပါတယ်။
photo: A Then Cho Swe
အေသင်ချိုဆွေရဲ့ နောက်ဆုံး ထွက်ရှိထားတဲ့ Never Give Up ဆိုတဲ့ သီချင်းလေးကလည်း ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့ပါတယ်။ ဒီသီချင်းလေးကို ဧပြီလ ၂၇ ရက်နေ့က မိတ်ဆက်ပေးခဲ့တာဖြစ်ပြီး သူမရဲ့ ဘဝ ဖြတ်သန်းမှုတွေကို သီချင်းအဖြစ် ဖွဲ့ဆိုထားတာ ဖြစ်တယ်လို့ သိရပါတယ်။
‘’အေသင် တကယ်ကို ကြုံတွေ့ဖြတ်သန်းခဲ့ရတဲ့ True_Story အစိတ်အပိုင်းတစ်ချို့ကိုပါ ထည့်သွင်းရိုက်ကူးထားတာမို့ #Never_GiveUpလို့ အမည်ပေးထားတဲ့ သီချင်းလေးပါ။ ပရိသတ်အားလုံး အတွက် နှစ်ဟောင်းမှာ ကြုံတွေ့ဖြတ်သန်းခဲ့ရတဲ့ စိတ်ဓာတ် ကျစရာတွေ , စိတ်ညစ်စရာတွေ , ဘဝအခက်အခဲတွေ လောကဓံမျိုးစုံအဖုံဖုံတို့အတွက် အခုလို နှစ်ဟောင်းအကုန် နှစ်သစ်ကူးကာလလေးမှာ အေသင်ချစ်ရတဲ့ဂီတနဲ့ #NeverGiveUp (ဘယ်သောအခါမှ_အရှုံးမပေးနဲ့)ဆိုတဲ့ Messageလေးနဲ့အတူ ပရိသတ်ကြီးအားလုံးကို ခွန်အားပေးချင်ပါတယ်’’လို့ သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားဖူးပါတယ်။
photo: A Then Cho Swe
အေသင်ချိုဆွေကို(A Then Cho Swe) ‘’ပေါက်တဲ့အိုး’’ ဆိုတဲ့ တစ်ကိုယ်တော် အခွေ ကနေတဆင့် ပရိသတ်တွေ သိတင်သိရှိခဲ့တာပါ။ အဲဒီနောက် ‘’ အနီးဆုံးလူ’’ ဆိုတဲ့ ဒုတိယမြောက် တစ်ကိုယ်တော်အခွေလည်း ထွက်ရှိခဲ့ပါတယ်။ သူမဟာ ဂီတအလုပ်တွေသာမက သရုပ်ဆောင် တစ်ယောက်အနေနဲ့ ဗီဒီယို ဇာတ်ကားတွေလည်း ရိုက်ကူးခဲ့ဖူးပါသေးတယ်။ ဒုတိယမြောက် တစ်ကိုယ်တော်အခွေ ထွက်ပြီးသွားတဲ့နောက်မှာတော့ အနုပညာအလုပ်တွေနဲ့ ခဏတာ ဝေးကွာသွားခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၈ ခုနှစ်မှစပြီး ဂီတလောကထဲကို ပြန်လည် ဝင်ရောက်လာတာ ဖြစ်ပါတယ်။