လိုက်ပါခဲ့ကြဖို့ ဖိတ်ခေါ်စကားဆိုလာပါတယ်။

ဟိန်းမင်းသူက ရေဘေးဒဏ်ခံစားနေရတဲ့ ပရိသတ်တွေအတွက် လိုအပ်တာတွေကို သူကိုယ်တိုင်သွားရောက်လှူ ဒါန်းမယ်လို့ ဆိုပါတယ်။ ဒီအလှူမှာလည်း လူအင်အား ပိုလိုအပ်တာကြောင့် အနုပညာမောင်နှမများနဲ့ ပရိသတ်များက လိုက်ပါပေးခဲ့ကြဖို့တောင်းဆိုလာပါသေးတယ်။

အဆိုတော်ဟိန်းမင်းသူက မွန်ပြည်နယ်အတွင်းမှာရှိတဲ့ ရေဘေးသင့်ဒေသတွေဆီ ကိုယ်တိုင်သွားရောက်လှူဒါန်းမယ်လို့ ဆိုပါတယ်။ သြဂုတ်လ ၂၁ ရက်နေ့(သို့) သြဂုတ်လ ၂၂ ရက်နေ့မှာ ရန်ကုန်ကနေ စတင်ထွက်ခွာမယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။



‘’ကျွန်တော်ကိုယ်တိုင် ကျိုက်မရောဘက်က ရွာလေးတွေအထိသွားလှူမယ်။ ကျွန်တော်က သုံးသိန်းခွဲ မတည်မယ်ပေါ့နော်။ ပရိသတ်တွေဆီက ရတဲ့အလှူငွေတွေကိုလည်း လိုအပ်တဲ့ ပစ္စည်းတွေ ဝယ်သွားမယ်။ အခုလာမယ့် သြဂုတ်လ ၂၁ ၊ ၂၂ ကိုတော့ နောက်ဆုံးထားပြီး သွားလှူမှာပါ။ သွားလှူရင်တော့ ဘယ်သူတွေလိုက်မလဲမသိဘူး။ကျွန်တော်ကိုယ်တိုင်ကတော့ သွားမှာသေချာတယ်၊ တခြားအနုပညာရှင်တွေကတော့ ဘယ်သူတွေလာမလဲ မသိဘူး။ လိုက်ချင်တယ်ဆိုရင်လည်း Welcome ပါ။ အခက်အခဲတစ်ခုကတော့ အနုပညာရှင်မှ မဟုတ်ဘူး၊ ပရိသတ်တွေလည်း လိုက်လို့ရတယ် ဒါပေမယ့် ကားကတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ် လိုက်မှ အဆင်ပြေမှာပါ’’ လို့ ဆိုပါတယ်။

ဟိန်းမင်းသူဟာ ကိုယ်တိုင်သွားရောက်လှူဒါန်းချင်တဲ့ ဆန္ဒက တကယ်ကို တက်ကြွနေမိတယ်လို့ဆိုပါတယ်။ ဒီအလှူမှာ လမ်းခရီးအခက်အခဲဖြစ်ပေါ်လာနိုင်တာကိုလည်း သိတယ်လို့ ပြောပါတယ်။

‘’ နေရာတစ်ခုမှာ သွားလှူလိုက်တာထက် ကိုယ်တိုင်သွားလှူတဲ့အခါအခါမှာ ပင်ပန်းမယ်၊ ဒါပေမယ့် ဘယ်နေရာမှန်းမသိဘူး။ တချို့တွေကျတော့ လှေနဲ့သွားပြီးတော့ ပြန်လာတဲ့အခါမှာ အခက်အခဲတွေရှိတယ်။ လမ်းပျောက်သွားတာတွေဘာတွေ ဖြစ်တယ်လို့ပြောကြတယ်။ ဒါပေမယ့် ကိုယ်လှူမယ့်အလှူပဲလေ ဒုက္ခရောက်နေတဲ့သူတွေရဲ့ လက်ထဲကို ကိုယ့်လက်နဲ့ ကိုယ်တိုင်လှူပေးခဲ့တဲ့အလှူကို အရမ်းကြည်နူးမိတာကြောင့် အခုလို ကိုယ်တိုင်သွားလှူဖို့ ဆုံးဖြတ်လိုက်တာပါ’’ ဆိုပြီးတော့ သြဂုတ်လ ၁၈ ရက်နေ့က ရေဘေးသင့်ပြည်သူတွေအတွက် လုပ်တဲ့ ရန်ပုံငွေ ဖျော်ဖြေပွဲလေးမှာ အခုလို ပြောပြခဲ့တာပါ။

ဟိန်းမင်းသူဟာ မွန်ပြည်နယ်၊ ကျိုက်မရောမြို့အတွင်းမှာရှိတဲ့ ကျေးရွာတွေဆီ ကိုယ်တိုင်သွားရောက်လှူဒါန်းဖို့အတွက် သြဂုတ်လ ၁၉ ရက်နေ့က လှည်းတန်းစင်တာအရှေ့မှာ ပရဟိတ ဖျော်ဖြေပွဲလေးတစ်ခု ပြုလုပ်ခဲ့ပါတယ်။ သူ့ရဲ့ သီချင်းလေးတွေကို ပရိသတ်နဲ့ ပျော်ပျော်ပါးပါး အတူတူသီဆိုခဲ့တာပါ။ ဒီဖျော်ဖြေပွဲမှာတော့ သူ့ကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်များစွာတို့က လာရောက်အားပေးခဲ့တာ တွေ့ရပါတယ်။ 

ဟိန်းမင်းသူကတော့ မိန်းကလေးပရိသတ်တွေအားပေးမှု အများကြီးပိုင်ဆိုင်ထားတဲ့ လူငယ်အနုပညာရှင်တစ်ယောက် ဖြစ်ပါတယ်။ ဂီတဘက်မှာလည်း အောင်မြင်ဖို့ ကြိုးစားနေတဲ့ ဟိန်းမင်းသူကတော့ MRTV-4 ရုပ်သံလိုင်းက ထုတ်လွှင့်ခဲ့တဲ့ "အရိပ်" ဇာတ်လမ်းတွဲမှာလည်း ဆေးကျောင်းသား စိုင်းမင်းဆွေဆိုတဲ့ ကောင်လေးတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။။ နောက်ထပ်လည်း "ပျားရည်အိုင်"ဇာတ်လမ်းတွဲမှာလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ 

Share

Loading Next Article...
က္က