နှစ်သစ်မှာ ပရိသတ်တွေအတွက် ပျော်စရာလေးသတင်းလေးပါ။

အဆိုတော် စန္ဒီမြင့်လွင်က နှစ်သစ်မှာ သူ့ရဲ့ ပရိသတ်တွေကို ပျော်စရာသတင်းလေး တစ်ခုပေးလိုက်ပါတယ်။ အဲ့ဒါကတော့ သူမမှာ ရင်သွေးလေး လွယ်ထားနေရပြီဆိုတဲ့ သတင်းပါ။ 

Photo : စန္ဒီမြင့်လွင် FB

အဆိုတော် စန္ဒီမြင့်လွင်က နှစ်သစ်မှာ ပရိသတ်တွေအတွက် ပျော်စရာ သတင်းလေးတစ်ခု ပြောပြလိုက်ပါတယ်။ အဲ့ဒါကတော့ သူမမှာ ရင်သွေးလေး လွယ်ထားနေရပြီဆိုတဲ့ သတင်းပါ။ အဲ့သတင်းကို စန္ဒီမြင့်လွင်က သူမရဲ့ အင်စတာရမ်မှာ ဇန်နဝါရီ (၁) ရက်နေ့က ရေးသားထားတာပါ။

“Happy new year to you all” ဆိုတဲ့ စာလေးရေးထားရင် ultrasound ရိုက်ထားတဲ့ ပုံလေးကို တင်ထားတာပါ။

Photo : စန္ဒီမြင့်လွင် FB

သူမ ရင်သွေးလေး လွယ်ထားရပြီဆိုတဲ့ သတင်းကြောင့် ပရိသတ်တွေကော သူတို့ရဲ့ မိတ်ဆွေအပေါင် းအသင်းတွေအားလုံး ဂုဏ်ယူလို့ နေကြပါ တယ်။ သူတို့ဇနီးမောင်နှံက ရင်သွေးလေး လိုချင်နေတာ ကြာပါပြီ။ အခုတော့ သူတို့နှစ်ဦးရဲ့ ဆန္ဒတွေ ပြည့်ဝသွားခဲ့ပါပြီ။

Photo : စန္ဒီမြင့်လွင် FB

စန္ဒီမြင့်လွင်ဟာ ချစ်သူ ကိုသီဟလွင်နဲ့ မတ်လ(၄) ရက်နေ့က တော်ဝင်ဂါးဒင်းဟိုတယ်မှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ မင်္ဂလာလက်မှတ်ထိုးပွဲကို နှစ်ဖက်မိဘများနဲ့ ရိုးရိုးရှင်းရှင်းလေး ပြုလုပ်ခဲ့ပေမယ့် မတ်လ(၁၁) ရက်နေ့က ပြုလုပ်ခဲ့တဲ့ မင်္ဂလာဧည့်ခံပွဲကတော့ ဂီတနဲ့ ရုပ်ရှင်နယ်ပယ်က အနုပညာရှင်တွေနဲ့ စည်ကားခဲ့တဲ့ မင်္ဂလာဧည့်ခဲ့ပွဲတစ်ခု ဖြစ်ခဲ့ပါတယ်။

Photo : စန္ဒီမြင့်လွင် FB

သူတို့မင်္ဂလာပွဲမှာ သတို့သား၊ သတို့သမီးအရန် များအဖြစ် မင်းသွေး၊ အားတီ၊ X Box ၊ ဆန်းတိုးနိုင်၊ အေးမြတ်သူ၊ အိချောပို၊ မေမြင့်မိုရ်နှင့် ဂျင်းနီတို့ က ပါဝင်ကူညီခဲ့ပြီးသင်ဇာဝင့်ကျော်နှင့် စိုးပြည့်သဇင်တို့က ပန်းကြဲများအဖြစ် ပါဝင်ပေးခဲ့ကြတာပါ။အဲ့ဒီနောက် မင်္ဂလာညစာစားပွဲကို မတ်လ(၁၂) ရက်နေ့မှာ နိုဗိုတယ်ဟိုတယ်တွင် အနုပညာမောင်နှမများ၊ မိတ်ဆွေများနဲ့အတူ ပျော်ရွှင်စွာ ပြုလုပ်ခဲ့ပါတယ်။

Share

Loading Next Article...
က္က