ပရိသတ်တွေကလည်း သူမနဲ့တူတဲ့သမီးလေးတစ်ယောက် ထပ်ယူဖို့ တိုက်တွန်းထားပါတယ်။

မယ်လိုဒီက နောက်ထပ် ရင်သွေးလေးတစ်ယောက် လိုချင်ပေမယ့်လည်း သူမရဲ့ အသက်အရွယ်ကြောင့် အခက်တွေ့လို့နေပါတယ်။တွေးရင်းနဲ့တောင် အိပ်ရေးမဝချင်ဘူးတဲ့။ ပရိသတ်တွေကလည်း သူမနဲ့တူတဲ့သမီးလေးတစ်ယောက် ထပ်ယူဖို့ တိုက်တွန်းထားပါတယ်။

 

Photo : မယ်လိုဒီ



သားလေးတစ်ယောက် ပိုင်ဆိုင်ထားတဲ့ မယ်လိုဒီက နောက်ထပ် ရင်သွေးလေး တစ်ယောက် လိုချင်တယ်လို့ ရင်ဖွင့်လာပါတယ်။ ဒါပေမယ့်လည်း လက်ရှိအသက်အရွယ်နဲ့ ကလေးတစ်ယောက် ထပ်ယူဖို့ကိုတွေးရင်းအခက်တွေ့လို့နေပါတယ်။

“နောက်ထပ်ကလေးတစ်ယောက် လိုချင်ပေမယ့် ကျွန်မအသက်က (၃၇)နှစ်ပါ။ (၃၈)နှစ်ကိုယ်ဝန်ဆောင် (၃၉)မွေး အမလေးတွေးတာနဲ့တင် အိပ်ရေးမဝဘူး” ဆိုပြီး ဇွန်လ(၁) ရက်နေ့က သူမရဲ့ ေ့ဖစ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။

Photo : မယ်လိုဒီ

သူမရဲ့ ပရိသတ်တွေကတော့ သူမနဲ့တူတဲ့နောက်ထပ် သမီးလေးတစ်ယောက် ထပ်ယူဖို့ တိုက်တွန်းထားကြပါတယ်။ သူမကတော့ စဉ်းစားရင်းနဲ့ အိပ်ရေးမဝ ဖြစ်လို့နေပါတယ်။

သရုပ်ဆောင်မယ်လိုဒီမှာတော့ ခင်ပွန်းဖြစ်သူ ကိုသာကောင်းနဲ့ ၄ နှစ်အရွယ် တစ်ဦးတည်းသော သားလေး သဒ္ဓိစစ် ရှိပါတယ်။ သဒ္ဓိစစ်ဟာ ကလေးလေးအရွယ်ကတည်းက လူချစ်လူခင်ပေါများသူဖြစ်သလို၊ သူ့ကိုချစ်တဲ့ ပရိသတ်တွေကလည်း အများကြီး ရှိလို့နေပါပြီ။ လက်ရှိမှာတော့ ပညာရေးလည်း ဦးစားပေးနေရသလို တီဗီကြော်ငြာလေးတွေလည်း ရိုက်ကူးထားတာ တွေရှိပါတယ်။

Photo : မယ်လိုဒီ

မယ်လိုဒီဟာ သားလေး သိဒ္ဓိစစ်ကြောင့် အမြဲတမ်း ဂုဏ်ယူနေရတဲ့ မိခင်တစ်ဦးဖြစ်ပါတယ်။ ဆရာတော်ကြီးတွေကို ဖူးခွင့်ရတဲ့အချိန်ဆို အမြဲ ပျော်ရွှင်နေတတ်တဲ့ သားလေး သိဒ္ဓိစစ် အကြောင်းကို အခုလို ပြောပြထားပါသေးတယ်။

''အိမ်မှာ အငြိမ်မနေရှုပ်ပွအောင် ကစားသော်လည်း ဆရာတော်ကြီးများကိုဖူးခွင့်ရချိန်မှာတော့ဖြင့် ကျွန်တော်ဟာ လူအေးလေး သိဒ္ဓိစစ် ဘဝအမောတွေ ပြေပျောက်ရပါတယ်။ သားလိမ္မာမို့ စိတ်ချမ်းသာရပါတယ်။ အမှတ်တရ ထပ်တူထပ်မျှ စိတ်ချမ်းသာ ကြပါစေရှင်။ ၇ရက်သားသမီး အားလုးံ သက်ရှည် ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒ ပြည့်စုံ ကြပါစေရှင်'' ဆိုပြီးတော့ လည်း သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ဖူးပါတယ်။

Photo : မယ်လိုဒီ

မယ်လိုဒီ(Melody)ရဲ့ အနုပညာသက်တမ်းက ဆယ်စုနှစ်တစ်ခုကို ကျော်လွန်လာပြီဖြစ်ပါတယ်။ မယ်လိုဒီကို တီဗီကြော်ငြာတွေ၊ မဂ္ဂဇင်းကာဗာ၊ ဂျာနယ် မျက်နှာဖုံးတွေကနေ တဆင့် ပရိသတ်တွေ စတင်အားပေးလာခဲ့တာပါ။ အဲဒီနောက် ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားတွေလည်း အများကြီး ရိုက်ကူးထားတာတွေ့ရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က