ဘယ်လိုတွေတောင် ချစ်ဖို့ကောင်းလဲ ကြည့်လိုက်နော်။

တစ်နေ့တခြား ပိုပိုတတ်လာတဲ့ခေတ်နဲ့သစ်နဲ့ ဂီတသံစဉ်တွေနဲ့ တော်တော့်ကိုယဉ်ပါးနေပါပြီ။ ဂစ်တာသံကြားတာပဲ ဖြစ်ဖြစ် သီချင်းသံကြား တာပဲ ဖြစ်ဖြစ် ချက်ချင်းကို လိုက်ကတတ်တဲ့ ခေတ်နဲ့သစ်တို့ရဲ့ ဗီဒီယိုဖိုင် အသစ်လေးက ပရိသတ်တွေကို တော်တော် အသည်းယားစေတာ တွေ့ရပါတယ်။

 

တစ်နေ့တခြား ပိုပိုတတ်လာတဲ့ခေတ်နဲ့သစ်နဲ့ ဂီတသံစဉ်တွေနဲ့ တော်တော့်ကိုယဉ်ပါးနေပါပြီ။ ဇူလိုင်(၂၆) ရက်နေ့က ချစ်သုဝေ တင်ထားတဲ့ ဗီဒီယို ဖိုင်လေးထဲမှာလည်း ဖေဖေလင်းလင်းရဲ့ ဂစ်တာ သံနဲ့အတူ ခေတ်နဲ့သစ်တို့က လိုက်ပါစီးမျောနေတာ တွေ့ရပါတယ်။ အရမ်းကို ချစ်ဖို့ကောင်းတဲ့ အမြွှာလေးတွေပါ။ 

ချစ်သုဝေပြောပြလာတဲ့ ရိုးရှင်းလွန်းတဲ့ သူမရဲ့ဘဝအကြောင်း 

ချစ်သုဝေ တင်ထားတဲ့ ဗီဒီယိုဖိုင်လေးထဲက ခေတ်နဲ့သစ်ကိုကြည့်ပြီး ပရိသတ်တွေလည်း ပိုပိုအသည်းယားပြီး အချစ်ပိုနေကြပါပြီ။ ဗီဒီယိုဖိုင် ပို့စ် အောက်မှာလည်း ခေတ်နဲ့သစ်လို ကလေးလေးတွေ လိုချင်ကြောင်း မထက် က ကောမန့်ပေးထားတာတွေ့ရပါတယ်။ ခေတ်နဲ့သစ် တို့ဟာ ငယ်စဉ်ကတည်းက ဂီတနဲ့ မစိမ်းသူတွေပါ။

ဂစ်တာသံကြားတာပဲ ဖြစ်ဖြစ် သီချင်းသံကြားတာပဲ ဖြစ်ဖြစ် ချက်ချင်းကို လိုက်ကတတ်တဲ့ ကလေးလေးတွေပါ။ ဒီတစ်ယောက် ဖေဖေ လင်းလင်း ရဲ့ ဂစ်တာသံနဲ့အတူ စည်းချက်ညီညီလိုက်ကနေတဲ့ ခေတ်နဲ့သစ်တို့ရဲ့ ဗီဒီယိုဖိုင်လေးကို မကြည့်ရသေးတဲ့ ပရိသတ်တွေအတွက် ထည့်ပေးလိုက်တယ်နော်။

 

 

အနုပညာရှင်တွေ ဖြစ်ကြတဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ဟာ အနုပညာအလုပ်တွေ မအားမလပ်တဲ့ ကြားထဲက သမီးလေးတွေအတွက် အချိန်ပေးတတ်သူတွေပါ။ခေတ်နဲ့ သစ်လို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ သမီးလေးနှစ်ယောက်ဟာ မိဘတွေမပြောနဲ့ မြင်တဲ့သူတိုင်းက မချစ်ဘဲ မနေနိုင်လောက် အောင်ကို ချစ်စရာ ကောင်းလွန်းလှပါတယ်။

မေမေ ချစ်သုဝေက သမီးလေးတွေရဲ့ ပုံလေးတွေနဲ့ ဗီဒီယိုဖိုင်လေးတွေကို ဖေ့စ်ဘွတ်ကနေ ပရိသတ်တွေကို မျှဝေလေ့ရှိပြီး သူတို့ရဲ့ ပုံလေးတွေ ၊ ဗီဒီယိုလေးတွေဟာ ကြည့်ရှူသူ အမြဲတမ်း ၁ သိန်းကျော် ရှိနေတတ်ကာ Share အရေအတွက် ထောင်ချီလို့ Like ဆိုရင်လည်း သောင်းနဲ့ချီ ရှိနေတာပါ။

 

လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ သမီးလေး နှစ်ယောက်ကို ဇန်နဝါရီ(၁၉)ရက်နေ့ နံနက်(၇)နာရီ (၄၄)မိနစ်အချိန်မှာ မွေးခဲ့တာပါ ပန်းလှိုင် ဆေးရုံမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။သမီးလေးတွေကို နာမည်လေးတွေကို မြန်မာဆန်ဆန်ပဲ မေမြန်မာခေတ်နဲ့ မေမြန်မာသစ်လို့ အမည်ပေးထားပါတယ်။

လင်းလင်းနဲ့ ချစ်သုဝေတို့ နှစ်ယောက်စလုံးဟာ အနုပညာလောကထဲမှာ အောင်မြင်မှု ရရှိထားတဲ့ အနုပညာရှင်များ ဖြစ်သလို လင်းလင်းဟာ လည်း ဂီတလောကမှာ တစ်ကိုယ်တော်ပွဲတွေနဲ့ အောင်မြင်မှု ရရှိထားကာ ချစ်သုဝေဟာလည်း သရုပ်ဆောင်ပိုင်းနဲ့ အဆိုပိုင်းမှာ ပရိသတ် အား ပေးမှု ရရှိထားတဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။

Share

Loading Next Article...
က္က