ဇနီးကတော့ လိုလေသေးမရှိ စောင့်ရှောက်နေပါတယ်။

ရဲအောင်က သားဖြစ်သူရဲ့ ဝါသနာကို ဖခင်တစ်ယောက်အနေနဲ့ အကောင်းဆုံး ပံ့ပိုးပေးသွားမယ်လို့ ဆိုပါတယ်။ အခုချိန်မှာတော့ သူ့ရဲ့ သားလေးက ဆေးကျောင်းတက်နေပြီဖြစ်ပါတယ်။

ရဲအောင်က ဆေးကျောင်းတက်နေတဲ့ သားလေး အကြောင်းတွေ ပြောလာပါတယ်။ သူဟာ အပြင်အလုပ်တွေ လုပ်နေရတာကြောင့် မိသားစုအတွက် လိုအပ်တာတွေကို ဇနီးဖြစ်သူနဲ့ တိုင်ပင်ပြီး ဖြည့်ဆည်းပေးဖြစ်တယ်လို့ Duwun media ကနေ ပြောပြခဲ့ပါတယ်။



‘’ သားက ဆေးကျောင်းတက်နေတုန်းပါ။ ဆရာဝန်ဖြစ်ဖို့တော့ လိုပါသေးတယ်။ ကျွန်တော့်အမျိုးသမီးကတော့ သားလေးကို အနီးကပ် ပြုစု စောင့်ရှောက်ပေးပါတယ်။ ကျွန်တော်ကတော့ အနုပညာအလုပ်တစ်ဖက်နဲ့ ခရီးထွက်နေရတာများတာပေါ့နော်။ သူ့ရဲ့လိုအပ်တာတွေ၊ မိသားစု လိုအပ်တာတွေကိုတော့ ကျွန်တော်က ဘေးကနေ ဖြည့်ဆည်းပေးသွားမှာပါ’’ လို့ ဆိုပါတယ်။

Photo: Ye Aung

သားဖြစ်သူကလည်း စာကြိုးစားတဲ့ ကလေးဖြစ်တယ်လို့ ပြောပါတယ်။ ဆရာဝန်တစ်ယောက်ဖြစ်ဖို့ မလွယ်ဘူးလို့ ရဲအောင်က ဆက်လက်ပြောပြခဲ့ပြန်ပါသေးတယ်။

‘’ ကျွန်တော် အရှေ့ကနေ အလုပ်လုပ်နိုင်တယ်ဆိုတာကလည်း အမျိုးသမီးက ကလေးရော၊ အိမ်ကိစ္စတွေရော အစစအရာရာ ထိန်းသိမ်း စောင့်ရှောက်နိုင်လို့ပါပဲ။ ဆေးကျောင်းသားတို့၊ ဆရာဝန်တို့ဆိုတာက စာကျက်ရတာတွေလည်းများတယ်။ အင်မတန်မှလည်း ဖြစ်ဖို့ခက်ပါတယ်။ ကျွန်တော့်တုန်းကတော့ စာတွေ သိပ်မကျက်ခဲ့လို့ထင်ပါတယ်’’ ဆိုပြီးတော့ စက်တင်ဘာလ ၁ ရက်နေ့က ပြေတီဦးဖောင်ဒေးရှင်း ကနေ ပြုလုပ်တဲ့ အလှူရှင်အနုပညာရှင်များနဲ့ ဆေးကျောင်းသား၊ ဆေးကျောင်းသူတို့ တွေ့ဆုံပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့ပါတယ်။

ရဲအောင်ဟာ ပညာရေးမှာ ထူူးချွန်တဲ့ သားဖြစ်သူအတွက် ဝါသနာပါတဲ့ အလုပ်မှန်သမျှ အကောင်းဆုံး ပံ့ပိုးပေးသွားမယ်လို့ ဆိုပါတယ်။

‘’ အဓိက ကတော့လူတစ်ယောက်က ကိုယ်ဝါသနာပါတာကို ရွေးချယ် ထားပြီးလို့ရှိရင် ဝါသနာပါတဲ့အလုပ်၊ ဝါသနာပါတဲ့ လမ်းကြောင်းကို တည့်တည့်မတ်မတ်သွားပြီးတော့ ကြိုးစားနေဖို့လိုပါတယ်။ ဒါမှလည်း ကိုယ်ဖြစ်ချင်တဲ့အရာတွေဖြစ်လာမယ်၊ ကိုယ်လုပ်ချင်တာတွေ လုပ်နိုင်မယ်ပေါ့နော်။ အဓိက ကတော့ ကိုယ့်ရဲ့ စိတ်နဲ့ ဝါသနာက အဓိက ကျပါတယ်ဗျာ’’ လို့ ဆက်လက် ပြောပြခဲ့ပါတယ်။

သရုပ်ဆောင် ရဲအောင်ဟာ ရုပ်ရှင်ကားပေါင်းများစွာမှာ ဇာတ်ဆောင်၊ဇာတ်ပို့နေရာစုံမှာ ပါဝင်သရုပ်ဆောင်ခဲ့သလို ခုချိန်ထိလည်း အနုပညာလောကမှာပဲ ဆက်လက်ရပ်တည်နေဆဲ ဖြစ်ပါတယ်။ ရဲအောင်က ၁၉၉ ၉၃ ခုနှစ်မှာ “မြစ်တို့၏မာယာ” ဇာတ်ကားနဲ့ အမျိုးသားဇာတ်ဆောင်ဆု၊ ၂ဝဝဂ ခုနှစ်မှာ “အကယ်ဒမီရှော့ခ်” ဇာတ်ကားနဲ့ အမျိုးသားဇာတ်ပို့ဆု အကယ်ဒမီများ ရရှိခဲ့တဲ့ မင်းသား တစ်ယောက် ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က