“ ပိုသူလှူ လိုသူကူ” အစီအစဉ်က လူတွေကို ကူညီဖို့ပါ။

ဟန်ဇာမိုးဝင်းကတော့ အခက်အခဲတွေ ကြုံနေရတဲ့ သဘင်သည်တွေကို ကူညီဖို့ “ ပိုသူလှူ လိုသူကူ” အွန်လိုင်းဈေးရောင်းပွဲတော်မှာ ကိုယ်တိုင်ဈေးရောင်းနေရတဲ့ ခံစားချက်တွေကို ပြောပြလာပါတယ်။ 

Photo: Han Gyi



ဟန်ဇာမိုးဝင်းကတော့ “ပိုသူလှူ လိုသူကူ” အစီအစဉ်မှာ သဘင်မောင်နှမတွေနဲ့ အတူ အွန်လိုင်းကနေတဆင့် အစားအသောက်လေးတွေ ရောင်းနေတာကို တွေ့ရပါတယ်။ ဒီအစီအစဉ်ဟာ မြေပြိုမှု၊ ရေကြီးမှုတွေကြောင့် အခက်အခဲကြုံနေရတဲ့ သဘင်သည်တွေ၊ ပရိသတ်တွေကို ကူညီဖို့ ရည်ရွယ်ထားတာလို့ Duwun ကနေ ပြောပြလာပါတယ်။ 

“ အခု ဈေးရောင်းပွဲတော်လုပ်တယ်ဆိုတာကလည်း ဖားကန့်မှာ မြေပြိုမှုဖြစ်တယ် အဲဒီမှာ ပါဝင်သွားတဲ့ လူတွေ အတွက် တတ်နိုင်သလောက် ပါဝင်လှူဒါန်းဖို့ရယ် ပြီးတော့ နောက်တစ်ခုက မန္တလေးမှာ ရေကြီးနေတဲ့ အခြေအနေ ဖြစ်နေတဲ့ နေရာမှာ ကျွန်တော်တို့ရဲ့ သဘင်ပညာရှင်တွေလည်း ပါဝင်နေတယ်။ အဲဒီအတွက် ကူညီဖို့ ထပ်ပေါ်လာတော့ “ ပိုသူလှူ လိုသူကူ” အစီအစဉ် က လူတွေကို ကူညီဖို့ပါ။ ဈေးလိုက်ရောင်း ရတာကလည်း ပင်ပန်းတာပေါ့ ဘာကြောင့်လဲ ဆိုတော့ တစ်အိမ်ဆင်း၊ တစ်အိမ်တက် သွားရတယ်လေ။ ဒါပေမယ့် ပီတိဖြစ်တယ်။ ဒီပီတိကလည်း ကိုယ်လှူချင်တဲ့ အရာနဲ့ ကိုယ်လှူဒါန်းလိုက်တဲ့ မိသားစုမှာအခက်အခဲ အနည်းအကျဉ်းပြေလည်သွားကြရင်ကို ကျွန်တော်တို့က ကျေနပ်ပါတယ်” လို့ သူက ဆိုပါတယ်။ 

Photo: Han Gyi

သဘင်အစည်းအရုံးအနေနဲ့ သဘင်အစည်းအရုံးဝင်ကဒ် ရှိသူများကိုသာ ထောက်ပံ့ ကူညီမှုတွေ ပြုလုပ်လေ့ရှိတယ်လို့ သိရပါတယ်။ သဘင်အစည်းအရုံးဝင် ကဒ် မလုပ်ထားတဲ့ သဘင်သည် တွေကို ထောက်ပံ့ကူညီပေးနိုင်ဖို့ “ ပိုသူလှူ လိုသူကူ” အစီအစဉ်ကနေ ထောက်ပံ့ပေးသွားမယ်လို့ ဟန်ဇာမိုးဝင်းက ပြောပါတယ်။ 

“ကျွန်တော်တို့ သဘင်ဘက်မှာက အစကတည်းက သဘင့်လူမှုကူညီစောင့်ရှောက်ရေးဆိုတာ ရှိပြီးသား။ ကျွန်တော်တို့က အလှူအတန်း လုပ်တဲ့အခါကျရင် သဘင်အစည်းအရုံးဝင်တွေကိုဘဲ သဘင်လူမှု ကူညီ စောင့်ရှောက်ရေးက လှူဒါန်းနိုင်တာကိုး။ အစည်းအရုံး မဝင်ထားတဲ့ လူတွေကို ကျတော့ လှူဖို့ အတွက် ကိုဖိုးချစ်နဲ့ အစ်ကိုနဲ့ တိုင်ပင်ပြီးတော့ သဘင်အစည်းအရုံးတော့ မဝင်ထားဘူး ဒါပေမယ့် ပတ်ဝန်းကျင်ကနေတဆင့် ဒီလူဟာ သဘင်အလုပ်ကို တကယ်လုပ်ကိုင်နေတာပဲ ဆိုရင် လှူမယ်လို့ စိတ်ကူးထားတယ်” လို့ ဇူလိုင် ၂၀ ရက်နေ့က Duwun ကို ပြောပြခဲ့တာပါ။ 

Photo: Han Gyi

ဟန်ဇာမိုးဝင်းကိုတော့ ဇာတ်မင်းသားကြီး ဦးမိုးဝင်းရဲ့ မျိုးစက် တစ်ဦးအဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာ ဖြစ်ပါတယ်။ သူဟာ ဂီတကို ဝါသနာပါသူဖြစ်တာကြောင့် သီချင်းတွေလည်း ဆိုခဲ့ဖူးပါတယ်။ လက်ရှိမှာတော့ ဂီတအစည်းအရုံး နဲ့ အတူ ပရဟိတလုပ်ငန်းတွေ လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ 





ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က